ဒေါသကုမ္မာရဘ၀ကကျွတ်လွတ်စေဖို့
(၁) အသက်ပြင်းပြင်းရူပါ
(၆) မကြာခဏတရားထိုင်ပါ
Unicode
လူတိုင်းကတော့သွေးနဲ့ကိုယ်သားနဲ့ကိုယ်မို့ချစ်တတ်မုန်းတတ် ခံစားတတ်ပြီး ဒေါသထွက်တတ်ကြတာတွေကသဘာဝတွေပါပဲ။ ဒါပင်မဲ့ဒေါသမောဟတွေလိုတာထက်ပိုပြီးကြီးမားတတ်ကြတဲ့သူတွေဟာ ဘဝမှာအပျက်စီးပိုများစေတာမလို့စိတ်မထိန်းနို်င်လို့ဖြစ်ပေါ်လာတဲ့ဒေါသတွေကိုကင်းငြိမ်းသွာအောင်ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတာ…
(၁) အသက်ပြင်းပြင်းရူပါ
အသက်ပြင်းပြင်းရှုပါ၊ ဦးစွာ ဒေါသစိတ်ကိုအမြန်ဆုံးထိန်းချုပ်နိုင်မဲ့နည်းလမ်းက အသက်ပြင်းပြင်းရှုတဲ့နည်းလမ်းပါပဲ။ အသက်ဝအောင်ရှုသွင်းပြီးစိတ်ကိုခဏလေးတည်ငြိမ်အောင်ထားလိုက်ပါ။
(၂) ခဏငြိမ်ပြီးဖြစ်စဉ်အားလုံးးကိုအစအဆုံးပြန်တွေးပါ
လူရောစိတ်ကောတည်ငြိမ်တဲ့အချိန်မှာ ဒေါသဖြစ်ရတဲ့အကြောင်းရင်းနဲ့ပတ်သတ်တဲ့ကိစ္စရဲ့အကြောင်းအရင်းကို အစဆုံးပြန်လည်တွေးတောကြည့်ပါ။ ဘာကြောင့် ဘယ်လိုစဖြစ်ရတယ်ကအစ အခုလိုဒေါသဖြစ်လာရတယ်ဆိုတာထိစိတ်အေးစွာပြန်စဉ်းစားကြည့်ပါ။
(၃) အဖက်ဖက်ကပြန်လည်သုံးသပ်ပါ
စဉ်းစားပြီးချိန်မှာတော့ အဖက်ဖက်ကနေပြန်လည်သုံးသပ်ကြည့်ပါ။ ဒီကိစ္စမှာဘယ်သူက အဓိကတရားခံ၊ ဘယ်အကြောင်းအရာကိုအရင်းခံပြီးဒီလိုတွေဖြစ်လာရတယ်ဆိုတာကို အဖက်ဖက်ကသုံးသပ်ပါ။ သေချာပါတယ်ဒီအဆင့်လောက်ထိလုပ်နိုင်ခဲ့ရင်သင့်ဒေါသတွေကိုအနည်းငယ်ထိန်းထားနိုင်ခဲ့ပါပြီ။
(၄) ဖြေရှင်းစရာနည်းလမ်းရှာဖွေပါ
ဒေါသကြီးတာတွေတစ်ဖြည်းဖြည်းလျော့လာရင်တော့ဖြေရှင်းစရာနည်းလမ်းအမှန်ကိုုစိတ်အေးအေးနဲ့ရှာဖွေပါ။ ဘယ်လိုဖြေရှင်းရင်အကောင်းဆုံးဖြစ်မယ်ဆိုတာကိုရှာဖွေနေချိန်မှာ အတ္တတွေမာနတွေကိုဘေးဖယ်ထားပြီး အဖက်ဖက်ကအဆင်ပြေတဲ့နည်းလမ်းကိုစဉ်းစားပေးဖို့လိုပါတယ်။
(၅) ဒေါသကြောင့်လုပ်လိုက်မိရင်ဖြစ်လာမဲ့နောက်ဆက်တွဲကိုတွေးတောပါ
ဒေါသကြောင့် လုပ်လိုက်မိလို့ ဆက်ဖြစ်လာမဲ့နောက်ဆက်တွဲပူလောက်မှုတွေကိုတွေးတောပါ။ ဒီလိုဒေါသတကြီး နဲ့မကောင်းမှုတွေကျူးလွန်ခဲ့ရင်အခုထက်ပိုပြီးနာကျင်ခံစားနိုင်ရတာမလို့ ဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုတွေးတောပြီးထိန်းချုပ်လိုက်ပါ။
(၆) မကြာခဏတရားထိုင်ပါ
အားတဲ့အချိန်တွေမှာ မကြာခဏဆိုသလို တရားထိုင်ပါ။ တရားထိုင်ခြင်းဟာ ပုံမှန်ထက်စိတ်ကိုပိုထိန်းချုပ်နို်င်တာမလို့ မကြာခဏဆိုသလို တရားထိုင်တတ်ခြင်းကြောင့် ဒေါသမီးတောက်ပြီး စိတ်ကြီးတာတွေကို အချိန်မှီထိန်းချုပ်ပေးနိုင်ပါတယ်။
ဒေါသဆိုတာလူတိုင်းဖြစ်တတ်ကြပေမဲ့ စိတ်ကလေးနဲ့အချိန်မှီထိန်းနိုင်ရင်အေးချမ်းပါတယ်။ ဒါကြောင့် အပေါ်ကနည်းလမ်းလေးတစ်ချို့နဲ့ဒေါသကြီးခြင်းကိုထိန်းချုပ်နိုင်ကြပါစေလို့ဆုတောင်းရင်း…
101 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.