ေဘးက်ပ္နံက်ပ္ေမးခြန္းမ်ဳိးနဲ႔ေတြ႔တဲ့အခါ အေျဖေကာင္းတစ္ခုထြက္ဖို႔ အေတြးေခၚေတြက စကားေျပာ

အလုပ္အင္တာဗ်ဳးတစ္ခုမွာ ကၽြန္ေတာ့္ကို ဥာဏ္စမ္းေမးခြန္းတစ္ခု ေမးတယ္။ ေတာ္ေတာ္ေလး ေျဖရခက္တဲ့ ေမးခြန္းတစ္ခုပါ။

မုန္တိုင္းထန္တဲ့တစ္ေန႔မွာ မင္းကားေမာင္းသြားေနရင္း လူသံုးေယာက္ ကားမွတ္တုိင္မွာ
မတ္တပ္ရပ္ေနတာကို ေတြ႔မယ္။ ပထမတစ္ေယာက္က အရမ္းလွတဲ့ မိန္းကေလး ။
ဒုတိယတစ္ေယာက္က မင္းအသက္ကိုတစ္ခါကယ္ေပးခဲ့ဖူးတဲ့ သူငယ္ခ်င္းေဟာင္း။
တတိယတစ္ေယာက္ကေတာ့ ေနမေကာင္းတဲ့ အဘြားအိုၾကီးတစ္ေယာက္။

မင္းရဲ႕ကားကလည္း လူတစ္ေယာက္ပဲထပ္တင္လုိ႔ရေတာ့မယ္။ ဘယ္သူ႔ကို မင္းကားေပၚ
တင္ေခၚသြားမလဲ တဲ့။

စဥ္းစားၾကည့္ရေအာင္…

ဒီအင္တာဗ်ဴးေမးခြန္းဟာ ကိုယ့္က်င့္တရားနဲ႔ပတ္သတ္တဲ့ ေဘးက်ပ္နံက်ပ္ေမးခြန္းမ်ဳိးပါ။ စာဖတ္သူတို႔ဆိုရင္ေရာ ဘယ္သူ႔ကိုေရြးမွာလဲ ?

အဘြားအုိကို ေရြးသင့္တယ္လုိ႔ထင္လား… အဘြားက ေတာ္ေတာ္လည္းေနမေကာင္းျဖစ္ေနတယ္။ သူမကိုအရင္ဆံုး ကယ္သင့္တယ္လုိ႔မထင္ဘူးလား ?

သူငယ္ခ်င္းေဟာင္းကိုေရာ …. လူ႔ဘဝၾကီးမွာဆက္လက္႐ွင္သန္ဖို႔ မင္းကိုကယ္တင္ခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ကိုျပန္ျပီး ေက်းဇူးမဆပ္ခ်င္ဘူးလား ?

ဒီေရြးခ်ယ္စရာ ႏွစ္ခုေၾကာင့္ မိန္းမလွေလးကို မင္းထားခဲ့ရေတာ့မွာ ေသခ်ာသြားျပီ။

သူကေတာ့ ႐ိုး႐ိုးေလးပဲေျဖလိုက္ပါတယ္။ ကၽြန္ေတာ့္သူငယ္ခ်င္းကို ကားေသာ့ေပးျပီး အဘြားကိုေဆးရံုလိုက္ပို႔ခိုင္းလုိက္မယ္။ မိန္းမလွေလးနဲ႔အတူ ကၽြန္ေတာ္ကားမွတ္တိုင္မွာ အတူေစာင့္ေပးေနလိက္မွာေပါ့တဲ့။ သူ႔အေျဖက အင္တာဗ်ဳးသူေတြကို စိတ္ေက်နပ္ေစခဲ့တယ္။

ဒီေမးခြန္းနဲ႔အေျဖေလးဟာ လူေတာ္ေတာ္မ်ားမ်ားဆီကို ပ်ံနွံ႔သြားခဲ့ပါတယ္။ အေျဖေပး
လိုက္တဲ့ လူရဲ႕ဥာဏ္ရည္ကိုလည္း သေဘာက်သြားၾကတယ္။

” လူတိုင္းဟာ ေအာင္ျမင္ႏုိင္ဖုိ႔ ကိုယ္စီ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ေမြးဖြားလာၾကတာပါ။ လုပ္ငန္းတစ္ခုကို စြမ္းေဆာင္ႏုိင္ဖို႔လည္း အရည္ခ်င္းေတြဖန္တီးႏုိင္ပါတယ္ ”

ၾကီးမားတဲ့ အုိင္ဒီယာဆိုတာ အျမဲတမ္းေတြးေခၚေနတတ္တဲ့ လူေတြဆီကပဲ ထြက္လာ
တတ္ပါတယ္။ စံႏႈန္းတစ္ခုကို စိန္ေခၚရင္ဆုိင္ဖို႔ အျမဲအသင့္႐ွိသူေနေပါ့။ အတြင္းထဲထိနက္နက္ ႐ိႈင္း႐ႈိင္းျမင္တတ္ဖို႔နဲ႔ အျပင္ပံုသ႑ာန္လွေအာင္ ဖန္တီးႏုိင္ဖုိ႔ပဲလိုတာပါ။
သူမ်ားေတြ မျမင္ႏုိင္တဲ့ ဘက္ေပါင္းစံုကေနၾကည့္ျပီး ျပႆနာတစ္ခုကိုေျဖ႐ွင္းတဲ့အခါ
ပိုျပီးလြယ္ကူပါတယ္။ ဒီလိုစူး႐ွတဲ့ အျမင္မ်ဳိးဆိုတာ ေမြးတည္းက ပါလာတဲ့အရာေတာ့
မဟုတ္ပါဘူး။ ကုိယ့္ရဲ႕စိတ္ထက္သန္မႈနဲ႔ ေလ့လာမႈစြမ္းရည္နဲ႔ပဲ ဆိုင္ပါတယ္။

မ်ားမ်ားေတြးေခၚႏုိင္ျပီး အုိင္ဒီယာေကာင္းေတြ ေဖာ္ထုတ္ကာ ေအာင္ျမင္ႏုိင္ၾကပါေစ။

(Unicode)

အလုပ်အင်တာဗျုးတစ်ခုမှာ ကျွန်တော့်ကို ဉာဏ်စမ်းမေးခွန်းတစ်ခု မေးတယ်။ တော်တော်လေး ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါ။

မုန်တိုင်းထန်တဲ့တစ်နေ့မှာ မင်းကားမောင်းသွားနေရင်း လူသုံးယောက် ကားမှတ်တိုင်မှာ
မတ်တပ်ရပ်နေတာကို တွေ့မယ်။ ပထမတစ်ယောက်က အရမ်းလှတဲ့ မိန်းကလေး ။
ဒုတိယတစ်ယောက်က မင်းအသက်ကိုတစ်ခါကယ်ပေးခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်း။
တတိယတစ်ယောက်ကတော့ နေမကောင်းတဲ့ အဘွားအိုကြီးတစ်ယောက်။

မင်းရဲ့ကားကလည်း လူတစ်ယောက်ပဲထပ်တင်လို့ရတော့မယ်။ ဘယ်သူ့ကို မင်းကားပေါ်
တင်ခေါ်သွားမလဲ တဲ့။

စဉ်းစားကြည့်ရအောင်…

ဒီအင်တာဗျူးမေးခွန်းဟာ ကိုယ့်ကျင့်တရားနဲ့ပတ်သတ်တဲ့ ဘေးကျပ်နံကျပ်မေးခွန်းမျိုးပါ။ စာဖတ်သူတို့ဆိုရင်ရော ဘယ်သူ့ကိုရွေးမှာလဲ ?

အဘွားအိုကို ရွေးသင့်တယ်လို့ထင်လား… အဘွားက တော်တော်လည်းနေမကောင်းဖြစ်နေတယ်။ သူမကိုအရင်ဆုံး ကယ်သင့်တယ်လို့မထင်ဘူးလား ?

သူငယ်ချင်းဟောင်းကိုရော …. လူ့ဘဝကြီးမှာဆက်လက်ရှင်သန်ဖို့ မင်းကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုပြန်ပြီး ကျေးဇူးမဆပ်ချင်ဘူးလား ?

ဒီရွေးချယ်စရာ နှစ်ခုကြောင့် မိန်းမလှလေးကို မင်းထားခဲ့ရတော့မှာ သေချာသွားပြီ။

သူကတော့ ရိုးရိုးလေးပဲဖြေလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းကို ကားသော့ပေးပြီး အဘွားကိုဆေးရုံလိုက်ပို့ခိုင်းလိုက်မယ်။ မိန်းမလှလေးနဲ့အတူ ကျွန်တော်ကားမှတ်တိုင်မှာ အတူစောင့်ပေးနေလိက်မှာပေါ့တဲ့။ သူ့အဖြေက အင်တာဗျုးသူတွေကို စိတ်ကျေနပ်စေခဲ့တယ်။

ဒီမေးခွန်းနဲ့အဖြေလေးဟာ လူတော်တော်များများဆီကို ပျံနှံ့သွားခဲ့ပါတယ်။ အဖြေပေး
လိုက်တဲ့ လူရဲ့ဉာဏ်ရည်ကိုလည်း သဘောကျသွားကြတယ်။

” လူတိုင်းဟာ အောင်မြင်နိုင်ဖို့ ကိုယ်စီ ကိုယ်ရည်ကိုယ်သွေးနဲ့ မွေးဖွားလာကြတာပါ။ လုပ်ငန်းတစ်ခုကို စွမ်းဆောင်နိုင်ဖို့လည်း အရည်ချင်းတွေဖန်တီးနိုင်ပါတယ် ”

ကြီးမားတဲ့ အိုင်ဒီယာဆိုတာ အမြဲတမ်းတွေးခေါ်နေတတ်တဲ့ လူတွေဆီကပဲ ထွက်လာ
တတ်ပါတယ်။ စံနှုန်းတစ်ခုကို စိန်ခေါ်ရင်ဆိုင်ဖို့ အမြဲအသင့်ရှိသူနေပေါ့။ အတွင်းထဲထိနက်နက် ရှိုင်းရှိုင်းမြင်တတ်ဖို့နဲ့ အပြင်ပုံသဏ္ဍာန်လှအောင် ဖန်တီးနိုင်ဖို့ပဲလိုတာပါ။
သူများတွေ မမြင်နိုင်တဲ့ ဘက်ပေါင်းစုံကနေကြည့်ပြီး ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါ
ပိုပြီးလွယ်ကူပါတယ်။ ဒီလိုစူးရှတဲ့ အမြင်မျိုးဆိုတာ မွေးတည်းက ပါလာတဲ့အရာတော့
မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ထက်သန်မှုနဲ့ လေ့လာမှုစွမ်းရည်နဲ့ပဲ ဆိုင်ပါတယ်။

များများတွေးခေါ်နိုင်ပြီး အိုင်ဒီယာကောင်းတွေ ဖော်ထုတ်ကာ အောင်မြင်နိုင်ကြပါစေ။

 

73 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.