ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈျဖစ္တတ္တဲ႔ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းမ်ား

ပိန္ပိန္၀၀အမ်ိဳးသမီးတိုင္း ၾကံဳေတြ႔ရတတ္တဲ႔အခက္အခဲတစ္ခုရွိပါတယ္။ဘာလဲဆုိရင္ ေပါင္တြင္းသားပြန္းပဲ့နာက်င္ျခင္းပါ။လမ္းေလ်ွာက္တာမ်ားရင္ျဖစ္ျဖစ္ ေပါင္အခ်င္းခ်င္းပြတ္တိုက္မိျပီး နီျမန္းေယာင္ယမ္းတာေတြျဖစ္တတ္ပါတယ္။အထူးသျဖင့္ေႏြရာသီမွာ ေခြ်းပိုထြက္တဲ႔အတြက္ လမ္းမ်ားမ်ားေလွ်ာက္ရတဲ႔အခါ ကပ္ေစးေစးျဖစ္ျပီး ေပါင္တြင္းသားကုိပြန္းပဲ႔နာက်င္မႈျဖစ္ပါတယ္။

ခႏၶာကုိယ္၀တဲ႔အမိ်ဳးသမီးေတြဆိုရင္မၾကာခဏဆိုသလို ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈ ကိုၾကံဳရမွာျဖစ္သလို ခႏၶာကုိယ္ပိန္တဲ႔အမ်ိဳးသမီးေတြမွာလည္းေပါင္အတြင္းသားပြန္းပဲ႔မႈေတြ ျဖစ္ေၾကာင္းေလ့လာေတြ႔ရွိရပါတယ္။ပူအိုက္တဲ႔ရာသီမွာ ၾကပ္လြန္းတဲ႔ဂါ၀န္၊စကတ္စတဲ႔ အ၀တ္အစားေတြ၀တ္တာမ်ိဳးကလည္းေပါင္အတြင္းသားေတြ အခ်င္းခ်င္းပြတ္တိုက္မႈမ်ားေစလို႔ ပြန္းပဲ႔နာက်င္မႈျဖစ္လြယ္ပါတယ္။ဒီလုိေပါင္အတြင္းသားနာက်င္ပြန္းပဲ႔ေနျပီဆုိ လမ္းလည္း ေကာင္းေကာင္းေလ်ွာက္လုိ႔မရပဲစိတ္ဖိစီးမႈတအားျဖစ္တတ္ၾကပါတယ္။အျမန္ဆုံးလည္းသက္သာေပ်ာက္ကင္းသြားၾကပါတယ္။အဲ႔ဒါေၾကာင့္ မၾကာခဏဆိုသလုိေပါင္အတြင္းသား ပြန္းပဲ႔နာက်င္မႈျဖစ္တတ္တဲ႔အမ်ိဳးသမီးေတြအတြက္နည္းလမ္းေကာင္းေလးေတြကိုမ်ွေ၀ေပးလိုက္ပါတယ္။

၁)အုန္းဆီ
အုန္းဆီကအသားအရည္ကုိေခ်ာမြတ္ေစျပီး အနာက်က္ျမန္ေစတဲ႔ဓာတ္တစ္မိ်ဳး ပါရွိပါတယ္။ အုန္းဆီကုိ ပြန္းပဲ႔နာက်င္ေနတဲ႔ေနရာေပၚမွာ ျဖည္းျဖည္းခ်င္းလိမ္းလိုက္ပါ။ ညအိပ္ရာမ၀င္ခင္လိမ္းေပးထားမယ္ဆိုရင္မနက္ဆိုေတာ္ေတာ္ေလးသက္သာသြားပါလိမ့္မယ္။အေရျပားနာက်င္တာကုိျမန္ျမန္ဆန္ဆန္သက္သာေစတဲ႔အတြက္ အုန္းဆီကေတာ့ မရွိမျဖစ္လိုအပ္တဲ႔အရာတစ္ခုပါေနာ္။

၂)ရွားေစာင္းလက္ပတ္
အခုေနာက္ပုိင္းဆုိ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ဘူးေတြအမ်ားၾကီးေရာင္းခ်ေနတာျမင္ ေတြ႔ရမွာပါ။ရွားေစာင္းလက္ပတ္က အသားအရည္အမ်ိဳးအစားအားလံုးနဲ႔သင့္ေတာ္သလုိ မ်က္ႏွာတင္မကခႏၶာကုိယ္တစ္ခုလံုးအတြက္ပါအသံုး၀င္ပါတယ္။ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈျဖစ္လာရင္လည္းရွားေစာင္းလက္ပတ္ေလးအနည္းငယ္ပြတ္လိမ္းေပးပါ။နီျမန္းတာကုိေလ်ွာ့ခ်ေပးျပီးယားယံမႈကုိေျပေပ်ာက္ေစလို႔ သြားရလာရတာသက္သာေစပါတယ္။၂ရက္ေလာက္ အျမဲတေစ
လိမ္းေပးမယ္ဆိုရင္ အရွင္းေပ်ာက္သြားပါလိမ့္မယ္။ပြန္းပဲ႔နီျမန္းမႈေၾကာင့္ က်န္ေနမယ့္ အညိဳအမည္းေတြကုိလည္းေပ်ာက္ကင္းေစလုိ႔ ရွားေစာင္းလက္ပတ္ကိုလည္းပံုမွန္ေလး လိမ္းေပးဖုိ႔အၾကံပးခ်င္ပါတယ္။

၃)ေပါင္ဒါမႈန္႔
ကေလးေပါင္ဒါမႈန္႔ကလည္း ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈအတြက္ အသံုး၀င္ပါတယ္။ ပြန္းပဲ႔ဒဏ္ရာေပၚမွာ ေပါင္ဒါမႈန္႔ေလးအနည္းငယ္ျဖဴးေပးပါ။အသားအရည္ကုိေခ်ာမြတ္သြားေစလုိ႔ နာက်င္မႈကုိသက္သာေစပါတယ္။ညအိပ္ရာမ၀င္ခင္ေပါင္ဒါမႈန္႔ေလးအနည္းငယ္လိမ္းေပးထားပါ။မနက္က်သက္သာသြားတာျမင္ေတြ႔ရပါလိမ့္မယ္။ေပါင္ဒါဘူးအေသးေလးလည္းေဆာင္ထားသင့္ျပီး အျပင္ထြက္လို႔ေခြ်းအရမ္းထြက္လာတဲ႔အခါ သန္႔စင္ခန္းတစ္ခုခုကို၀င္ျပီး ေပါင္ဒါမႈန္႔အနည္းငယ္ လိမ္းေပးလိုက္တာက ပြန္းပဲ႔နာက်င္မႈျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

၄)ေရခဲ
အျပင္ကေန လမ္းေလ်ွာက္ျပန္လာတဲ႔အခ်ိန္ ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈျဖစ္ပါက အိမ္ျပန္ေရာက္တဲ႔အခါ ေရခဲေလးကပ္ေပးပါ။ေရခဲက နီျမန္းတာကိုေလ်ွာ့ခ်ေပးျပီး အေရျပားဒဏ္ရာ ကုိသက္သာေစပါတယ္။ပြန္းပဲ႔ေနတဲ႔ေနရာနားကုိ ေရနဲ႔သန္႔စင္ေအာင္ ေဆးခ်ျပီး ေရခဲေလးကပ္ေပးပါ။ျပီးရင္အေရျပားေခ်ာမြတ္ေစတဲ႔ အုန္းဆီ၊ရွားေစာင္းလက္ပတ္ တစ္မ်ိဳးမ်ိဳးလိမ္းေပးထားပါ။

၅)Vaseline
Vaseline ဟာဆိုရင္လည္းအသားအရည္အတြက္အရမ္းအသံုး၀င္တဲ႔အလွဆီ တစ္မ်ိဳးျဖစ္ပါတယ္။တကယ္လို႔သင္ဟာ မၾကာခဏဆုိသလုိ ေပါင္အတြင္းသား ပြန္းပဲ႔နာက်င္မႈျဖစ္တယ္ဆိုရင္ အျပင္မထြက္ခင္မွာ Vaseline အလွဆီကုိ ခပ္ပါးပါးေလးလိမ္းျပီးမွအျပင္ထြက္ဖုိ႔အၾကံေပးခ်င္ပါတယ္။အဲ႔ဒါက
ေပါင္သားအခ်င္းခ်င္းပြတ္တိုက္မိတဲ႔အခါမွာလည္း ေခ်ာမြတ္ေစလုိ႔ ပြန္းပဲ႔မႈမျဖစ္ေစပါဘူး။

ေပါင္သားပြန္းပဲ႔နာက်င္မႈျဖစ္တတ္တဲ႔အမ်ိဳးသမီးေတြကုိမွာခ်င္တာကေတာ့ အ၀တ္အစားကုိ ေရြးခ်ယ္ျပီး၀တ္ဆင္ဖို႔ပါပဲ။သက္ေတာင့္သက္သာရွိတဲ႔ခ်ည္ထည္မ်ိဳး၊ခပ္ပြပြေဘာင္းဘီ၊ စကတ္မ်ိဳးကုိေရြးခ်ယ္ျပီး၀တ္ဆင္ေပးပါ။အရမ္းၾကပ္တ႔ဲအ၀တ္အစားေတြနဲ႔ေနပူဒဏ္ကုိတိုက္ရိုက္ထိေတြ႔နုိင္တဲ႔အေရာင္ေတြကုိေရွာင္ျပီး၀တ္ဆင္ေပးပါ။အျပင္ထြက္ခိ်န္တိုင္းမွာ အလွဆီတစ္မ်ိဳးမ်ိဳးလိမ္းျပီးမွအျပင္ထြက္တာက ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈက
ေန ကာကြယ္ျပီးသားျဖစ္ေစပါတယ္။

Unicode

ပိန်ပိန်ဝဝအမျိုးသမီးတိုင်း ကြုံတွေ့ရတတ်တဲ့အခက်အခဲတစ်ခုရှိပါတယ်။ဘာလဲဆိုရင် ပေါင်တွင်းသားပွန်းပဲ့နာကျင်ခြင်းပါ။လမ်းလျှောက်တာများရင်ဖြစ်ဖြစ် ပေါင်အချင်းချင်းပွတ်တိုက်မိပြီး နီမြန်းယောင်ယမ်းတာတွေဖြစ်တတ်ပါတယ်။အထူးသဖြင့်နွေရာသီမှာ ချွေးပိုထွက်တဲ့အတွက် လမ်းများများလျှောက်ရတဲ့အခါ ကပ်စေးစေးဖြစ်ပြီး ပေါင်တွင်းသားကိုပွန်းပဲ့နာကျင်မှုဖြစ်ပါတယ်။

ခန္ဓာကိုယ်ဝတဲ့အမျိုးသမီးတွေဆိုရင်မကြာခဏဆိုသလို ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှု ကိုကြုံရမှာဖြစ်သလို ခန္ဓာကိုယ်ပိန်တဲ့အမျိုးသမီးတွေမှာလည်းပေါင်အတွင်းသားပွန်းပဲ့မှုတွေ ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ပူအိုက်တဲ့ရာသီမှာ ကြပ်လွန်းတဲ့ဂါဝန်၊စကတ်စတဲ့ အဝတ်အစားတွေဝတ်တာမျိုးကလည်းပေါင်အတွင်းသားတွေ အချင်းချင်းပွတ်တိုက်မှုများစေလို့ ပွန်းပဲ့နာကျင်မှုဖြစ်လွယ်ပါတယ်။ဒီလိုပေါင်အတွင်းသားနာကျင်ပွန်းပဲ့နေပြီဆို လမ်းလည်း ကောင်းကောင်းလျှောက်လို့မရပဲစိတ်ဖိစီးမှုတအားဖြစ်တတ်ကြပါတယ်။အမြန်ဆုံးလည်းသက်သာပျောက်ကင်းသွားကြပါတယ်။အဲ့ဒါကြောင့် မကြာခဏဆိုသလိုပေါင်အတွင်းသား ပွန်းပဲ့နာကျင်မှုဖြစ်တတ်တဲ့အမျိုးသမီးတွေအတွက်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

၁)အုန်းဆီ
အုန်းဆီကအသားအရည်ကိုချောမွတ်စေပြီး အနာကျက်မြန်စေတဲ့ဓာတ်တစ်မျိုး ပါရှိပါတယ်။ အုန်းဆီကို ပွန်းပဲ့နာကျင်နေတဲ့နေရာပေါ်မှာ ဖြည်းဖြည်းချင်းလိမ်းလိုက်ပါ။ ညအိပ်ရာမဝင်ခင်လိမ်းပေးထားမယ်ဆိုရင်မနက်ဆိုတော်တော်လေးသက်သာသွားပါလိမ့်မယ်။အရေပြားနာကျင်တာကိုမြန်မြန်ဆန်ဆန်သက်သာစေတဲ့အတွက် အုန်းဆီကတော့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါနော်။

၂)ရှားစောင်းလက်ပတ်
အခုနောက်ပိုင်းဆို ရှားစောင်းလက်ပတ်ဂျယ်လ်ဘူးတွေအများကြီးရောင်းချနေတာမြင် တွေ့ရမှာပါ။ရှားစောင်းလက်ပတ်က အသားအရည်အမျိုးအစားအားလုံးနဲ့သင့်တော်သလို မျက်နှာတင်မကခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါအသုံးဝင်ပါတယ်။ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှုဖြစ်လာရင်လည်းရှားစောင်းလက်ပတ်လေးအနည်းငယ်ပွတ်လိမ်းပေးပါ။နီမြန်းတာကိုလျှော့ချပေးပြီးယားယံမှုကိုပြေပျောက်စေလို့ သွားရလာရတာသက်သာစေပါတယ်။၂ရက်လောက် အမြဲတစေ
လိမ်းပေးမယ်ဆိုရင် အရှင်းပျောက်သွားပါလိမ့်မယ်။ပွန်းပဲ့နီမြန်းမှုကြောင့် ကျန်နေမယ့် အညိုအမည်းတွေကိုလည်းပျောက်ကင်းစေလို့ ရှားစောင်းလက်ပတ်ကိုလည်းပုံမှန်လေး လိမ်းပေးဖို့အကြံပးချင်ပါတယ်။

၃)ပေါင်ဒါမှုန့်
ကလေးပေါင်ဒါမှုန့်ကလည်း ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှုအတွက် အသုံးဝင်ပါတယ်။ ပွန်းပဲ့ဒဏ်ရာပေါ်မှာ ပေါင်ဒါမှုန့်လေးအနည်းငယ်ဖြူးပေးပါ။အသားအရည်ကိုချောမွတ်သွားစေလို့ နာကျင်မှုကိုသက်သာစေပါတယ်။ညအိပ်ရာမဝင်ခင်ပေါင်ဒါမှုန့်လေးအနည်းငယ်လိမ်းပေးထားပါ။မနက်ကျသက်သာသွားတာမြင်တွေ့ရပါလိမ့်မယ်။ပေါင်ဒါဘူးအသေးလေးလည်းဆောင်ထားသင့်ပြီး အပြင်ထွက်လို့ချွေးအရမ်းထွက်လာတဲ့အခါ သန့်စင်ခန်းတစ်ခုခုကိုဝင်ပြီး ပေါင်ဒါမှုန့်အနည်းငယ် လိမ်းပေးလိုက်တာက ပွန်းပဲ့နာကျင်မှုဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၄)ရေခဲ
အပြင်ကနေ လမ်းလျှောက်ပြန်လာတဲ့အချိန် ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှုဖြစ်ပါက အိမ်ပြန်ရောက်တဲ့အခါ ရေခဲလေးကပ်ပေးပါ။ရေခဲက နီမြန်းတာကိုလျှော့ချပေးပြီး အရေပြားဒဏ်ရာ ကိုသက်သာစေပါတယ်။ပွန်းပဲ့နေတဲ့နေရာနားကို ရေနဲ့သန့်စင်အောင် ဆေးချပြီး ရေခဲလေးကပ်ပေးပါ။ပြီးရင်အရေပြားချောမွတ်စေတဲ့ အုန်းဆီ၊ရှားစောင်းလက်ပတ် တစ်မျိုးမျိုးလိမ်းပေးထားပါ။

၅)Vaseline
Vaseline ဟာဆိုရင်လည်းအသားအရည်အတွက်အရမ်းအသုံးဝင်တဲ့အလှဆီ တစ်မျိုးဖြစ်ပါတယ်။တကယ်လို့သင်ဟာ မကြာခဏဆိုသလို ပေါင်အတွင်းသား ပွန်းပဲ့နာကျင်မှုဖြစ်တယ်ဆိုရင် အပြင်မထွက်ခင်မှာ Vaseline အလှဆီကို ခပ်ပါးပါးလေးလိမ်းပြီးမှအပြင်ထွက်ဖို့အကြံပေးချင်ပါတယ်။အဲ့ဒါက
ပေါင်သားအချင်းချင်းပွတ်တိုက်မိတဲ့အခါမှာလည်း ချောမွတ်စေလို့ ပွန်းပဲ့မှုမဖြစ်စေပါဘူး။

ပေါင်သားပွန်းပဲ့နာကျင်မှုဖြစ်တတ်တဲ့အမျိုးသမီးတွေကိုမှာချင်တာကတော့ အဝတ်အစားကို ရွေးချယ်ပြီးဝတ်ဆင်ဖို့ပါပဲ။သက်တောင့်သက်သာရှိတဲ့ချည်ထည်မျိုး၊ခပ်ပွပွဘောင်းဘီ၊ စကတ်မျိုးကိုရွေးချယ်ပြီးဝတ်ဆင်ပေးပါ။အရမ်းကြပ်တဲ့အဝတ်အစားတွေနဲ့နေပူဒဏ်ကိုတိုက်ရိုက်ထိတွေ့နိုင်တဲ့အရောင်တွေကိုရှောင်ပြီးဝတ်ဆင်ပေးပါ။အပြင်ထွက်ချိန်တိုင်းမှာ အလှဆီတစ်မျိုးမျိုးလိမ်းပြီးမှအပြင်ထွက်တာက ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှုက
နေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

146 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.