ယနေ့ညကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီး-အာဆင်နယ်ပွဲဟာ ဒီတစ် ပတ်ရဲ့ အကောင်းဆုံးပွဲလို့တောင် ပြောလို့ရနိုင်ပါတယ်။ ဒီပွဲဟာ အမှတ်ပေးဇယား အဆင့်(၄)နေရာက အိမ် ရှင်မန်စီးတီးအတွက် အဆင့်တစ်နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်နဲ့သူတို့အကြားက (၆)မှတ်ကွာဟ ချက်ကို လျော့ချနိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်နေပါတယ်။ မန်စီးတီးသာ အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ (၃)မှတ်သာ ကွာဟတော့မှာဖြစ်လို့ ဒီပွဲအပေါ်မှာ မန်စီးတီးကွင်းလယ်ကစားသမားတစ်ဦးဖြစ် တဲ့ ဖာနန်ဒင်ဟိုက အခုလိုပြောကြားလာခဲ့ပါပြီ။
“ကျွန်တော်အမြင်အရတော့ အာဆင်နယ်ဟာ ပြိုင်ဘက်ကောင်းတွေနဲ့ မတွေ့ခဲ့သေးဘူးလို့ထင်တယ်။ ဒီအချိန် မှာ ကျွန်တော်တို့အသင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တကယ့်ပြိုင်ဘက်ကောင်းတွေနဲ့ချည်းကစားခဲ့တယ်။ ဒီပွဲက သေမလား၊ ရှင်မလားအဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်တာကြောင့် အပေါ်ပိုင်းကိုတက်နိုင်ဖို့ အနိုင်ယူမှပဲဖြစ် ပါလိမ့်မယ်”လို့ ဖာနန်ဒင်ဟိုက ပြောခဲ့ပါတယ်။ ဖာနန်ဒင်ဟိုဟာ မန်စီးတီးအသင်းဆီကို ရှက်တာဒိုးနပ်စ်အသင်း ကနေ ပေါင်သန်း(၃၀)နဲ့ ပြောင်းလာခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြလျက်ရှိပါတယ်။