ပရိသတ်တွေကိုရုတ်တရက်ကြီးအံ့အားသင့်စေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဒိတ်သတင်းအစက ဒီလို…
Unicode
တောင်ကိုရီးယားနိုင်ငံရဲ့မင်းသမီးချော Suzy နဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲမင်းသားချော Lee Dong Wook တို့ချစ်သူတွေဖြစ်နေကြတဲ့သတင်းကပရိသတ်တွေအတွက်အံ့အား သင့်စရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ကြတယ်မဟုတ်လား? ရုပ်ရှင်အတူတူရိုက်တာလည်းမတွေ့၊ရသစုံရှိုးတွေမှာလည်းအတူတူပါဝင်တာမျိုးမရှိ၊အသက်အရွယ်ချင်းကလည်းကွာလို့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ထားကြပါဘူး။အဲ့ဒါကြောင့် Suzy နဲ့ မင်းသား Lee Dong Wook တို့အကြား ဘယ်လိုတွေဆက်နွယ်ပြီးဘယ်လိုမျိုးချစ်သူတွေအဖြစ် အတည်ပြုကြေညာ လိုက်လဲဆိုတာကို ပြည်ပမီဒီယာတစ်ခုရဲ ့ဖော်ပြချက်အရပရိသတ်တွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
Suzy နဲ့ Lee Dong Wook ဒိတ်လုပ်နေကြတယ်ဆိုတဲ့သတင်းပျံ့နှံ့လာရတဲ့အကြောင်းရင်း ကတော့ Cheongdam-dong မှာသူတို့နှစ်ယောက်ကိုအတူမြင်တွေ့ခဲ့တဲ့မျက်မြင်သက်သေ တစ်ယောက် ကြောင့်ပဲဖြစ်ပါတယ်။သူ့ရဲ ့အဆိုအရ Lee Dong Wook ဟာ Suzy ကို အရမ်းဂရုစိုက်နေတဲ့ပုံစံပေါ်နေပါတယ်။သူတို့ကိုမြင်တဲ့ဘယ်သူမဆို အသစ်စက်စက်ချစ်သူ စုံတွဲတွေလို့မြင်ပါလိမ့်မယ်တဲ့။ကောလဟာလသတင်းပျံ့နှံ့ပြီးနောက်မှာနှစ်ယောက်လုံးရဲ ့အေဂျင်စီအသီးအသီးကသူတို့နှစ်ယောက်ဟာ အခုတစ်ယောက်ကိုတစ်ယောက်အကဲခတ် လေ့လာနေဆဲ ပါပဲဆိုပြီး ဒိတ်သတင်းနဲ့ပတ်သက်ပြီးအတည်ပြုပြောကြားခဲ့ပါတယ်။
မင်းသား၊မင်းသမီးနဲ့ရင်းနှီးသူ သူငယ်ချင်းတစ်ယောက်ကတော့ သူတို့နှစ်ယောက်ရဲ ့အချစ်ကိစ္စနဲ့ပတ်သက်ပြီး “တကယ်တော့သတင်းတွေပျံ့နှံ့လာတဲ့အချိန်ထိတိုင်အောင် သူတို့နှစ်ယောက်က တရားဝင်တွဲနေကြတာမဟုတ်သေးပါဘူး။သူတို့က မကြာခဏဆိုသလို အပြင်အတူတူထွက်ကြတယ်၊ကော်ဖီဆိုင်ထိုင်ကြတယ်၊ဟိုသွားဒီသွား လျှောက်လည်ကြပါတယ်။တကယ်လို့သူတို့ကိုဓာတ်ပုံရိုက်မိရင်တောင် စုံတွဲတွေလို့သံသယဖြစ်စရာတွေ့မှာမဟုတ်ပါဘူး။ဒါပေမဲ့
သူတို့နှစ်ယောက်ဒိတ်လုပ်နေကြတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ရှိလာတဲ့အချိန်မှာ နှစ်ယောက်လုံးက အံ့သြသွားခဲ့ပါတယ်။တွဲနေကြတာမဟုတ်ပေမဲ့ဒီသတင်းနဲ့ပတ်သက်ပြီး မငြင်းရတဲ့အကြောင်းက သူတို့ကတကယ်လည်းတစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားမှု ရှိနေကြလို့ပါပဲ။ထွက်လာတဲ့သတင်းတွေနဲ့အတူမီဒီယာတွေရဲ ့အာရုံစိုက်ခံလာရတဲ့အခါမှာတော့ သူတို့က ကောလဟာလသတင်းတွေကို အတည်ပြုခဲ့ပြီး တရားဝင်စတွဲခဲ့ကြတာ ဖြစ်မယ်လို့ထင်ပါတယ်ဆိုပြီးပြောပြခဲ့ပါတယ်။
တကယ်တော့ သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ရသစုံရှိုးတစ်ခုဖြစ်တဲ့ Strong Heart မှာ တွေ့ဆုံဖူးခဲ့ပါတယ်။အဲ့ဒီတုန်းက Suzy က သူမသဘောကျတဲ့ယောကျ်ားလေး
ပုံစံက Lee Dong Wook ဖြစ်တယ်လို့ပြောခဲ့ပြီးသူမကိုယ်တိုင်ဆွဲထားတဲ့ကာတွန်းပန်းချီလေးကို လက်ဆောင်ပေးခဲ့ဖူးပါတယ်။Win Winအစီအစဉ်တစ်ခုမှာလည်း IU က Lee Dong Wook နဲ့ပတ်သက်ပြီးစနောက်ခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ ၆နှစ်က Suzyသဘောကျနှစ်သက်တယ် လို့ပြောခဲ့ဖူးတဲ့ Lee Dong Wook ဟာ အခုလက်ရှိမှာတော့ သူမရဲ ့ချစ်သူဖြစ်နေပါပြီ။
အသက်အရွယ်အရ ကွာခြားပေမဲ့ Suzy က အသက် ၁၈နှစ်အရွယ်တုန်းက အင်တာဗျူးတစ်ခုမှာ
“တကယ်ချစ်လာတဲ့အခါမှာအသက်အရွယ်ကအရေးကြီးမှာမဟုတ်တော့ဘူးလို့ယုံကြည်ထားတယ်”လို့ပြောခဲ့ဖူးပါတယ်။Suzy နဲ့ Lee Dong Wook ဟာအသက် ၁၃နှစ်ကွာခြားပေမဲ့ အဲ့ဒါက သူတို့စုံတွဲအတွက်အနှောင့်အယှက်ဖြစ်မယ်လို့မထင်ပါဘူး။
ဒါဆိုရင်တော့ Suzy နဲ့ Lee Dong Wook တို့ရဲ ့အချစ်ရေးနဲ့ပတ်သက် လို့ပြည့်ပြည့်စုံစုံ သိလောက်ပြီ ထင်ပါတယ်နော်။ပရိသတ်ကြီးအတွက်သူတို့စုံတွဲပုံရိပ်လေးတွေပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
462 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.