မိန္းကေလးေတြမွာသာေတြ႔ႏုိင္မယ့္ ထူးျခားတဲ႔စြမး္ရည္တစ္ခ်ိဳ႔…

ေယာက်္ားေလးနဲ႔မိန္းကေလးၾကားမွာမတူညီတာတဲ႔အခ်က္ေတြကုိေလ့လာၾကည့္မယ္ဆိုရင္ ရုပ္ပုိင္းဆုိင္ရာတင္မက စိတ္ပုိင္းဆုိင္ရာေတြပါကြာျခားမႈရွိပါတယ္။အေသးစိတ္ေလ့လာ ခ်က္အရေတာ့ ေယာက်ာ္းေလးေတြမွာမရွိႏုိင္တဲ႔ဒီလုိအခ်က္ေတြကုိ မိန္းကေလးေတြက ပုိင္ဆုိင္ထားပါတယ္တဲ႔။ဘယ္လုိအခ်က္ေတြသာလြန္ေနလဲဆိုရင္…

 ၁)မိ်ဳးဆက္သစ္ေလးေတြကုိလူ႔ေလာကထဲေခၚေဆာင္ေပးႏုိင္
ေယာက်္ားေလးေတြရဲ ႔အကူအညီတစ္စိတ္တစ္ပုိင္းလည္းပါ၀င္တယ္ဆိုေပမဲ႔ ေနာက္ဆံုး လူ႔ေလာကထဲကုိ ႏုိင္ငံရဲ ႔မိ်ဳးဆက္သစ္ေလးေတြေခၚေဆာင္ေပးႏုိင္တာမိန္းကေလးေတြ ပဲဆိုတဲ႔အခ်က္က ျငင္းစရာမလိုတဲ႔အခ်က္တစ္ခုပါပဲ။တိုးတက္လာတဲ႔ေခတ္အရ ေယာက်္ားေလးေတြ ကုိယ္၀န္ေဆာင္ႏုိင္လာရင္ေတာ့လည္း ဒီအခ်က္က ေယာက်္ားေလးနဲ႔ မိန္းကေလးတူညီတဲ႔ အခ်က္တစ္ခုျဖစ္သြားႏုိင္တာေပါ့ေလ။

၂)စိတ္ရွည္သည္းခံႏုိင္စြမ္းပုိျမင့္
မိန္းကေလးနဲ႔ေယာက်္ားေလးယွဥ္လာရင္ ပုိျပီးစိတ္ရွည္သည္းခံႏုိင္စြမ္းရွိတာမိန္းကေလးေတြဆိုရင္ မွားမယ္မထင္ပါဘူး။မိန္းကေလးေတြစိတ္ရွည္သည္းခံႏုိင္လားမခံႏုိင္လားဆိုတာ ကုိယ္၀န္ေဆာင္ခ်ိန္ကုိၾကည့္လုိက္ရံုနဲ႔သိပါတယ္။၉လလြယ္ဆယ္လဖြားဆိုသလုိ ၉လလံုးလံုး အစားအေသာက္၊အေနအထိုင္ကအစေရွာင္ရ၊မၾကိဳက္ေပမဲ႔ ကေလးအတြက္အားျဖစ္ေစတဲ႔ အရာဆုိ သည္းခံျပီးစားရ၊ေမြးဖြားခါနီးဗုိက္နာလာရင္လည္း ကေလးစိတ္တစ္ခုတည္းနဲ႔နာက်င္မႈ ကုိသည္းခံရနဲ႔ စိတ္ရွည္သည္းခံႏုိင္စြမ္းအျပည့္ရွိၾကသူေတြပါ။

၃)အလိုလိုသိႏုိင္တဲ႔စိတ္ခံစားမႈကုိပုိင္ဆုိင္ထားတယ္
ဥပမာ ကုိယ္နဲ႔ရင္းႏွီးတဲ႔သူတစ္ေယာက္ေယာက္က ကုိယ့္အေပၚဆက္ဆံပံုေတြေျပာင္းသြား တာမ်ိဳး၊ကုိယ့္ခ်စ္သူက စိတ္တိုေနတယ္၊ေဒါသထြက္ေနတယ္စသျဖင့္သူျဖစ္ေနတဲ႔ခံစားခ်က္ေတြကုိ သိေနတာမ်ိဳးေပါ့။တစ္ျခားသူကဖြင့္မေျပာေပမဲ႔ သူ႔ရဲ႔စိတ္ခံစားခ်က္ကုိ ရိပ္ဖမ္းသံဖမ္းသိေနတာမ်ိဳးက မိန္းကေလးေတြမွာပဲရွိပါတယ္။

၄) ေပါင္းသင္းဆက္ဆံေရးကြ်မ္းက်င္မႈဆုိတဲ႔ဆုပိုင္ဆုိင္ထားသူ
ေယာက်္ားေလးေတြထက္စာရင္ မိန္းကေလးေတြက လူမႈအသုိင္းအ၀ိုင္းနဲ႔ေျပာဆုိဆက္ဆံမႈ ပုိျပီးကြ်မ္းက်င္ၾကပါတယ္။ေယာက်္ားေလးေတြက စကားလည္းနည္းသလုိ
တည့္တုိးေျပာေလ့ရွိတဲ႔အတြက္မွန္ကန္တဲ႔စကားဆိုရင္ေတာင္နားခါးၾကပါတယ္။မိန္းကေလးေတြကေတာ့ဘယ္စကားကုိဘယ္လုိနားေထာင္ေကာင္းေအာင္ေျပာရမယ္၊ဘယ္လိုစကားကုိေျပာရင္တစ္ျခားသူေတြမၾကိဳက္ဘူးဆိုတာကုိ ေယာက်္ားေလးေတြထက္ပုိသိျပီး စကားေျပာ လိမၼာပါးနပ္ပါတယ္။

၅)အလုပ္အမ်ားၾကီးကုိ တျပိဳင္နက္တည္းလုပ္ႏုိင္
ဒါက စိတ္ခံစားခ်က္နဲ႔လည္းဆိုင္ပါတယ္။ေယာက်္ားေလးေတြရဲ ႔စိတ္က စိတ္ရႈပ္မခံႏုိင္တဲ႔ဘက္ ကုိပိုသြားတဲ႔အတြက္ ဘာမဆို တစ္ခုဆိုတစ္ခု၊အာရံုစုိက္ရမယ့္အလုပ္ ၂ခု၊၃ခုမလုပ္ၾကပါဘူး။ မိန္းကေလးေတြက်ေတာ့လက္သည္းနီဆုိးရင္းဖုန္းေျပာတာမ်ိဳး၊ထမင္းဟင္းခ်က္ရင္းဖုန္းေျပာတာမ်ိဳး၊ဖုန္းေျပာရင္းတန္းလန္းဟုိဟာေျပးလုပ္လိုက္၊ဒီဟာေျပးလုပ္လိုက္နဲ႔ လုပ္လုိက္တာမ်ိဳးစသျဖင့္ အလုပ္ ၂ခု၊၃ခုကုိ တျပိဳင္နက္တည္းလုပ္တတ္ၾကပါတယ္။

၆)မိန္းကေလးေတြက ေယာက်္ားေလးေတြထက္အသက္ပုိရွည္
ကမာၻတစ္၀န္းလံုးကေလ့လာဆန္းစစ္ခ်က္ေတြအရ မိန္းကေလးေတြက ေယာက်္ားေလးေတြထက္ အသက္ ၄၊၅နွစ္ပုိရွည္ပါတယ္တဲ႔။ပ်မ္းမ်ွအားျဖင့္ေပါ့။အမ်ိဳးသားေတြက အမ်ိဳးသမီးေတြေလာက္ က်န္းမာေရးပုိင္းကုိဂရုမစုိက္ၾကသလုိ အမ်ိဳးသားတစ္ခ်ိဳ႔တစ္၀က္ရဲ႔အလုပ္အကုိင္ေတြက အသက္အႏၱရာယ္ထိခိုက္ေစနုိင္တဲ႔အလုပ္အကိုင္မ်ိဳးေတြျဖစ္ၾကပါတယ္။

၇)ေယာက်္ားေလးေတြထက္စိတ္ဓာတ္မာေၾကာတာ မိန္းကေလးေတြ

မိန္းကေလးေတြရဲ ႔စိတ္က ေပ်ာ့ရင္ဖေယာင္း၊မာရင္သံေခ်ာင္းပါပဲ။သူတို႔စိတ္ႏူးညံ႔ေနတဲ႔အခ်ိန္ ၾကိဳက္သလိုအႏုိင္ယူလုိ႔ရေပမဲ႔သူတု႔ိရဲ႔စိတ္မာေၾကာသြားျပီဆုိရင္ေတာ့လွည့္ၾကည့္မွာမဟုတ္ပါဘူး။အဲ႔ဒါေၾကာင့္ပဲ သူတုိ႔ကုိစိတ္ဆိုးေအာင္ပဲလုပ္၊စိတ္နာေအာင္ေတာ့မလုပ္နဲ႔ဆုိျပီး မၾကာခဏ ေျပာေလ့ရွိၾကတာပါ။မိန္းကေလးေတြရဲ ႔စိတ္က ေယာက္်ားေလးေတြထက္လည္းပုိျပီး ခန္႔မွန္းရခက္ပါတယ္။

Unicode

ယောကျ်ားလေးနဲ့မိန်းကလေးကြားမှာမတူညီတာတဲ့အချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာတွေပါကွာခြားမှုရှိပါတယ်။အသေးစိတ်လေ့လာ ချက်အရတော့ ယောကျာ်းလေးတွေမှာမရှိနိုင်တဲ့ဒီလိုအချက်တွေကို မိန်းကလေးတွေက ပိုင်ဆိုင်ထားပါတယ်တဲ့။ဘယ်လိုအချက်တွေသာလွန်နေလဲဆိုရင်…

၁)မျိုးဆက်သစ်လေးတွေကိုလူ့လောကထဲခေါ်ဆောင်ပေးနိုင်
ယောကျ်ားလေးတွေရဲ ့အကူအညီတစ်စိတ်တစ်ပိုင်းလည်းပါဝင်တယ်ဆိုပေမဲ့ နောက်ဆုံး လူ့လောကထဲကို နိုင်ငံရဲ ့မျိုးဆက်သစ်လေးတွေခေါ်ဆောင်ပေးနိုင်တာမိန်းကလေးတွေ ပဲဆိုတဲ့အချက်က ငြင်းစရာမလိုတဲ့အချက်တစ်ခုပါပဲ။တိုးတက်လာတဲ့ခေတ်အရ ယောကျ်ားလေးတွေ ကိုယ်ဝန်ဆောင်နိုင်လာရင်တော့လည်း ဒီအချက်က ယောကျ်ားလေးနဲ့ မိန်းကလေးတူညီတဲ့ အချက်တစ်ခုဖြစ်သွားနိုင်တာပေါ့လေ။

၂)စိတ်ရှည်သည်းခံနိုင်စွမ်းပိုမြင့်
မိန်းကလေးနဲ့ယောကျ်ားလေးယှဉ်လာရင် ပိုပြီးစိတ်ရှည်သည်းခံနိုင်စွမ်းရှိတာမိန်းကလေးတွေဆိုရင် မှားမယ်မထင်ပါဘူး။မိန်းကလေးတွေစိတ်ရှည်သည်းခံနိုင်လားမခံနိုင်လားဆိုတာ ကိုယ်ဝန်ဆောင်ချိန်ကိုကြည့်လိုက်ရုံနဲ့သိပါတယ်။၉လလွယ်ဆယ်လဖွားဆိုသလို ၉လလုံးလုံး အစားအသောက်၊အနေအထိုင်ကအစရှောင်ရ၊မကြိုက်ပေမဲ့ ကလေးအတွက်အားဖြစ်စေတဲ့ အရာဆို သည်းခံပြီးစားရ၊မွေးဖွားခါနီးဗိုက်နာလာရင်လည်း ကလေးစိတ်တစ်ခုတည်းနဲ့နာကျင်မှု ကိုသည်းခံရနဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းအပြည့်ရှိကြသူတွေပါ။

၃)အလိုလိုသိနိုင်တဲ့စိတ်ခံစားမှုကိုပိုင်ဆိုင်ထားတယ်
ဥပမာ ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက်ယောက်က ကိုယ့်အပေါ်ဆက်ဆံပုံတွေပြောင်းသွား တာမျိုး၊ကိုယ့်ချစ်သူက စိတ်တိုနေတယ်၊ဒေါသထွက်နေတယ်စသဖြင့်သူဖြစ်နေတဲ့ခံစားချက်တွေကို သိနေတာမျိုးပေါ့။တစ်ခြားသူကဖွင့်မပြောပေမဲ့ သူ့ရဲ့စိတ်ခံစားချက်ကို ရိပ်ဖမ်းသံဖမ်းသိနေတာမျိုးက မိန်းကလေးတွေမှာပဲရှိပါတယ်။

၄) ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှုဆိုတဲ့ဆုပိုင်ဆိုင်ထားသူ
ယောကျ်ားလေးတွေထက်စာရင် မိန်းကလေးတွေက လူမှုအသိုင်းအဝိုင်းနဲ့ပြောဆိုဆက်ဆံမှု ပိုပြီးကျွမ်းကျင်ကြပါတယ်။ယောကျ်ားလေးတွေက စကားလည်းနည်းသလို
တည့်တိုးပြောလေ့ရှိတဲ့အတွက်မှန်ကန်တဲ့စကားဆိုရင်တောင်နားခါးကြပါတယ်။မိန်းကလေးတွေကတော့ဘယ်စကားကိုဘယ်လိုနားထောင်ကောင်းအောင်ပြောရမယ်၊ဘယ်လိုစကားကိုပြောရင်တစ်ခြားသူတွေမကြိုက်ဘူးဆိုတာကို ယောကျ်ားလေးတွေထက်ပိုသိပြီး စကားပြော လိမ္မာပါးနပ်ပါတယ်။

၅)အလုပ်အများကြီးကို တပြိုင်နက်တည်းလုပ်နိုင်
ဒါက စိတ်ခံစားချက်နဲ့လည်းဆိုင်ပါတယ်။ယောကျ်ားလေးတွေရဲ ့စိတ်က စိတ်ရှုပ်မခံနိုင်တဲ့ဘက် ကိုပိုသွားတဲ့အတွက် ဘာမဆို တစ်ခုဆိုတစ်ခု၊အာရုံစိုက်ရမယ့်အလုပ် ၂ခု၊၃ခုမလုပ်ကြပါဘူး။ မိန်းကလေးတွေကျတော့လက်သည်းနီဆိုးရင်းဖုန်းပြောတာမျိုး၊ထမင်းဟင်းချက်ရင်းဖုန်းပြောတာမျိုး၊ဖုန်းပြောရင်းတန်းလန်းဟိုဟာပြေးလုပ်လိုက်၊ဒီဟာပြေးလုပ်လိုက်နဲ့ လုပ်လိုက်တာမျိုးစသဖြင့် အလုပ် ၂ခု၊၃ခုကို တပြိုင်နက်တည်းလုပ်တတ်ကြပါတယ်။

၆)မိန်းကလေးတွေက ယောကျ်ားလေးတွေထက်အသက်ပိုရှည်
ကမ္ဘာတစ်ဝန်းလုံးကလေ့လာဆန်းစစ်ချက်တွေအရ မိန်းကလေးတွေက ယောကျ်ားလေးတွေထက် အသက် ၄၊၅နှစ်ပိုရှည်ပါတယ်တဲ့။ပျမ်းမျှအားဖြင့်ပေါ့။အမျိုးသားတွေက အမျိုးသမီးတွေလောက် ကျန်းမာရေးပိုင်းကိုဂရုမစိုက်ကြသလို အမျိုးသားတစ်ချို့တစ်ဝက်ရဲ့အလုပ်အကိုင်တွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အလုပ်အကိုင်မျိုးတွေဖြစ်ကြပါတယ်။

၇)ယောကျ်ားလေးတွေထက်စိတ်ဓာတ်မာကြောတာ မိန်းကလေးတွေ

မိန်းကလေးတွေရဲ ့စိတ်က ပျော့ရင်ဖယောင်း၊မာရင်သံချောင်းပါပဲ။သူတို့စိတ်နူးညံ့နေတဲ့အချိန် ကြိုက်သလိုအနိုင်ယူလို့ရပေမဲ့သူတို့ရဲ့စိတ်မာကြောသွားပြီဆိုရင်တော့လှည့်ကြည့်မှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်ပဲ သူတို့ကိုစိတ်ဆိုးအောင်ပဲလုပ်၊စိတ်နာအောင်တော့မလုပ်နဲ့ဆိုပြီး မကြာခဏ ပြောလေ့ရှိကြတာပါ။မိန်းကလေးတွေရဲ ့စိတ်က ယောက်ျားလေးတွေထက်လည်းပိုပြီး ခန့်မှန်းရခက်ပါတယ်။

85 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.