ခ်စ္သူရည္းစားေတြျကားရန္ျဖစ္တဲ႔အခါဒီလုိနည္းေလးေတြနဲ႔ျငိမ္းခ်မ္းေရးယူရေအာင္…

အိမ္း…အတြဲတိုင္းကေတာ႔ရန္မျဖစ္ဘူးဆိုတာရယ္မရွိေလပါဘူး။ အနည္းနဲ႕မ်ားေတာ႔စိတ္ဆိုး၊ စိတ္ေကာက္ရန္ျဖစ္ စိတ္တိုတာမ်ိဳးေတြေတာ႔အမ်ားျကီးျဖစ္တတ္ျကတာပါပဲ။ တကယ္ခ်စ္ခဲ႔ျကျပီးမွဒီလိုဘာမဟုတ္တဲ႔ရန္ျဖစ္တဲ႔ကိစၥေလးေျကာင္႔ ကိုယ္႔ေပၚေကာင္းတဲ႔ကိုယ္႔ခ်စ္သူကိုဆံုးရံႈးမခံပဲ ဘယ္လိုျငိမ္းခ်မ္းေရးေလးေတြယူသင္႔သလဲဆိုတာ…
(၁) ခဏေလာက္တစ္ေယာက္နဲ႕တစ္ေယာက္စကားမေျပာပဲေနလိုက္ပါ
ရန္ျဖစ္ျပီးေဒါသျကီးေနက်တဲ႔အခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္တဲ႔စိတ္ေတြေပ်ာက္တတ္ျကပါတယ္။ ဒါေျကာင္႔ဒီလုိပူထူျပီးစကားမ်ားေနတဲ႔အခ်ိန္ေရာက္ျပီဆိုရင္ေတာ႔ ခဏေလာက္ျငိမ္ျငိမ္ေလးေနျပီး တစ္ေယာက္နဲ႕တစ္ေယာက္စကားဆက္မေျပာနဲ႕ အခ်ိန္အနည္းေလာက္ေပးျပီး ေရွာင္
ေနလုိက္ပါ။ ဒါဟာ စိတ္ကုိတည္ျငိမ္ေအာင္လုပ္တာမ်ိဳးျဖစ္ျပီး ခဏတာစိတ္ကိုေအးခ်မ္းသြားေစပါတယ္။
(၂) အခ်ိန္သိပ္မျကာခင္မွာ ေအာက္က်တယ္မထင္ပဲျပန္ဆက္သြယ္ပါ
တစ္ေယာက္နဲ႕တစ္ေယာက္တကယ္ခ်စ္တဲ႔စံုတြဲေတြမွန္ရင္ အခ်င္းခ်င္းဘယ္သူ႕ဘက္စေခၚမွေခၚမယ္ဆိုတဲ႔မာနေတြမထားပဲ ျပန္ဆက္သြယ္ပါ။အခ်ိန္ျကာျကာျကီးပစ္ထားတာကလည္းစိတ္ကိုေထြျပားေစျပီး အေနပိုေ၀းေစတာမလို႕ စိတ္ျငိ္မ္သြားတဲ႔မျကာခင္မွာျပန္ေခၚလုိက္ပါ။
(၃) ျဖစ္သမ်ွအေျကာင္းအရင္းအားလံုးကိုနွစ္ေယာက္သားေခါင္းခ်င္းဆုိင္တုိင္ပင္ျပီးအေျဖညိွပါျဖစ္သမ်ွအေျကာင္းအရင္းအားလံုးကို အခ်င္းခ်င္းေတြ႕စံုတဲ႔အခါနွစ္ဦးသား ညိွနႈိင္းေဆြးေႏြးျပီးနားည္မႈျပန္ယူပါ။ ျဖစ္ျပီးရင္ျပီးတာပဲလို႕ ပစ္မထားပဲ ေနာင္ဆိုဒီလိုအလားတူျပႆနာေတြထပ္မျဖစ္လာေအာင္ျကိုးစားျပီး တုိင္ပင္ေျဖရွင္းျကည္႔ပါ။
(၄) တစ္ေယာက္မရွိရင္တစ္ေယာက္မျဖစ္တာသိသာပါေစ
တစ္ေယာက္မရွိရင္တစ္ေယာက္မျဖစ္ဖူးဆိုတာကို သိသာေအာင္ျပတတ္ပါေစ။ရန္ျဖစ္ကာစစံုတြဲတစ္ခ်ိဳ႕မွာလိုအပ္တာက ရန္ျဖစ္ေနတုန္းက ေျပာတဲ႔ေဒါသစကားေတြနာနာက်င္က်င္စကားေတြကိုဖံုးလႊမ္းေမ႔ေပ်ာက္သြားနိုင္မဲ႔ တစ္ေယာက္ကိုတစ္ေယာက္လိုအပ္တယ္ဆိုတဲ႔ျကင္နာယုယတဲ႔အျပဳမူေတြပါ။ ဒါေျကာင္႔ျပန္ေခၚတဲ႔အခ်ိန္မွာတစ္ေယာက္ကိုတစ္ေယာက္မရွိမျဖစ္လုိအပ္တာသိပါေစ။
(၅) ေနာက္ထပ္အလားတူကိစၥေတြထပ္မျဖစ္ေအာင္ကတိျပဳရင္းေပြ႕ဖက္ပါ
အခုလုိကိစၥမ်ိဳးေနာက္ထပ္မျဖစ္ေအာင္ကတိေတြျပဳရင္းတစ္ေယာက္နဲ႕တစ္ေယာက္ျပန္လည္ျငိမ္းခ်မ္းသင္႔ျမတ္တဲ႔အေနနဲ႕ေပြ႕ဖက္ပါ။ ေပြ႕ဖက္ျခင္းက တစ္ေယာက္ရဲ႕အခ်စ္ကိုတစ္ေယာက္ခံစားမိေစတဲ႔အလြယ္ကူဆံုးခ်စ္စရာေကာင္းတဲ႔ အထိေတြ႕တစ္ခုျဖစ္တာေျကာင္႔ ျပန္လည္သင္႔ျမတ္ခ်ိန္မွာ မျဖစ္မေနတစ္ေယာက္ကိုတစ္ေယာက္ေပြ႕ဖက္ေပးပါ။

တကယ္တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ျကရင္ရန္ျဖစ္ရင္းစဥ္းစားမိရမွာတစ္ခုကသူသာမရွိေတာ႔ရင္ဆုိတာမ်ိဳးပါ၊ တစ္ျခားအရာေတြအတြက္ အခ်ိန္ကုန္ရန္ျဖစ္ေနမဲ႔အစား ကိုယ္႔ခ်စ္သူသက္ရွိထင္ရွားကိုယ္႔ေဘးနားမွာခ်စ္ရင္းရွိေနတာေလးကိုပဲတန္ဖိုးထားျပီး တစ္ေယာက္ေပၚတစ္ေယာက္နားလည္ေအာင္ေနထိုင္သင္႔ေျကာင္းပါ။ ဆိုေတာ႔ တစ္ခါတစ္ရံျပႆနာတတ္ခဲ႔လည္း အခ်င္းခ်င္းျပန္လည္ျငိမ္ခ်မ္းေရးယူနိုင္ျကပါေစလုိ႕ဆုေတာင္းရင္း…

Unicode

အိမ်း…အတွဲတိုင်းကတော့ရန်မဖြစ်ဘူးဆိုတာရယ်မရှိလေပါဘူး။ အနည်းနဲ့များတော့စိတ်ဆိုး၊ စိတ်ကောက်ရန်ဖြစ် စိတ်တိုတာမျိုးတွေတော့အများကြီးဖြစ်တတ်ကြတာပါပဲ။ တကယ်ချစ်ခဲ့ကြပြီးမှဒီလိုဘာမဟုတ်တဲ့ရန်ဖြစ်တဲ့ကိစ္စလေးကြောင့် ကိုယ့်ပေါ်ကောင်းတဲ့ကိုယ့်ချစ်သူကိုဆုံးရှုံးမခံပဲ ဘယ်လိုငြိမ်းချမ်းရေးလေးတွေယူသင့်သလဲဆိုတာ…
(၁) ခဏလောက်တစ်ယောက်နဲ့တစ်ယောက်စကားမပြောပဲနေလိုက်ပါ
ရန်ဖြစ်ပြီးဒေါသကြီးနေကျတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့စိတ်တွေပျောက်တတ်ကြပါတယ်။ ဒါကြောင့်ဒီလိုပူထူပြီးစကားများနေတဲ့အချိန်ရောက်ပြီဆိုရင်တော့ ခဏလောက်ငြိမ်ငြိမ်လေးနေပြီး တစ်ယောက်နဲ့တစ်ယောက်စကားဆက်မပြောနဲ့ အချိန်အနည်းလောက်ပေးပြီး ရှောင်
နေလိုက်ပါ။ ဒါဟာ စိတ်ကိုတည်ငြိမ်အောင်လုပ်တာမျိုးဖြစ်ပြီး ခဏတာစိတ်ကိုအေးချမ်းသွားစေပါတယ်။
(၂) အချိန်သိပ်မကြာခင်မှာ အောက်ကျတယ်မထင်ပဲပြန်ဆက်သွယ်ပါ
တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်တဲ့စုံတွဲတွေမှန်ရင် အချင်းချင်းဘယ်သူ့ဘက်စခေါ်မှခေါ်မယ်ဆိုတဲ့မာနတွေမထားပဲ ပြန်ဆက်သွယ်ပါ။အချိန်ကြာကြာကြီးပစ်ထားတာကလည်းစိတ်ကိုထွေပြားစေပြီး အနေပိုဝေးစေတာမလို့ စိတ်ငြိ်မ်သွားတဲ့မကြာခင်မှာပြန်ခေါ်လိုက်ပါ။
(၃) ဖြစ်သမျှအကြောင်းအရင်းအားလုံးကိုနှစ်ယောက်သားခေါင်းချင်းဆိုင်တိုင်ပင်ပြီးအဖြေညှိပါဖြစ်သမျှအကြောင်းအရင်းအားလုံးကို အချင်းချင်းတွေ့စုံတဲ့အခါနှစ်ဦးသား ညှိနှိုင်းဆွေးနွေးပြီးနားည်မှုပြန်ယူပါ။ ဖြစ်ပြီးရင်ပြီးတာပဲလို့ ပစ်မထားပဲ နောင်ဆိုဒီလိုအလားတူပြဿနာတွေထပ်မဖြစ်လာအောင်ကြိုးစားပြီး တိုင်ပင်ဖြေရှင်းကြည့်ပါ။
(၄) တစ်ယောက်မရှိရင်တစ်ယောက်မဖြစ်တာသိသာပါစေ
တစ်ယောက်မရှိရင်တစ်ယောက်မဖြစ်ဖူးဆိုတာကို သိသာအောင်ပြတတ်ပါစေ။ရန်ဖြစ်ကာစစုံတွဲတစ်ချို့မှာလိုအပ်တာက ရန်ဖြစ်နေတုန်းက ပြောတဲ့ဒေါသစကားတွေနာနာကျင်ကျင်စကားတွေကိုဖုံးလွှမ်းမေ့ပျောက်သွားနိုင်မဲ့ တစ်ယောက်ကိုတစ်ယောက်လိုအပ်တယ်ဆိုတဲ့ကြင်နာယုယတဲ့အပြုမူတွေပါ။ ဒါကြောင့်ပြန်ခေါ်တဲ့အချိန်မှာတစ်ယောက်ကိုတစ်ယောက်မရှိမဖြစ်လိုအပ်တာသိပါစေ။
(၅) နောက်ထပ်အလားတူကိစ္စတွေထပ်မဖြစ်အောင်ကတိပြုရင်းပွေ့ဖက်ပါ
အခုလိုကိစ္စမျိုးနောက်ထပ်မဖြစ်အောင်ကတိတွေပြုရင်းတစ်ယောက်နဲ့တစ်ယောက်ပြန်လည်ငြိမ်းချမ်းသင့်မြတ်တဲ့အနေနဲ့ပွေ့ဖက်ပါ။ ပွေ့ဖက်ခြင်းက တစ်ယောက်ရဲ့အချစ်ကိုတစ်ယောက်ခံစားမိစေတဲ့အလွယ်ကူဆုံးချစ်စရာကောင်းတဲ့ အထိတွေ့တစ်ခုဖြစ်တာကြောင့် ပြန်လည်သင့်မြတ်ချိန်မှာ မဖြစ်မနေတစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ပေးပါ။

တကယ်တစ်ယောက်နဲ့တစ်ယောက်ချစ်ကြရင်ရန်ဖြစ်ရင်းစဉ်းစားမိရမှာတစ်ခုကသူသာမရှိတော့ရင်ဆိုတာမျိုးပါ၊ တစ်ခြားအရာတွေအတွက် အချိန်ကုန်ရန်ဖြစ်နေမဲ့အစား ကိုယ့်ချစ်သူသက်ရှိထင်ရှားကိုယ့်ဘေးနားမှာချစ်ရင်းရှိနေတာလေးကိုပဲတန်ဖိုးထားပြီး တစ်ယောက်ပေါ်တစ်ယောက်နားလည်အောင်နေထိုင်သင့်ကြောင်းပါ။ ဆိုတော့ တစ်ခါတစ်ရံပြဿနာတတ်ခဲ့လည်း အချင်းချင်းပြန်လည်ငြိမ်ချမ်းရေးယူနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.