အတွင်းခံနဲ့ ပက်သက်ပြီး ဒါလေးတွေတော့ သိထားသင့်ပါတယ်.. မိန်းကလေးမှန်ရင်ပေါ့

မိန်းကလေးတွေဆိုတာက အင်္ကျီတွေစကပ်တွေသာ ထည်လဲဝယ်နေကြတာ အဝတ်အစားနဲ့ပက်သက်ပြီးအမှန်တကယ်အရေးကြီးတဲ့အစိတ်အပိုင်းတွေကိုတော့မေ့ထားတတ်ကြပါတယ်။ အဲ့ဒါကတော့ အတွင်းခံတွေပါပဲ။ အတွင်းခံဆိုတာက ကိုယ့်ခန္ဓာကိုယ်နဲ့နေ့စဉ်မထိမဖြစ်ထိတွေ့နေရတဲ့အရာမို့ လျစ်လျူရှု့ထားပြီးအဆင်မပြေသလိုဝတ်နေလို့မရတဲ့အရာတွေပါ။ အတွင်းခံဆိုရာမှာ သိပ်မကြာသေးခင်က ခန္ဓာကိုယ်အပေါ်ပိုင်းအတွင်းခံတွေအကြောင်းရေးသားခဲ့ပြီးပြီမို့ ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်အောက်ပိုင်းအတွင်းခံနဲ့ပက်သက်ပြီးအရေးကြီးတဲ့အချက်တွေကိုတင်ပြပါ့မယ်။

 

ချည်သားအောက်ခံတွေကိုမဝတ်တာ

မိန်းကလေးအများစုကချည်သားအတွင်းခံတွေကို ရှောင်တတ်ကြပါတယ်။ တစ်ချို့ကလည်း ရည်ရွယ်ချက်ရှိရှိရှောင်တာဖြစ်ပြီးအချို့ကတော့ မသိလိုက်ပဲအလိုလိုကိုရှောင်မိတတ်ကြတာပါ။ အကြောင်းရင်းကတော့ ချည်သားအတွင်းခံတွေကခန္ဓာကိုယ်ကောက်ကြောင်းအလှကို တိတိရိရိမဖော်ပြပေးနိုင်တဲ့အပြင် ဆွဲဆောင်မှုမရှိဘူးလို့ခံစားမိလို့ပါပဲ။ မိန်းကလေးတွေရဲ့သည်းခြေကြိုက်က ပိုးပျော့အတွင်းခံတွေ၊ဒါမှမဟုတ် ဆွဲသားအတွင်းခံတွေပါ။အဲ့ဒါတွေကခန္ဓာကိုယ်ကောက်ကြောင်းအလှကို တိရိသေသပ်စွာ မြင်ရသူအပေါင်း ရင်သိမ့်တုန်အောင်ဖော်ပြပေးနိုင်စွမ်းရှိပေမယ့် သူတို့ရဲ့ကျန်းမာရေးအပေါ်စွမ်းဆောင်မှုကတော့ ဇီးရိုးပါ။ ပိုးပျော့တွေဆွဲသားတွေက လေဝင်ပေါက်မရှိတဲ့အတွက် အရေပြားကိုအသက်ရှုလို့မရဖြစ်စေပါတယ်။လေမဝင်တဲ့အခါ အရေပြားအတွင်းမှာလှောင်နေပြီး ယားယံတာတွေ အရေပြားမှိုပေါက်ပွားတာတွေပါဖြစ်စေတတ်ပါတယ်။ ချည်သားကတော့ လေဝင်လေထွက်ကောင်းစေတာကြောင့် ချည်သားကိုအိမ်မှာနေရင်းနဲ့ပဲဖြစ်ဖြစ် မကြာခဏဝတ်ဆင်ပေးသင့်ပါတယ်။ ပိုးပျော့တွေဘာတွေကိုတော့အရေးကြီိးတဲ့ပွဲလမ်းသဘင်တွေအတွက်သိမ်းဆည်းထားလိုက်ပါ။

 

အိပ်ရာဝင်တဲ့အခါ အတွင်းခံဝတ်အိပ်တာ

ကိုယ်လုံးတီိးအိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေက ဘယ်လောက်ပဲများပြားပါတယ်ဆိုဆို ဘာမှမဝတ်ပဲအိပ်စက်ရမှာကတော့ ကိုယ့်ကိုယ်ကိုယ်တောင်ရှက်စရာကြီးမဟုတ်လား။ဒါကြောင့် ကိုယ်လုံးတီးအိပ်ဖို့မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် ကြပ်တည်းတဲ့အတွင်းခံတွေကိုတော့ အိပ်စက်ချိန်မှာ ဝတ်မအိပ်သင့်တာအမှန်ပါ။ အိပ်ချိန်မှာအတွင်းခံတွေဝတ်အိပ်ခြင်းအားဖြင့် အထဲမှာ ခန္ဓာကိုယ်ယားယံတာ၊ပိုးဝင်တာတွေနဲ့ ဘက်တီးရီးယားတွေပေါက်ပွားစေတာကြောင့် ညတိုင်းသာဝတ်အိပ်မယ်ဆိုရင်ဖြင့် အရေပြားကင်ဆာဖြစ်နိုင်တာ ဧကန်အမှန်ပါပဲ။

 

နေ့ပိုင်းမှာ အတွင်းခံမဝတ်တာ

နေ့ပိုင်းမှာအတွင်းခံမဝတ်သူလေးတွေတော့ရှိမယ်မထင်ပါဘူးနော် 😛

ဒါပေမယ့် အချို့က အိမ်မှာနေချိန်ဆိုအတွင်းခံတွေမဝတ်ပဲနေတာတို့ သိပ်ကြပ်တဲ့ဘောင်းဘီတွေဝတ်ချိန်ဆို အတွင်းခံချွတ်ထားတာတို့လို လုပ်တတ်ပါတယ်။ အတွင်းခံပြဿနာကိုကိုယ့်နည်းကိုယ်ဟန်နဲ့ဖြေရှင်းတာဟာ တစ်ခဏတာအတွက်တော့အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နေ့တိုင်း အတွင်းခံမဝတ်ဘူးဆိုရင်တော့ ပြင်ပကပိုးမွှားတွေ မိန်းမကိုယ်ထဲဝင်ပြီး ဒုက္ခပေးတာ၊အပြင်အဝတ်တွေနဲ့ပွတ်တိုက်တာများလို့ ပွန်းပဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုနေနေ နေ့ပိုင်းမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အတွင်းခံလေးတော့ဝတ်ထားသင့်ပါတယ်။

 

ကိုယ့် size မဟုတ်တဲ့အတွင်းခံကိုဝတ်တာ

မိန်းကလေးအများစုထင်နေကြတာက အတွင်းခံဆိုတာ ကြပ်နေရမယ်ဆိုတာပါ။ အပေါ်ပိုင်းအတွင်းခံပဲဖြစ်ဖြစ် အောက်ပိုင်းအတွင်းခံပဲဖြစ်ဖြစ် ဝတ်ကြည့်လို့ကြပ်နေရင် ကွက်တိပဲဆိုပြီး ပီတိတွေဝေဖြာပြီးဝတ်တတ်ကြတာဟာ အင်မတန်ကြီးမားတဲ့အမှားကြီးတစ်ခုပါပဲ။ အတွင်းခံဆိုတာက ကြပ်ရမှာမဟုတ်သလို လေဝင်လေထွက်ကောင်းအောင် ချောင်ချောင်ချိချိဖြစ်နေရမှာလည်းမဟုတ်ပါဘူး။သူ့ဟာနဲ့သူလှုပ်သာလှည့်သာ ကွက်တိလေးဖြစ်နေရမှာပါ။ ဆိုက်ဒ်မမှန်တဲ့အတွင်းခံကိုဝတ်မိတဲ့အခါ private area ရဲ့ အစပ်နားတွေစပ်တာ၊ပွန်းတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ့်ဆိုက်ဒ်အမှန်ကိုတိုင်းတာပြီးရွေးချယ်ဝယ်ယူတတ်ဖို့အဓိကအရေးကြီးပါတယ်။

 

အတွင်းခံကိုလဲလှယ်ခြင်းမပြုတာ

အတွင်းခံဆိုတဲ့အရာမျိုးဟာ ခန္ဓာကိုယ်ပေါ်မှာ ရှစ်နာရီထက်ပိုပြီးထားသင့်တဲ့အရာမျိုးမဟုတ်ပါဘူး။ရှစ်နာရီလောက်ကြာရင်အသစ်တစ်ခုမဖြစ်မနေလဲလှယ်ပေးသင့်ပါတယ်။ချွေးထွက်များတတ်တဲ့လူဆိုရင်ပိုဆိုးပါတယ်။ ဝတ်ထားတာအချိန်ကြာလေ အတွင်းခံထဲမှာ ဘက်တီိးရီးယားပိုးမွှားတွေပေါက်ပွားလေဖြစ်မယ်ဆိုတာ သိထားသင့်ပါတယ်။ဒါ့အပြင် အတွင်းခံကို မှန်မှန်မလျှော်တာ၊ဆပ်ပြာမှုန့်အပြင်းစားတွေနဲ့လျှော်တာ၊ဆပ်ပြာစင်အောင်မလျှော်တာတွေကလည်း အရေပြားကိုမှိုစွဲစေနိုင်ပါတယ်။

 

ခုပြောပြသွားတာတွေကတော့ အတွင်းခံနဲ့ပက်သက်ပြီး မိန်းကလေးတိုင်းသိကိုသိသင့်တဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်မှန်ကန်တဲ့အတွင်းခံကို ရွေးချယ်ဝယ်ယူနိုင်ကြပါစေ။

 

Unicode Format

 






 







ခုပှောပှသှားတာတှကတေော့ အတှငြးခံနဲ့ပကသြကပြှီး မိနြြးကလေးတိုငြးသိကိုသိသငြ့တဲ့အကှောငြးအရာလေးတှဖှစေပြါတယြ။ ကိုယနြဲ့သငြ့တောမြှနကြနတြဲ့အတှငြးခံကို ရှေးခယွဝြယယြူနိုငကြှပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.