တဲြခဲ့တဲ့လူေတြက ကိုရီးယားလူမ်ဳိးေတြမဟုတ္ဘူးလို႔ ဝန္ခံခဲ့တဲ့ Sandra Park

2NE1 အဖဲြ႔ဝင္ Sandra Park ကေတာ့ သူမရဲ႕အခ်စ္ေရးအေၾကာင္းကို တည္ျငိမ္စြာနဲ႔ပဲ
ေျဖဆိုသြားခဲ့ပါတယ္။Livin’ the Double Life ႐ႈိးအစီစဥ္မွာ Sandra Park က သူမရဲ႕အရင္Relationship နဲ႔ပတ္သတ္ျပီး ပရိတ္သတ္ေတြကို ေျပာျပခဲ့ပါတယ္။

CL က ကိုရီးယားဘာသာစကားထက္ အဂၤလိပ္လိုေျပာရတာ ပိုျပီးသေဘာက်ေၾကာင္း ေျပာေနရင္းနဲ႔ Yoo Se Yoon က Sandra ေရာ အဂၤလိပ္ဘာသာစကားကို ႏွစ္သက္လားေမးေတာ့ ..

ၾကိဳက္ပါတယ္။ သိပ္ေတာ့မေျပာႏုိင္ဘူးေပါ့ ။ဖိလစ္ပုိင္မွာ ၁ဝႏွစ္ေက်ာ္ေလာက္ ေနလာေတာ့ ဖိလစ္ပုိင္စကားကိုပိုျပီးရင္းႏွီးေနတယ္။ ေကာင္းေကာင္းေျပာတတ္တယ္လို႔ ဆိုပါတယ္။ Tagalog ဘာသာစကားက သူမကိုပုိျပီး သက္ေတာင့္သက္သာျဖစ္ေစပါတယ္တဲ့။

သူမအရင္ရည္းစားကလည္း Tagalog စကားကိုသိပ္ကၽြမ္းတယ္လို႔သိရပါတယ္။ ” Tagalog နဲ႔ပတ္သတ္ျပီး ကၽြန္မမွာ အေတြ႔အၾကံဳအမ်ားၾကီး႐ွိပါတယ္။ အရင္ကဆို ကုိရီးယားလူမ်ဳိးနဲ႔ ဒိတ္ခဲ့တာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္လည္း ကိုယ့္ကိုယ္ကိုယ္ အားမရျဖစ္မိတယ္ ” – Sandra Park

Sandra က သူမ Relationship အေၾကာင္းကို ပြင့္ပြင့္လင္းလင္းေျပာျပတာ ဒါပထမဆံုးမဟုတ္ပါဘူး။ သူမရဲ႕အခ်စ္ဦးနဲ႔လမ္းခဲြတုန္းက ခက္ခက္ခဲခဲအခ်ိန္ေတြကိုျဖတ္သန္းခဲ့ရေၾကာင္း ေျပာခဲ့ဖူးပါတယ္။ အခုခ်ိန္ထိ ကိုရီးယားလူမ်ဳိးတစ္္ေယာက္ေယာက္နဲ႔ မဒိတ္ဖူးေသးတဲ့ Sandra Park ကို ပရိတ္သတ္ေတြကေတာ့ အံ့ၾသတၾကီးျဖစ္ေနပါတယ္။

(Unicode)

2NE1 အဖွဲ့ဝင် Sandra Park ကတော့ သူမရဲ့အချစ်ရေးအကြောင်းကို တည်ငြိမ်စွာနဲ့ပဲ
ဖြေဆိုသွားခဲ့ပါတယ်။Livin’ the Double Life ရှိုးအစီစဉ်မှာ Sandra Park က သူမရဲ့အရင်Relationship နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို ပြောပြခဲ့ပါတယ်။

CL က ကိုရီးယားဘာသာစကားထက် အင်္ဂလိပ်လိုပြောရတာ ပိုပြီးသဘောကျကြောင်း ပြောနေရင်းနဲ့ Yoo Se Yoon က Sandra ရော အင်္ဂလိပ်ဘာသာစကားကို နှစ်သက်လားမေးတော့ ..

ကြိုက်ပါတယ်။ သိပ်တော့မပြောနိုင်ဘူးပေါ့ ။ဖိလစ်ပိုင်မှာ ၁ဝနှစ်ကျော်လောက် နေလာတော့ ဖိလစ်ပိုင်စကားကိုပိုပြီးရင်းနှီးနေတယ်။ ကောင်းကောင်းပြောတတ်တယ်လို့ ဆိုပါတယ်။ Tagalog ဘာသာစကားက သူမကိုပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်တဲ့။

သူမအရင်ရည်းစားကလည်း Tagalog စကားကိုသိပ်ကျွမ်းတယ်လို့သိရပါတယ်။ ” Tagalog နဲ့ပတ်သတ်ပြီး ကျွန်မမှာ အတွေ့အကြုံအများကြီးရှိပါတယ်။ အရင်ကဆို ကိုရီးယားလူမျိုးနဲ့ ဒိတ်ခဲ့တာမဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မိတယ် ” – Sandra Park

Sandra က သူမ Relationship အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြတာ ဒါပထမဆုံးမဟုတ်ပါဘူး။ သူမရဲ့အချစ်ဦးနဲ့လမ်းခွဲတုန်းက ခက်ခက်ခဲခဲအချိန်တွေကိုဖြတ်သန်းခဲ့ရကြောင်း ပြောခဲ့ဖူးပါတယ်။ အခုချိန်ထိ ကိုရီးယားလူမျိုးတစ််ယောက်ယောက်နဲ့ မဒိတ်ဖူးသေးတဲ့ Sandra Park ကို ပရိတ်သတ်တွေကတော့ အံ့သြတကြီးဖြစ်နေပါတယ်။

133 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.