မင်းသမီး Bae Doona နဲ့ မင်းသား Son Suk Gu တို့ ဒိတ်သတင်းထွက်ပေါ်
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Bae Doona နဲ့ မင်းသား Son Suk Gu တို့ဟာ ချစ်သူတွေဖြစ်နေကြတယ်လို့ မကြာသေးခင်အချိန်ပိုင်းက ကောလဟာလသတင်းထွက်ရှိလာခဲ့ပါတယ်။ပေါ်ထွက်လာတဲ့သတင်းတွေအရတော့ မင်းသမီး
Bae Doona နဲ့ မင်းသား Son Suk Gu တို့က ၂၀၁၇ တည်းက စတွဲနေကြတာဖြစ်ပါတယ်တဲ့။
သူတို့နှစ်ယောက်ဟာ Netflix ရဲ ့ Sense8 Season 2 မှာစတွေ့ခဲ့ကြတာဖြစ်ပါတယ်။Bae Doona ဟာ Son Suk Gu ထက် အသက် ၄နှစ်ပိုကြီးသလို သရုပ်ဆောင်တဲ့အခါမှာလည်း အကြံဉာဏ်တွေ ပေးလေ့ရှိပါတယ်တဲ့။ဒါ့အပြင် မင်းသား Son Suk Gu ဟာ Bae Doona ရဲ ့အေဂျင်စီ Saetbyul-dang Entertainment နဲ့လက်တွဲအလုပ်လုပ်ခဲ့တယ် လို့ သိရပါတယ်။Sense8 Season 2 ကတော့ဇွန်လကုန်လောက်မှာထုတ်လွှင့်ပြသ သွားမှာဖြစ်ပါတယ်။
နှစ်ယောက်သားဟာ မကြာခဏအပြင်အတူထွက်လေ့ရှိပြီး သူတို့နှစ်ယောက်ရဲ ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင်လေ့ရှိပြီး အဲ့ဒီအတွက်လည်းစိတ်မသိုးမသန့်ဖြစ်ပုံမရပါဘူး။ သက်တောင့်သက်သာပါပဲ။အဲ့ဒီလို နှစ်ယောက်တွဲဓာတ်ပုံတွေတင်ခဲ့တာကြောင့်ပဲ အခုလိုဒိတ်သတင်းကောလဟာလထွက်ရှိလာခဲ့တာဖြစ်နိုင်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး သူတို့ရဲ ့အေဂျင်စီက “တကယ်တော့ Bae Doona နဲ့ Son Suk Gu တို့ရဲ ့သတင်းက အမှန်မဟုတ်ပါဘူး။သူတို့ကအေဂျင်စီတစ်ခုတည်းမှာအလုပ်လုပ်နေကြတဲ့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေသာဖြစ်ပါတယ်”ဖြေရှင်းခဲ့ပါတယ်။
အခုလက်ရှိမှာတော့မင်းသမီး Bae Doona ဟာ Kingdomဒရာမာဇာတ်လမ်းတွဲအတွက်ပြင်ဆင် ရိုက်ကူးနေပြီး သူမရဲ ့ရုပ်ရှင်ကားသစ် Drug King ဟာဒီနှစ်ထဲမှာထွက်ရှိမှာဖြစ်ပါတယ်။မင်းသား Son Suk Gu ကိုတော့ KBS ရုပ်သံဌာနက ရိုက်ကူးနေတဲ့ “Suit” ဇာတ်ကားမှာ David Kim အဖြစ်မြင်တွေ့ရမှာဖြစ်သလို Mother ဇာတ်ကားထဲမှာလည်းမြင်တွေ့နိုင်ပါတယ်။”Suit” ဇာတ်ကားမှာတော့ ၀ါရင့်အနုပညာရှင်ဖြစ်တဲ့ Jang Dong Gun မင်းသား Park Hyung Sik ၊ မင်းသမီး Ko Sung-hee ၊ Chae Jung-an ၊ Jin Hee-kyung တို့နဲ့အတူသရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ပါတယ်။
107 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.