လူသိနည္းေသးတဲ႔ အာလူးရဲ ႔အသံုး၀င္ပံုနည္းလမ္းအမ်ိဳးမ်ိဳးအေထြေထြ…

အာလူးကုိဟင္းခ်က္ျပဳတ္စားေသာက္စရာတစ္ခုအျပင္ တစ္ျခားအသံုး၀င္တဲ့နည္းလမ္းေတြ ရွိေသးတာကိုလည္း သိျပီးသားျဖစ္ၾကမွာပါ။အဲ႔ဒီထဲမွာမွ သင္သိထားတဲ႔အာလူးရဲ ႔အသံုး၀င္ပံု နည္းလမ္းေတြအျပင္ အမ်ားၾကီး က်န္ေနပါေသးတယ္။ဘာေတြလဲဆုိရင္…

၁)သံေခ်းတက္တာကုိဖယ္ရွားပစ္ႏုိင္တယ္
ဒယ္ပုိင္း၊ဒယ္အုိးေတြမွာသံေခ်းတက္ေနတာေတြ ေတြ႔တဲ႔အခါမွာ အာလူးကုိသတိရလိုက္ပါ။ ပထမဆံုး အာလူးကုိထက္ျခမ္းျခမ္းလုိက္ပါ။ျပီးေတာ့ မုန္႔ဖုတ္ဆုိဒါအနည္းငယ္၊ဆား၊ ဒါမွမဟုတ္ ဆပ္ျပာမႈန္႔အနည္းငယ္ကုိ ေရာပါ။ျပီးရင္အာလူးျခမ္းနဲ႔အဲ႔ဒီအရည္ကုိယူျပီးသံေခ်းတက္ေနတဲ႔ေနရာ ကုိ ပြတ္တိုက္ပါ။အာလူးမွာပါ၀င္တဲ႔အစြမ္းသတိၱေတြေၾကာင့္ သံေခ်းေတြေျပာင္စင္သြားပါလိမ့္မယ္။ သံေခ်းေတြမေျပာင္မျခင္း ထပ္တလဲလဲလုပ္ေပးပါ။ျပီးရင္ေတာ့ ေရနဲ႔ေသခ်ာသန္႔စင္
ေဆးေၾကာလိုက္လို႔ရပါျပီ။

၂)ေနေလာင္ဒဏ္ရာကုိကုသႏုိင္တယ္
ေနေလာင္ဒဏ္ရာအတြက္မရွိမျဖစ္လိုအပ္တာကေတာ့ အာလူးတစ္လံုးပါပဲ။အာလူးတစ္လံုး ၊ႏွစ္လံုးကုိ ပါးပါးလွီးျပီး ေနေလာင္ဒဏ္ရာေပၚမွာ ကပ္ေပးပါ။ဒါမွမဟုတ္ အာလူးေတြ ကိုၾကိတ္ေခ်ျပီး အရည္ကုိ ဂြမ္းေလးနဲ႔ဆြတ္ျပီး ေနေလာင္ဒဏ္ရာေပၚကုိလိမ္းေပးပါ။ဒါက ပုိျပီးထိေရာက္ကာ အေရျပားကုိ ျမန္ျမန္ဆန္ဆန္ျပန္ေကာင္းလာေစပါတယ္။အာလူးရည္ကုိ ေန႔တိုင္းပံုမွန္လိမ္းေပးရင္ေနေလာင္ဒဏ္ရာေပ်ာက္ကင္းသြားပါလိ့မ္မယ္။

၃)ခ်ည္ထည္ေပၚကအစြန္းအထင္းေတြေပ်ာက္ေစတယ္
တကယ္လို႔သင့္အၾကိဳက္ဆံုးခ်ည္ထည္အ၀တ္အစားေပၚမွာ အစြန္းအထင္းေတြျဖစ္ေနခဲ႔ရင္ အာလူးကုိသံုးေပးႏုိင္ပါတယ္။အာလူးအနည္းငယ္ကုိေရေဆးလိုက္ပါ။ျပီးရင္ အေခ်ာင္းေလး ေတြျဖစ္ေအာင္ပါးပါးလွီး၊ေရအနည္းငယ္နဲ႔ေရာစိမ္ပါ။စိမ္ျပီးရင္ အာလူးေတြကုိဖယ္ထုတ္ျပီး ေရဆတူထပ္ထည့္ပါ။၁၅မိနစ္ေလာက္ေစာင့္ေပးပါ။၁၅မိနစ္ျပည့္ရင္ေတာ့ေဖာ့တံုးေလးယူျပီး အာလူးေရနဲ႔ အစြန္းအထင္းေနရာကုိပြတ္တိုက္ဖယ္ရွားလိုက္ပါ။အားလံုးျပီးရင္ ေရသန္႔နဲ႔ေဆးခ်လို႔ရပါျပီ။

၄)ေငြထည္ပစၥည္းေတြကုိအသစ္အတုိင္းျပန္ျဖစ္ေစတယ္
ေငြထည္ဇြန္းေတြ၊ခြက္ေတြရွိလုိ႔ အေရာင္ေတြမွိန္လာျပီဆိုရင္ အသစ္အတိုင္းျပန္ျဖစ္ေအာင္ အာလူးကုိသံုးေပးႏုိင္ပါတယ္။အာလူးအနည္းငယ္ကုိျပဳတ္လိုက္ပါ။အာလူးေတြက်က္သြားရင္ ဖယ္ျပီး အာလူးေရေတြပဲက်န္ပါေစ။အာလူးေရေတြပဲက်န္ခဲ႔တဲ႔အခါ အေရာင္ေတာက္ခ်င္တဲ ႔ေငြထည္ပစၥည္းေတြကုိ အာလူးေရထဲထည့္လုိက္ပါ။တစ္နာရီေလာက္ၾကာေအာင္ စိမ္ထားပါ။ တစ္နာရီျပည့္ရင္ ဆယ္ထုတ္ျပီး ႏူးညံ့တဲ႔ဘရပ္ရွ္ေလးနဲ႔ပြတ္တုိက္ေပးပါ။ျပီးရင္ ေရေအးနဲ႔ေဆး ခ်ျပီးေျခာက္ေသြ႔ေအာင္သုတ္ေပးရံုပါပဲ။ေငြထည္လက္စြပ္၊လက္ေကာက္ေတြကုိလည္း ဒီအတိုင္းအေရာင္ျပန္တင္ေပးနုိင္ပါတယ္။

၅)ခ်ဳိင္းသားျဖဴေဖြးေစတယ္
ခ်ိဳင္းျပတ္အက်ီေတြ၀တ္ခ်င္ေပမဲ႔ ခ်ိဳင္းသားကမည္းေနရင္ မျဖစ္ေသးပါဘူးေနာ္။အာလူးတစ္လံုး ကုိယူျပီးေရစင္စင္ေဆးပါ။ျပီးရင္ပါးပါးလွီးျပီး ခ်ိဳင္းေနရာကုိ၃မိနစ္ခန္႔ပြတ္တိုက္ေပးပါ။နာရီ၀က္ ေလာက္ထားေပး ပါ။နာရီ၀က္ျပည့္ရင္ ေရေအးနဲ႔ေဆးခ်ျပီးအ၀တ္နဲ႔သုတ္ေပးရံုပါပဲ။ခ်က္ခ်င္းၾကီး အက်ိဳးရလဒ္ကုိေမ်ွာ္လင့္ေနလို႔ေတာ့မျဖစ္ပါဘူးေနာ္။ေန႔တိုင္းျဖစ္ေစ၊၂ရက္ျခားတစ္ခါေလာက္ျဖစ္ေစ လုပ္ေပးမွ သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာျဖစ္ပါတယ္။

၆)ေခါင္းကိုက္ေပ်ာက္ေစတယ္
အိုးမုိင္ေဂ့ါဒ္ အာလူးကေခါင္းကုိက္ေပ်ာက္ေစတယ္ဆိုပါလား ။မၾကာခဏ ေခါင္းလည္း ကုိက္တတ္တယ္ ၊ေဆးစဲြသြားမွာစုိးလို႔ ေဆးလည္းမေသာက္ခ်င္ဘူးဆုိရင္နည္းလမ္းေကာင္း ေလးကေတာ့ အာလူးကိုေရစင္စင္ေဆး၊ပါးပါးလွီးျပီး နားထင္နဲ႔နဖူးျပင္မွာကပ္ေပးထားပါ။ျပီးရင္ ပတ္တီးစည္းထားေပးပါ။ခဏေလာက္ျငိမ္ျငိမ္ေလးလွဲေလ်ာင္းျပီးမ်က္လံုးကုိပိတ္ထားပါ။နာက်င္ကုိက္ခဲမႈတျဖည္းျဖည္းေပ်ာက္သြားပါလိမ့္မယ္။

၇)အသားအရည္ေတာက္ပေစတယ္
ေနာက္ဆံုးတစ္ခ်က္ကေတာ့ မိတ္ကပ္မလိမ္းလဲ မ်က္ႏွာေလးၾကည္လင္၀င္းပေနေအာင္ အာလူးကုိသံုးေပးဖုိ႔ပါပဲ။အာလူးမွာပါ၀င္တဲ႔ဗီတာမင္စီ၊antioxidants ေတြက သင့္မ်က္ႏွာေပၚကအညစ္အေၾကးေတြ၊၀က္ျခံေတြကုိဖယ္ရွားေပးျပီးလိုအပ္တဲ႔အာဟာရကိုျဖည့္ဆည္းေပးပါတယ္။

မ်က္ကြင္းညိဳတဲ႔သူေတြ၊မ်က္အိတ္ေဖာင္းသူေတြအတြက္ အာလူးျပားႏွစ္ျပားကုိ မ်က္လံုးမွာကပ္ထားပါ။၁၅မိနစ္ျပည့္ရင္ ေရေအးနဲ႔ေဆးခ်ပါ။

၀က္ျခံေတြကုိဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ အာလူးေတြကုိပါးပါးလွီးျပီးမ်က္ႏွာမွာ တစ္ညလံုးကပ္ထားပါ။မနက္ေရာက္တဲ႔အခါ ပံုမွန္အတိုင္းမ်က္ႏွာသစ္ပါ။ခ်က္ခ်င္းမထူးျခားေပမဲ႔
ေန႔တုိင္းလုပ္ေပးသြားရင္ရလဒ္ထူးျခားလာပါလိမ့္မယ္။

အမည္းစက္ေတြကုိဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ အာလူးေတြကိုအခြံခြာျပီးၾကိတ္ပါ။ျပီးရင္အရည္ကုိ
မ်က္ႏွာလိမ္းရင္းႏွိပ္နယ္ပါ။၅မိနစ္ျပည့္တဲ႔အခါ ေရေအးနဲ႔ေဆးခ်ပါ။

အဆီျပန္တယ္ဆိုရင္ေတာ့ အခြံခြာျပီးသားအာလူးသန္႔သန္႔တစ္လံုးကုိ ၾကိတ္ေခ်ပါ။
ျပီးရင္ႏွင္းဆီရည္တစ္ဇြန္း၊သံပုရာရည္တစ္ဇြန္းေရာစပ္ျပီး မ်က္ႏွာမွာလိမ္းပါ။မိနစ္ ၂၀ျပည့္ရင္ ေရနဲ႔ေဆးခ်ျပီး ေျခာက္ေသြ႔ေအာင္ထားပါ။

Unicode

အာလူးကိုဟင်းချက်ပြုတ်စားသောက်စရာတစ်ခုအပြင် တစ်ခြားအသုံးဝင်တဲ့နည်းလမ်းတွေ ရှိသေးတာကိုလည်း သိပြီးသားဖြစ်ကြမှာပါ။အဲ့ဒီထဲမှာမှ သင်သိထားတဲ့အာလူးရဲ ့အသုံးဝင်ပုံ နည်းလမ်းတွေအပြင် အများကြီး ကျန်နေပါသေးတယ်။ဘာတွေလဲဆိုရင်…

၁)သံချေးတက်တာကိုဖယ်ရှားပစ်နိုင်တယ်
ဒယ်ပိုင်း၊ဒယ်အိုးတွေမှာသံချေးတက်နေတာတွေ တွေ့တဲ့အခါမှာ အာလူးကိုသတိရလိုက်ပါ။ ပထမဆုံး အာလူးကိုထက်ခြမ်းခြမ်းလိုက်ပါ။ပြီးတော့ မုန့်ဖုတ်ဆိုဒါအနည်းငယ်၊ဆား၊ ဒါမှမဟုတ် ဆပ်ပြာမှုန့်အနည်းငယ်ကို ရောပါ။ပြီးရင်အာလူးခြမ်းနဲ့အဲ့ဒီအရည်ကိုယူပြီးသံချေးတက်နေတဲ့နေရာ ကို ပွတ်တိုက်ပါ။အာလူးမှာပါဝင်တဲ့အစွမ်းသတ္တိတွေကြောင့် သံချေးတွေပြောင်စင်သွားပါလိမ့်မယ်။ သံချေးတွေမပြောင်မခြင်း ထပ်တလဲလဲလုပ်ပေးပါ။ပြီးရင်တော့ ရေနဲ့သေချာသန့်စင်
ဆေးကြောလိုက်လို့ရပါပြီ။

၂)နေလောင်ဒဏ်ရာကိုကုသနိုင်တယ်
နေလောင်ဒဏ်ရာအတွက်မရှိမဖြစ်လိုအပ်တာကတော့ အာလူးတစ်လုံးပါပဲ။အာလူးတစ်လုံး ၊နှစ်လုံးကို ပါးပါးလှီးပြီး နေလောင်ဒဏ်ရာပေါ်မှာ ကပ်ပေးပါ။ဒါမှမဟုတ် အာလူးတွေ ကိုကြိတ်ချေပြီး အရည်ကို ဂွမ်းလေးနဲ့ဆွတ်ပြီး နေလောင်ဒဏ်ရာပေါ်ကိုလိမ်းပေးပါ။ဒါက ပိုပြီးထိရောက်ကာ အရေပြားကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာစေပါတယ်။အာလူးရည်ကို နေ့တိုင်းပုံမှန်လိမ်းပေးရင်နေလောင်ဒဏ်ရာပျောက်ကင်းသွားပါလိ့မ်မယ်။

၃)ချည်ထည်ပေါ်ကအစွန်းအထင်းတွေပျောက်စေတယ်
တကယ်လို့သင့်အကြိုက်ဆုံးချည်ထည်အဝတ်အစားပေါ်မှာ အစွန်းအထင်းတွေဖြစ်နေခဲ့ရင် အာလူးကိုသုံးပေးနိုင်ပါတယ်။အာလူးအနည်းငယ်ကိုရေဆေးလိုက်ပါ။ပြီးရင် အချောင်းလေး တွေဖြစ်အောင်ပါးပါးလှီး၊ရေအနည်းငယ်နဲ့ရောစိမ်ပါ။စိမ်ပြီးရင် အာလူးတွေကိုဖယ်ထုတ်ပြီး ရေဆတူထပ်ထည့်ပါ။၁၅မိနစ်လောက်စောင့်ပေးပါ။၁၅မိနစ်ပြည့်ရင်တော့ဖော့တုံးလေးယူပြီး အာလူးရေနဲ့ အစွန်းအထင်းနေရာကိုပွတ်တိုက်ဖယ်ရှားလိုက်ပါ။အားလုံးပြီးရင် ရေသန့်နဲ့ဆေးချလို့ရပါပြီ။

၄)ငွေထည်ပစ္စည်းတွေကိုအသစ်အတိုင်းပြန်ဖြစ်စေတယ်
ငွေထည်ဇွန်းတွေ၊ခွက်တွေရှိလို့ အရောင်တွေမှိန်လာပြီဆိုရင် အသစ်အတိုင်းပြန်ဖြစ်အောင် အာလူးကိုသုံးပေးနိုင်ပါတယ်။အာလူးအနည်းငယ်ကိုပြုတ်လိုက်ပါ။အာလူးတွေကျက်သွားရင် ဖယ်ပြီး အာလူးရေတွေပဲကျန်ပါစေ။အာလူးရေတွေပဲကျန်ခဲ့တဲ့အခါ အရောင်တောက်ချင်တဲ ့ငွေထည်ပစ္စည်းတွေကို အာလူးရေထဲထည့်လိုက်ပါ။တစ်နာရီလောက်ကြာအောင် စိမ်ထားပါ။ တစ်နာရီပြည့်ရင် ဆယ်ထုတ်ပြီး နူးညံ့တဲ့ဘရပ်ရှ်လေးနဲ့ပွတ်တိုက်ပေးပါ။ပြီးရင် ရေအေးနဲ့ဆေး ချပြီးခြောက်သွေ့အောင်သုတ်ပေးရုံပါပဲ။ငွေထည်လက်စွပ်၊လက်ကောက်တွေကိုလည်း ဒီအတိုင်းအရောင်ပြန်တင်ပေးနိုင်ပါတယ်။

၅)ချိုင်းသားဖြူဖွေးစေတယ်
ချိုင်းပြတ်အကျီတွေဝတ်ချင်ပေမဲ့ ချိုင်းသားကမည်းနေရင် မဖြစ်သေးပါဘူးနော်။အာလူးတစ်လုံး ကိုယူပြီးရေစင်စင်ဆေးပါ။ပြီးရင်ပါးပါးလှီးပြီး ချိုင်းနေရာကို၃မိနစ်ခန့်ပွတ်တိုက်ပေးပါ။နာရီဝက် လောက်ထားပေး ပါ။နာရီဝက်ပြည့်ရင် ရေအေးနဲ့ဆေးချပြီးအဝတ်နဲ့သုတ်ပေးရုံပါပဲ။ချက်ချင်းကြီး အကျိုးရလဒ်ကိုမျှော်လင့်နေလို့တော့မဖြစ်ပါဘူးနော်။နေ့တိုင်းဖြစ်စေ၊၂ရက်ခြားတစ်ခါလောက်ဖြစ်စေ လုပ်ပေးမှ သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

၆)ခေါင်းကိုက်ပျောက်စေတယ်
အိုးမိုင်ဂေ့ါဒ် အာလူးကခေါင်းကိုက်ပျောက်စေတယ်ဆိုပါလား ။မကြာခဏ ခေါင်းလည်း ကိုက်တတ်တယ် ၊ဆေးစွဲသွားမှာစိုးလို့ ဆေးလည်းမသောက်ချင်ဘူးဆိုရင်နည်းလမ်းကောင်း လေးကတော့ အာလူးကိုရေစင်စင်ဆေး၊ပါးပါးလှီးပြီး နားထင်နဲ့နဖူးပြင်မှာကပ်ပေးထားပါ။ပြီးရင် ပတ်တီးစည်းထားပေးပါ။ခဏလောက်ငြိမ်ငြိမ်လေးလှဲလျောင်းပြီးမျက်လုံးကိုပိတ်ထားပါ။နာကျင်ကိုက်ခဲမှုတဖြည်းဖြည်းပျောက်သွားပါလိမ့်မယ်။

၇)အသားအရည်တောက်ပစေတယ်
နောက်ဆုံးတစ်ချက်ကတော့ မိတ်ကပ်မလိမ်းလဲ မျက်နှာလေးကြည်လင်ဝင်းပနေအောင် အာလူးကိုသုံးပေးဖို့ပါပဲ။အာလူးမှာပါဝင်တဲ့ဗီတာမင်စီ၊antioxidants တွေက သင့်မျက်နှာပေါ်ကအညစ်အကြေးတွေ၊ဝက်ခြံတွေကိုဖယ်ရှားပေးပြီးလိုအပ်တဲ့အာဟာရကိုဖြည့်ဆည်းပေးပါတယ်။

မျက်ကွင်းညိုတဲ့သူတွေ၊မျက်အိတ်ဖောင်းသူတွေအတွက် အာလူးပြားနှစ်ပြားကို မျက်လုံးမှာကပ်ထားပါ။၁၅မိနစ်ပြည့်ရင် ရေအေးနဲ့ဆေးချပါ။

ဝက်ခြံတွေကိုဖယ်ရှားချင်တယ်ဆိုရင်တော့ အာလူးတွေကိုပါးပါးလှီးပြီးမျက်နှာမှာ တစ်ညလုံးကပ်ထားပါ။မနက်ရောက်တဲ့အခါ ပုံမှန်အတိုင်းမျက်နှာသစ်ပါ။ချက်ချင်းမထူးခြားပေမဲ့
နေ့တိုင်းလုပ်ပေးသွားရင်ရလဒ်ထူးခြားလာပါလိမ့်မယ်။

အမည်းစက်တွေကိုဖယ်ရှားချင်တယ်ဆိုရင်တော့ အာလူးတွေကိုအခွံခွာပြီးကြိတ်ပါ။ပြီးရင်အရည်ကို
မျက်နှာလိမ်းရင်းနှိပ်နယ်ပါ။၅မိနစ်ပြည့်တဲ့အခါ ရေအေးနဲ့ဆေးချပါ။

အဆီပြန်တယ်ဆိုရင်တော့ အခွံခွာပြီးသားအာလူးသန့်သန့်တစ်လုံးကို ကြိတ်ချေပါ။
ပြီးရင်နှင်းဆီရည်တစ်ဇွန်း၊သံပုရာရည်တစ်ဇွန်းရောစပ်ပြီး မျက်နှာမှာလိမ်းပါ။မိနစ် ၂ဝပြည့်ရင် ရေနဲ့ဆေးချပြီး ခြောက်သွေ့အောင်ထားပါ။

255 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.