YBS ကားစီးရင္ စိတ္စႏိုးစေနာင့္ျဖစ္စရာ မြစိမြစိအရာေလးမ်ား

အခုဆို ဘတ္စ္ကားေတြမွာ အဲကြန္းပါျပီဆိုေတာ့ သာသာယာယာေလး လိုရာခရီးကို စိတ္ခ်မ္းသာ
စြာသြားႏုိင္ပါျပီ။ အရင္လို လူေတြၾကပ္တုန္းပဲဆိုေပမယ့္ ကားအဲကြန္းေလးေအးေတာ့ စီးရတာေတာ္ေသးတယ္ေျပာရမွာေပါ့။ အေ႐ွ႔ေပါက္က တက္၊ ေနာက္ေပါက္ကဆင္းဆိုတဲ့ စနစ္ ၊ ဆင္းခ်င္တဲ့မွတ္တိုင္ေရာက္ရင္ ” မွတ္တိုင္ ပါတယ္” လို႔ေအာ္စရာမလို၊ ဘဲလ္ေလးကို စမတ္က်က်တီးလိုက္႐ံုနဲ႔ ကားဒါ႐ုိက္ဘာကလည္း ရပ္ေပးတာ စီးဖူးသူတိုင္းသိေနျပီေနာ္။ ရန္ျဖစ္စကားမ်ားရမယ့္ စပါယ္ရာေတြလည္း မပါေတာ့ဘူး။ ဘယ္ေလာက္စိတ္ခ်မ္းသာရလဲ။

ဒါေပမယ့္ သြားေရးလာေရးေတြ ေကာင္းမြန္လာေအာင္ တျဖည္းျဖည္းစီစဥ္ေပးေနတဲ့ အေလ်ာက္ ခရီးသည္မ်ားအေနနဲ႔လည္း အလိုက္သိသင့္တာေလးေတြကို မေမ့မေလ်ာ့သင့္ပါဘူး။ ႐ုံုးခ်ိန္ဆို သူလိုငါလုိ အလုပ္သြားရမယ့္လူေတြခ်ည္းပဲဆိုတာသိမွာပါ။ ဘယ္သူမွေတာ့ အလုပ္ေနာက္မက်ခ်င္ဘူးေလေနာ္။အေ႐ွ႔မွာပဲ ေပေတရပ္မေနပဲ အေနာက္ေလးကိုတိုးေပးရင္ ေနာက္ကတက္တဲ့လူလည္းအဆင္ေျပမွာပါ။ တစ္ခါတစ္ေလ ကားဒါ႐ုိက္ဘာၾကီးေတြလည္း အေနာက္ကို တိုးေပးဖို႔ ယဥ္ေက်းစြာပဲေျပာၾကပါတယ္။

လူတိုးတဲ့ကိစၥ။ တစ္ခ်ဳိ ႔က လူတိုးတာကို မၾကိဳက္တာပဲလား။ အသားခ်င္းထိတာကိုပဲ ရြံ႔တတ္တာလား။ဆင္းခ်င္တဲ့မွတ္တိုင္ေရာက္လာရင္ေတာ့ လူေတြအရမ္းၾကပ္ေနလည္း မလဲႊသာတဲ့အဆံုးအားလံုးကို အတင္တိုးေဝွ႔ျပီး ဆင္းရတာပါပဲ။ တိုးခံရတာမေက်နပ္လို႔ ” ကၽြတ္” သပ္တဲ့လူေတြကလည္း ႐ွိပါတယ္။ ငါတစ္ေယာက္တည္းစီးေနတာမဟုတ္ဘူး။ အမ်ားနဲ႔စီးေနတာ ၊ ကားကလည္း ၾကပ္တယ္။ ငါဆုိရင္လည္း ဒီလိုတိုးဆင္းရမွာပဲဆိုတာကို ျဖည့္ေတြးေပးဖို႔လိုပါတယ္။

ေနာက္တစ္ခုက မွတ္တိုင္မေရာက္ေသးပဲ အေပါက္ဝမွာ ပိတ္ရပ္တတ္တဲ့လူေတြပါ။ မဆင္းေသးရင္ေတာ့ ေနာက္ဆင္းမယ့္လူေတြအတြက္ လမ္းေလးဖြင့္ေပးထားသင့္ပါတယ္။ဆင္းမလိုလိုနဲ႔ အေပါက္ဝ ပိတ္ရပ္ေနလို႔ မွတ္တိုင္ေက်ာ္ပါသြားတဲ့လူေတြ မနည္းပါဘူး။ ႐ွိေသးတယ္။ တစ္ခ်ဳိ ႔က ” ဆင္းမွာလား ” ေမးရင္ မၾကိဳက္သလိုနဲ႔ ” ဆင္းမွာ.. ဆင္းမွာ” ဆိုျပီး ေဆာင့္ၾကီးေအာင့္ၾကီးနဲ႔ေျဖတဲ့လူမ်ဳိးေတြလည္း ၾကံဳဖူးပါတယ္။

ထိုင္ခံလုထုိင္တဲ့ ကိစၥေလးေတြကလည္း ဘာမွေတာ့မဟုတ္ေပမယ့္ သ႐ုပ္ပ်က္ပါတယ္။ ကိုယ့္ေ႐ွ႕ကခံုလြတ္ရင္ ဝင္ထုိင္လိုက္၊ မလြတ္ရင္ နီးစပ္ရာလူထိုင္ပါေစေပါ့။ တစ္ခ်ဳိ ႔က ေနရာေဝးလည္း အတင္းခုန္ပ်ံေက်ာ္လႊားျပီး လုထိုင္ၾကတတ္ေလရဲဲ႕။ေယာက်္ားၾကီးတန္မဲ့ လုထုိင္တာမ်ဳိးေတြလည္း ေတြ႔ဖူးပါတယ္။ မထုိင္ရလို႔ ဘာမွမျဖစ္သြားပါဘူး။ ဒီလိုအမူအရာေတြက လူတစ္ေယာက္အတြက္ အထင္ေသးစရာျဖစ္တတ္ပါတယ္။ ကိုယ္ဝန္သည္နဲ႔ အသက္ၾကီးသူေတြဆို တစ္မ်ဳိးေပါ့။ ဒါက ထိုင္ေနရင္းနဲ႔ေတာင္ အလိုက္တသိဖယ္ေပးရမွာပါ။

ကားစီးေနရင္း သီခ်င္းနားေထာင္ခ်င္ရင္ ကိုယ့္မွာပါတဲ့ နားၾကပ္ေလးနဲ႔ ေအးေဆးနားေထာင္ပါ။ ကိုယ့္ရဲ႕သီခ်င္းေၾကာင့္ လူအမ်ားစိတ္အေႏွာင့္ယွက္ျဖစ္ေစပါတယ္။ ကားဘဲလ္ကို သြားသြားေဆာ့တဲ့လူမ်ဳိးေတြလည္း ႐ွိပါတယ္။ တစ္ခါတီးရင္ အသံသံုးခါျမည္ပါတယ္။ ဆင္းမယ့္မွတ္တိုင္ပါရင္ တစ္ခါတီးတာနဲ႔ လံုေလာက္ပါတယ္ေနာ္။ ကားသမားက ခရီးသည္ေတြအေပၚ မေခ်မငံဆက္ဆံတာမ်ဳိး႐ွိရင္လည္း တိုင္ၾကားဖို႔အတြက္ ဖုန္းနံပါတ္ေတြ႐ွိပါတယ္။

စနစ္ၾကီးကလည္း တျဖည္းျဖည္းေျပာင္းလဲလာပါျပီ။ အရင္လို ဘုရားတျပီး စီးေနရတဲ့ကားမ်ဳိးေတြလည္း မဟုတ္ေတာ့ပါဘူး။ အားလံုးအဆင္ေျပေအာင္ ေဆာင္ရြက္ေပးေနရင္ ကိုယ့္စိတ္ခံစားခ်က္တစ္ခုတည္းကိုမၾကည့္ပဲ အမ်ားနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနၾကစို႔လား 🙂

(Unicode)

အခုဆို ဘတ်စ်ကားတွေမှာ အဲကွန်းပါပြီဆိုတော့ သာသာယာယာလေး လိုရာခရီးကို စိတ်ချမ်းသာ
စွာသွားနိုင်ပါပြီ။ အရင်လို လူတွေကြပ်တုန်းပဲဆိုပေမယ့် ကားအဲကွန်းလေးအေးတော့ စီးရတာတော်သေးတယ်ပြောရမှာပေါ့။ အရှေ့ပေါက်က တက်၊ နောက်ပေါက်ကဆင်းဆိုတဲ့ စနစ် ၊ ဆင်းချင်တဲ့မှတ်တိုင်ရောက်ရင် ” မှတ်တိုင် ပါတယ်” လို့အော်စရာမလို၊ ဘဲလ်လေးကို စမတ်ကျကျတီးလိုက်ရုံနဲ့ ကားဒါရိုက်ဘာကလည်း ရပ်ပေးတာ စီးဖူးသူတိုင်းသိနေပြီနော်။ ရန်ဖြစ်စကားများရမယ့် စပါယ်ရာတွေလည်း မပါတော့ဘူး။ ဘယ်လောက်စိတ်ချမ်းသာရလဲ။

ဒါပေမယ့် သွားရေးလာရေးတွေ ကောင်းမွန်လာအောင် တဖြည်းဖြည်းစီစဉ်ပေးနေတဲ့ အလျောက် ခရီးသည်များအနေနဲ့လည်း အလိုက်သိသင့်တာလေးတွေကို မမေ့မလျော့သင့်ပါဘူး။ ရုုံးချိန်ဆို သူလိုငါလို အလုပ်သွားရမယ့်လူတွေချည်းပဲဆိုတာသိမှာပါ။ ဘယ်သူမှတော့ အလုပ်နောက်မကျချင်ဘူးလေနော်။အရှေ့မှာပဲ ပေတေရပ်မနေပဲ အနောက်လေးကိုတိုးပေးရင် နောက်ကတက်တဲ့လူလည်းအဆင်ပြေမှာပါ။ တစ်ခါတစ်လေ ကားဒါရိုက်ဘာကြီးတွေလည်း အနောက်ကို တိုးပေးဖို့ ယဉ်ကျေးစွာပဲပြောကြပါတယ်။

လူတိုးတဲ့ကိစ္စ
တစ်ချို ့က လူတိုးတာကို မကြိုက်တာပဲလား။ အသားချင်းထိတာကိုပဲ ရွံ့တတ်တာလား။ဆင်းချင်တဲ့မှတ်တိုင်ရောက်လာရင်တော့ လူတွေအရမ်းကြပ်နေလည်း မလွှဲသာတဲ့အဆုံးအားလုံးကို အတင်တိုးဝှေ့ပြီး ဆင်းရတာပါပဲ။ တိုးခံရတာမကျေနပ်လို့ ” ကျွတ်” သပ်တဲ့လူတွေကလည်း ရှိပါတယ်။ ငါတစ်ယောက်တည်းစီးနေတာမဟုတ်ဘူး။ အများနဲ့စီးနေတာ ၊ ကားကလည်း ကြပ်တယ်။ ငါဆိုရင်လည်း ဒီလိုတိုးဆင်းရမှာပဲဆိုတာကို ဖြည့်တွေးပေးဖို့လိုပါတယ်။

နောက်တစ်ခုက မှတ်တိုင်မရောက်သေးပဲ အပေါက်ဝမှာ ပိတ်ရပ်တတ်တဲ့လူတွေပါ။ မဆင်းသေးရင်တော့ နောက်ဆင်းမယ့်လူတွေအတွက် လမ်းလေးဖွင့်ပေးထားသင့်ပါတယ်။ဆင်းမလိုလိုနဲ့ အပေါက်ဝ ပိတ်ရပ်နေလို့ မှတ်တိုင်ကျော်ပါသွားတဲ့လူတွေ မနည်းပါဘူး။ ရှိသေးတယ်။ တစ်ချို ့က ” ဆင်းမှာလား ” မေးရင် မကြိုက်သလိုနဲ့ ” ဆင်းမှာ.. ဆင်းမှာ” ဆိုပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ဖြေတဲ့လူမျိုးတွေလည်း ကြုံဖူးပါတယ်။

စနစ်ကြီးကလည်း တဖြည်းဖြည်းပြောင်းလဲလာပါပြီ။ အရင်လို ဘုရားတပြီး စီးနေရတဲ့ကားမျိုးတွေလည်း မဟုတ်တော့ပါဘူး။ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးနေရင် ကိုယ့်စိတ်ခံစားချက်တစ်ခုတည်းကိုပဲ မကြည့်ပဲ အများနဲ့လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြပါစေ… 🙂

143 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.