ကိုယ္႔ခ်စ္သူေကာင္ေလးနဲ႕ေတြ႕ဆံုတုိင္းစိတ္မလံုမျခံဳျဖစ္တတ္ျကတဲ႔ေကာင္မေလးေတြဆိုတာ

မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားဟာ တစ္စံုတစ္ေယာက္နဲ႕တကယ္ျကီးခ်စ္မိသြားတဲ႔အခါကိုယ္ခ်စ္တဲ႔ခ်စ္သူအေပၚ ရင္းနွီးကၽြမ္း၀င္သြားျပီး သူတို႕ရဲ႕ကိစၥေသးေသးေလးကအစေျပာျပတတ္တာမ်ိဳး၊ အေဖလုိအစ္ကို လုိဂုဏ္ယူ၀ံ့ျကြားစြာအားကိုးတတ္တာမ်ိဳးေတြ လုပ္တတ္ျကပါတယ္။ ဒီလုိမဟုတ္ပဲ ေကာင္မေလးတစ္ေယာက္ကသူ႕ေကာင္ေလးနဲ႕ေတြ႕ဆံုခ်ိန္တိုင္းမွာစိတ္မလံုမျခံဳျဖစ္ရတာေတြ စိတ္က်ဥ္းက်ပ္ေနရတာမ်ိဳးေတြျကံုေတြ႕ေနရျပီဆိုရင္တာ႔ ဒီလိုျဖစ္ရတဲ႔အေျကာင္းရင္းကဘာေတြလဲဆုိတာျကည္႔ရေအာင္….
(၁) ေကာင္ေလးဆီကအခ်စ္ေတြကိုအျပည္႔၀မခံစားရလို႕
ကိုယ္႔ခ်စ္သူဆီကလုိအပ္တဲ႔ခ်စ္ျခင္းေမတၱာေတြကိုအျပည္႔အ၀မခံစားရတဲ႔ မိန္းကေလးေတြဟာ သူငါ႔အေပၚမွာတကယ္ေရာခ်စ္လို႕လားဆိုတဲ႔စိတ္နဲ႕အခ်ိန္တိုင္းရွင္သန္ေနတတ္ျကပါတယ္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ပါးစပ္ကေနခ်စ္ပါတယ္ လုိ႕ဆိုလာတဲ႔အရာထက္ လက္ေတြ႕က်က်
ခ်စ္ျပတတ္တာမ်ိဳးကိုပိုသေဘာက်တတ္ျကတာပါ။ ခ်စ္တယ္ခဏခဏေျပာစရာမလိုပဲေဘးလူကေတာင္သိသာေစတဲ႔အခ်စ္မ်ိဳးနဲ႕မွေပ်ာ္ရႊင္တတ္ျကတာမလုိ႕ ဒီလိုအျပည္႔အ၀ခ်စ္ေမတၱာကိုမခံစားရတဲ႔မိန္းကေလးေတြဟာ ခ်စ္သာခ်စ္ေနရတယ္မေပ်ာ္ရပါဘူး။
(၂) တစ္ျခားမိန္းကေလးေတြေကာင္းေျကာင္းသူ႕ေရွ႕အရမ္းေျပာလုိ႕
မိန္းမဆိုတာမ်ိဳးကတယ္ သ၀န္တိုစိတ္မ်ားတာ သဘာ၀ပဲမဟုတ္ပါလား။ သူတုိ႕ကလြဲလုိ႕တစ္ျခားမိန္းကေလးတစ္ေယာက္ကိုတစ္ခါလည္းမဟုတ္နွစ္ခါလည္းမဟုတ္ခ်ီးက်ဴးသံေတြျကားေနရျပီဆိုရင္ေတာ႔ အလုိလုိစိတ္အားငယ္စိတ္ေတြျဖစ္ေပၚလာျပီး အဲ႔ေကာင္ေလးနားမွာ ေနရတာစိတ္ညစ္လာတတ္ျကပါတယ္။ တစ္ျခားမိန္းကေလးကိုခ်ီးက်ဴးစကားေတြေျပာသံျကားတုိင္းလည္းငါကသူ႕ေလာက္ေတာင္ အျဖစ္မရွိဘူးလားဆုိတဲ႔ Depression မ်ိဳး၀င္လာေစျပီး စိတ္မလံုမျခံဳျဖစ္ေစပါတယ္။
(၃) တန္ဖိုးအထားမခံရလို႕
မိန္းကေလးတုိင္းသူတို႕ကိုတန္ဖိုးထားတာကိုသေဘာက်တတ္ျကတာျကီးပါပဲ ။ အထူးသျဖင္႔ကိုယ္႔ခ်စ္သူရည္းစားဆီကေန တန္ဖိုးထားျကင္နာမႈကိုပိုျပီးလုိခ်င္တတ္ျကပါတယ္။ ဒီလုိတန္ဖိုးလည္းအထားမခံရျကင္နာရေကာင္းမွန္းလည္းမသိတဲ႔ ခ်စ္သူနားမွာေနရတဲ႔မိန္းကေလးေတြဟာ အခ်ိန္ျကာလာတာနဲ႕အမ်ွသူတုိ႕ကိုယ္သူတို႕ တန္ဖိုးမရွိဘူးလုိ႕ခံစားတတ္လာျကျပီး စိတ္ပင္ပန္းက်ဥ္းက်ပ္လာျကပါတယ္။
(၄) မခ်ီးမြမ္းလို႕
သူမ်ားအတြက္လွလွမလွလွ ကိုယ္႔ခ်စ္သူအတြက္ေတာ႔လွခ်င္ျကတဲ႔သူေတြျကီးပါပဲ။ ကိုယ္႔ခ်စ္သူေကာင္ေလးရဲ႕ေခ်ာတယ္လွတယ္ဆိုတဲ႔ခ်ီးက်ဴးစကားသံေတြေတာ္လိုက္တာ ခ်စ္စရာေကာင္းလုိက္တာလို႕ေျပာတဲ႔တီတီတာတာစကားလံုးေတြကို မျကားရတဲ႔မိန္းကေလးဟာ အခ်စ္ဆိုတာကိုဘာျကီးမွန္းေတာင္သိပ္မခံစားတတ္ေတာ႔ပါဘူး။ ကိုယ္ခ်စ္သူေရွ႕ေရာက္တုိင္းသူမ်ားကဲ႔ရဲ႕မလာငါဒီလုိ၀တ္ရင္ သူမ်ားျကိုက္ပါ႔မလားငါဒီလုိစားရင္ စသည္ျဖင္႕ကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈနည္းပါးလာျပီး စိတ္မလံုမျခံဳျဖစ္တတ္ျကပါတယ္။
(၅) လိုတာထက္ပိုအတၱျကီးလုိ႕
အတၱျကီးတဲ႔ေယာက်ၤားေလးနားမွာဘယ္မိန္းကေလးမွမေနေပ်ာ္ပါဘူး အေနက်ဥ္းက်ပ္ျပီး ဘာလုပ္လုပ္သူအျပစ္ပဲေျပာမွာပဲလုိ႕ေတြးေတာေနတတ္ျပီး တစ္ခုခုေျပာရမွာ တစ္ခုခု လုပ္ရမယ္ဆုိရင္ေတာင္အသိေပးဖုိ႕ခက္ေျကာက္ေျကာက္ျဖစ္ေနတတ္ပါတယ္။ ဒီလုိနားလည္မႈမရွိပဲ အတၱျကီးလြန္းတဲ႔ေယာက်ၤားေလးေတြနားမွာေနရတဲ႔မိန္းကေလးေတြဟာ အလုိလုိစိတ္မေအးခ်မ္းျဖစ္ေစပါတယ္။
ဆုိေတာ႔ မိန္းကေလးေတြဟာ ဒီလုိေကာင္ေလးေတြနားမွာခ်စ္သူအျဖစ္ေနရတာဟာ ခ်စ္သာခ်စ္ေနရတယ္စိတ္ေပ်ာ္ရႊင္မႈမရွိစိတ္လံုျခံဳေအးျမမႈမရွိတာေတြျဖစ္ေစနိုင္တာမလို႕ ဒီလိုစိတ္ညစ္ခံေနမဲ႔အစား ကိုယ္႔ကိုယ္လိုအပ္တဲ႔ သူေတြနားသာရွင္သန္ရင္းအခ်ိန္ေတြကိုကုန္ဆံုးနုိင္ျကပါေစလုိ႕ဆုေတာင္းေပးလုိက္ပါတယ္…

Unicode

မိန်းကလေးတွေတော်တော်များများဟာ တစ်စုံတစ်ယောက်နဲ့တကယ်ကြီးချစ်မိသွားတဲ့အခါကိုယ်ချစ်တဲ့ချစ်သူအပေါ် ရင်းနှီးကျွမ်းဝင်သွားပြီး သူတို့ရဲ့ကိစ္စသေးသေးလေးကအစပြောပြတတ်တာမျိုး၊ အဖေလိုအစ်ကို လိုဂုဏ်ယူဝံ့ကြွားစွာအားကိုးတတ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုမဟုတ်ပဲ ကောင်မလေးတစ်ယောက်ကသူ့ကောင်လေးနဲ့တွေ့ဆုံချိန်တိုင်းမှာစိတ်မလုံမခြုံဖြစ်ရတာတွေ စိတ်ကျဉ်းကျပ်နေရတာမျိုးတွေကြုံတွေ့နေရပြီဆိုရင်တာ့ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကဘာတွေလဲဆိုတာကြည့်ရအောင်….
(၁) ကောင်လေးဆီကအချစ်တွေကိုအပြည့်ဝမခံစားရလို့
ကိုယ့်ချစ်သူဆီကလိုအပ်တဲ့ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝမခံစားရတဲ့ မိန်းကလေးတွေဟာ သူငါ့အပေါ်မှာတကယ်ရောချစ်လို့လားဆိုတဲ့စိတ်နဲ့အချိန်တိုင်းရှင်သန်နေတတ်ကြပါတယ်။ မိန်းကလေးတော်တော်များများဟာ ပါးစပ်ကနေချစ်ပါတယ် လို့ဆိုလာတဲ့အရာထက် လက်တွေ့ကျကျ
ချစ်ပြတတ်တာမျိုးကိုပိုသဘောကျတတ်ကြတာပါ။ ချစ်တယ်ခဏခဏပြောစရာမလိုပဲဘေးလူကတောင်သိသာစေတဲ့အချစ်မျိုးနဲ့မှပျော်ရွှင်တတ်ကြတာမလို့ ဒီလိုအပြည့်အဝချစ်မေတ္တာကိုမခံစားရတဲ့မိန်းကလေးတွေဟာ ချစ်သာချစ်နေရတယ်မပျော်ရပါဘူး။
(၂) တစ်ခြားမိန်းကလေးတွေကောင်းကြောင်းသူ့ရှေ့အရမ်းပြောလို့
မိန်းမဆိုတာမျိုးကတယ် သဝန်တိုစိတ်များတာ သဘာဝပဲမဟုတ်ပါလား။ သူတို့ကလွဲလို့တစ်ခြားမိန်းကလေးတစ်ယောက်ကိုတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ချီးကျူးသံတွေကြားနေရပြီဆိုရင်တော့ အလိုလိုစိတ်အားငယ်စိတ်တွေဖြစ်ပေါ်လာပြီး အဲ့ကောင်လေးနားမှာ နေရတာစိတ်ညစ်လာတတ်ကြပါတယ်။ တစ်ခြားမိန်းကလေးကိုချီးကျူးစကားတွေပြောသံကြားတိုင်းလည်းငါကသူ့လောက်တောင် အဖြစ်မရှိဘူးလားဆိုတဲ့ Depression မျိုးဝင်လာစေပြီး စိတ်မလုံမခြုံဖြစ်စေပါတယ်။
(၃) တန်ဖိုးအထားမခံရလို့
မိန်းကလေးတိုင်းသူတို့ကိုတန်ဖိုးထားတာကိုသဘောကျတတ်ကြတာကြီးပါပဲ ။ အထူးသဖြင့်ကိုယ့်ချစ်သူရည်းစားဆီကနေ တန်ဖိုးထားကြင်နာမှုကိုပိုပြီးလိုချင်တတ်ကြပါတယ်။ ဒီလိုတန်ဖိုးလည်းအထားမခံရကြင်နာရကောင်းမှန်းလည်းမသိတဲ့ ချစ်သူနားမှာနေရတဲ့မိန်းကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှသူတို့ကိုယ်သူတို့ တန်ဖိုးမရှိဘူးလို့ခံစားတတ်လာကြပြီး စိတ်ပင်ပန်းကျဉ်းကျပ်လာကြပါတယ်။
(၄) မချီးမွမ်းလို့
သူများအတွက်လှလှမလှလှ ကိုယ့်ချစ်သူအတွက်တော့လှချင်ကြတဲ့သူတွေကြီးပါပဲ။ ကိုယ့်ချစ်သူကောင်လေးရဲ့ချောတယ်လှတယ်ဆိုတဲ့ချီးကျူးစကားသံတွေတော်လိုက်တာ ချစ်စရာကောင်းလိုက်တာလို့ပြောတဲ့တီတီတာတာစကားလုံးတွေကို မကြားရတဲ့မိန်းကလေးဟာ အချစ်ဆိုတာကိုဘာကြီးမှန်းတောင်သိပ်မခံစားတတ်တော့ပါဘူး။ ကိုယ်ချစ်သူရှေ့ရောက်တိုင်းသူများကဲ့ရဲ့မလာငါဒီလိုဝတ်ရင် သူများကြိုက်ပါ့မလားငါဒီလိုစားရင် စသည်ဖြင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလာပြီး စိတ်မလုံမခြုံဖြစ်တတ်ကြပါတယ်။
(၅) လိုတာထက်ပိုအတ္တကြီးလို့
အတ္တကြီးတဲ့ယောကျင်္ားလေးနားမှာဘယ်မိန်းကလေးမှမနေပျော်ပါဘူး အနေကျဉ်းကျပ်ပြီး ဘာလုပ်လုပ်သူအပြစ်ပဲပြောမှာပဲလို့တွေးတောနေတတ်ပြီး တစ်ခုခုပြောရမှာ တစ်ခုခု လုပ်ရမယ်ဆိုရင်တောင်အသိပေးဖို့ခက်ကြောက်ကြောက်ဖြစ်နေတတ်ပါတယ်။ ဒီလိုနားလည်မှုမရှိပဲ အတ္တကြီးလွန်းတဲ့ယောကျင်္ားလေးတွေနားမှာနေရတဲ့မိန်းကလေးတွေဟာ အလိုလိုစိတ်မအေးချမ်းဖြစ်စေပါတယ်။
ဆိုတော့ မိန်းကလေးတွေဟာ ဒီလိုကောင်လေးတွေနားမှာချစ်သူအဖြစ်နေရတာဟာ ချစ်သာချစ်နေရတယ်စိတ်ပျော်ရွှင်မှုမရှိစိတ်လုံခြုံအေးမြမှုမရှိတာတွေဖြစ်စေနိုင်တာမလို့ ဒီလိုစိတ်ညစ်ခံနေမဲ့အစား ကိုယ့်ကိုယ်လိုအပ်တဲ့ သူတွေနားသာရှင်သန်ရင်းအချိန်တွေကိုကုန်ဆုံးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…

762 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.