သင့်ချစ်သူက သင့်အပေါ်မှာလေးစားမှုရှိရဲ့လား

လောကကြီးမှာအချစ်တစ်ခုတည်းနဲ့မပြီးမြောက်နိုင်တာတွေအများကြီးပါ။ အချစ်ဟာ စချစ်ပြီးတဲ့အချိန်ကစပြီး ကြာလေအရေးမပါတော့လေပါပဲ။ လက်ထပ်ပြီးရင်ပိုဆိုးပါတယ်။ ချစ်သက်တမ်းအနည်းငယ်ကြာပြီိဆိုရင်တောင်အချစ်ဟာအလိုလိုနောက်ရောက်သွားပြီးတစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင်ညှိနှိုင်းနေရေးဟာ ပထမအဓိကအရေးအကြီိးဆုံးအရာဖြစ်လာပါတယ်။ ဘဝမှာအခက်အခဲတွေနဲ့ကြုံတဲ့အခါ မမြင်ရတဲ့ကံကြမ္မာရဲ့ရိုက်ပုတ်မှုကိုခံရတဲ့အခါ ကိုယ်လက်တွဲထားတဲ့သူက ကိုယ့်ကိုလေးစားနေဖို့ကအရေးကြီးပါတယ်။ အဲဒါမှ မလိုလားအပ်တဲ့အထင်အမြင်လွဲမှားမှုတွေမရှိပဲ အေးချမ်းဆိတ်ငြိမ်စွာ ဘဝကိုဖြတ်သန်းနိုင်မှာပါ။ သင့်ချစ်သူက သင့်ကိုလေးစားမှုရှိရဲ့လားဆိုတာ အောက်ပါအချက်လေးတွေနဲ့ဆန်းစစ်လိုက်ပါ။

 

သူက သင့်စကားတွေဂရုစိုက်နားထောင်လား

သူက သင်နဲ့အတူရုပ်ရှင်ကြည့်ဖို့ လျှောက်လည်ဖို့လောက်ပဲအာရုံရတာလား။ဒါမှမဟုတ်တိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီး သင်နဲ့ စကားဖောင်ဖွဲ့ဖို့အာသီိသရှိတာလား။ လျှောက်လည်ဖို့လောက်ပဲအာရုံရနေရင်တော့ သင့်ကိုအပျင်းပြေလောက်ပဲသဘောထားတာဖြစ်နိုင်ပြီး နက်နဲတဲ့လေးစားမှုရှိဖို့ခဲယဉ်းပါတယ်။ သင်နဲ့စကားတွေရေပက်မဝင်အောင်ပြောနေချင်တာ သင့်အတွေးအမြင်တွေကိုနားထောင်ချင်တာဆိုရင်တော့ သူ့မှာသင့်အတွက် ထုထည်ကြီးမားနက်ရှိုင်းတဲ့လေးစားမှုရှိတယ်ဆိုတဲ့သဘောပါ။

 

သူက သင့်ဖုန်းကိုယူစစ်ဆေးလေ့ရှိလား

အမှန်တော့ရည်းစားတွေကြားထဲမှာ ဖုန်းကိုယူကြည့်တာ၊social media account တွေအတွက် password တွေအချင်းချင်းလဲလှယ်တာတွေဟာ အမှန်တော့ အချစ်ကိုဗန်းပြပြီးကိုယ့်အတ္တကိုအစာကျွေးနေကြတာ၊ကြိုးစတွေကိုအချစ်လို့နာမည်ပေးပြီိး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အရေပြားတွေပွန်းပဲ့နေအောင် တင်းကြပ်စွာချည်နှောင်ပြီး စိတ်လုံခြုံမှုရှာဖွေနေကြတာသက်သက်ပါပဲ။ Passwords တွေပေးပြီးမှ ယုံကြည်ရတဲ့ relationship တွေဟာဘာအနှစ်သာရမှမရှိ။သူက သင့်ဖုန်းကိုယူစစ်တတ်တယ်၊သင်လည်းသူ့ဖုန်းကိုယူစစ်တာပဲ ဒါ mutual actions တွေပဲဆိုရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုယ်ပဲပေါ့လေ။ ဒါမှမဟုတ် သူတစ်ယောက်တည်းကပဲသင့်ဖုန်းကိုယူစစ်ဆေးနေတာဆိုရင်တော့ သင့်အပေါ်မှာထားရမယ့် လုံလောက်တဲ့လေးစားမှုမျိုးသူ့မှာမရှိဘူးလို့ပြောလို့ရပါတယ်။ သူ သင့်ကိုလေးစားကောင်းလေးစားပါလိမ့်မယ်။ဒါပေမယ့် အဲဒီလေးစားမှုက သင့်ရဲု့ကိုယ်ရေးကိုယ်တာကိုမချိုးဖောက်မိစေဖို့ထိန်းချုပ်ခြင်းငှာမစွမ်းသာပါဘူး။

 

သူက သင့်ကို အရေးကြီးပုဂ္ဂိုလ်တွေနဲ့မိတ်ဆက်ပေးလား

အရေးကြီိးပုဂ္ဂိုလ်ဆိုရာမှာ သူ့ရဲ့အဖေအမေ၊ဆရာသမားကအစ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းပါဝင်ပါတယ်။ သူက သင့်ကိုမိတ်ဆက်ပေးဖို့မတွန့်ဆုတ်ဘူးဆိုရင် သင်ကသူ့ကိုမျက်နှာပျက်အောင်လုပ်မှာမဟုတ်ဘူးလို့ယုံကြည်လို့ပါ။ ချစ်ခင်ရုံမက လေးစားမှုလည်းရှိလို့ဖြစ်ပါတယ်။မိတ်ဆက်မပေးဘူးဆိုရင်တော့…။ကိုယ်က အလေးစားခံချင်ရင်လေးစားနိုင်လောက်တဲ့အပြုအမူတွေကိုယ့်မှာရှိနေဖို့လည်းလိုအပ်ပါတယ်။

 

သူက သင့်ကိုအရေးကြီးကိစ္စတွေဖွင့်ဟတိုင်ပင်လေ့ရှိလား

သူ့ရဲ့ဘဝရှေ့ရေးတို့၊အလုပ်ကိစ္စတို့၊အိမ်တွင်းရေးတို့။ ချစ်သူဖြစ်ပြီိးငါးလလောက်အကြာဆိုရင် ဒါတွေက ဖွင့်ဟပြောလို့ကောင်းတဲ့အကြောင်းအရာတွေဖြစ်နေပါပြီိ။ သင်တို့ရဲ့ချစ်သူသက်တမ်းမှာ သူကတစ်ခါမှသင့်ကိုအရေးကြီိးကိစ္စတွေဖွင့်ဟတိုင်ပင်ခြင်းမရှိဘူး၊ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်ပစ်လိုက်တာမျိုးပဲဆိုရင်တော့ တစ်ခုခုမှားနေပါပြီ။သင့်ဘက်ကပဲအရင် တိုင်ပင်ခွင့်တောင်းဖို့တွေပျက်ကွက်ခဲ့လို့လား၊ဒါမှမဟုတ် သူက လွပ်လွပ်လပ်လပ်နေတတ်တဲ့သူဖြစ်လို့လား။ လွပ်လွပ်လပ်လပ်နေတတ်တဲ့သူ၊အချုပ်အနှောင်မခံချင်တဲ့သူဆိုရင် ရည်းစားမထားပါနဲ့။ ရည်းစားထားရင်တော့ ရည်းစားတစ်ယောက်ရဲ့ တာဝန်ယူမှုတွေပြုလုပ်ရမှာပါပဲ။

 

သူ့ရဲ့ပြုမူဆက်ဆံပုံ

ဒါကတော်တော်အရေးကြီးပါတယ်။သူကသင့်ကိုလူကြားထဲမှာအော်လေ့ရှိလား။ဒါမှမဟုတ် သူငယ်ချင်းတွေကြားထဲမှာအရေးမပါသလိုဆက်ဆံလေ့ရှိလား။ သင့်ကိုဂရုစိုက်ကြင်နာမှုမျိုးပြရဲ့လား။ဒါတွေက ဘေးလူတွေအတွက်သိပ်မသိသာဘူးဆိုရင်တောင် သင့်အတွက်ကတော့ စိတ်ထဲကနေအလိုလိုခံစားမိနေနိုင်တဲ့အရာတွေပါ။ ချစ်သူဘဝမှာတောင်သင့်ချစ်သူကသင့်ကိုလေးစားမှုမပြဘူးဆိုရင် အိမ်ထောင်သည်ဘဝမှာတော့ ဝေးသွားပါပြီ။

 

ခုပြောပြသွားတာတွေကတော့သင့်ချစ်သူကသင့်အပေါ်မှာလေးစားသမှုရှိရဲ့လားဆိုတာ ဆန်းစစ်ကြည့်နိုင်မယ့် မေးခွန်းအနည်းငယ်ပဲဖြစ်ပါတယ်။ အချစ်နဲ့လေးစားမှုဆိုတာ နေရာတော်တော်များများမှာဒွန်တွဲနေလေ့ရှိတာမို့ သင်ကံကောင်းပါစေပေါ့။

 

Unicode Format






သူက သငျ့ကို အရေးကွီးပုဂ်ဂိုလျတှနေဲ့မိတျဆကျပေးလား







163 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.