အခြားလူတွေရဲ့စိတ်ထိခိုက်စရာ ဖြစ်ရပ်တွေကို ကျွန်တော်တို့တွေ့မြင် ကြားသိနေရတဲ့အခါ ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့လူတွေကို လက်ကမ်းပေးချင်လာတယ်။ ဒီလိုတွေအဖြစ်မျိုးတွေ သူတို့ဘာကြောင့်ကြုံရတယ်ဆိုတာ ဖြစ်ရပ်မှန်တွေသိရတဲ့အခါ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ သင့်ရဲ့ စိတ်နှလုံးသားကို နွေးထွေးသွားစေမယ့် ဇာတ်လမ်းအတိုလေးတွေဖော်ပြပေးလိုက်ပါတယ်။
အိမ်ရာမဲ့ကလေးလေးနဲ့ လမ်းဘေးခွေးလေး
အသက် (၁၁)နှစ်သာရှိသေးတဲ့ အိမ်ရာမဲ့ ကောင်လေးနဲ့ Badgi ဆိုတဲ့ လမ်းဘေးခွေးလေးတို့ဟာ တကယ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေလိုပါပဲ။ တစ်နေ့လုံး အပြင်မှာစားစရာထွက်ရှာပြီးရင် ခွေးလေးနဲ့အတူ အစားစာတွေ ဝေမျှစားပါတယ်။ ခွေးလေးကတော့ ကောင်လေးဆီက ပိုက်ဆံတွေကို အခြားလူတွေ လာမခိုးအောင် ပြန်ပြီးကာကွယ်ပေးပါတယ်။
မီးပွိုင့်မိနေစဉ် ကားပေါ်က Golden Retriever လေးကို မော်တော်ဆိုင်ကယ်သမား တစ်ယောက် ပွတ်သပ်ပေးနေချိန်
အလုပ်သမားတွေကို အအေးပုလင်းဘူး လိုက်ဝေပေးနေတဲ့ အမေအို
လွန်ခဲ့တဲ့ (၃)နှစ်က ကင်ဆာရောဂါကြောင့် သူ့ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ Gareth ဖြစ်ပါတယ်။ အသက် ၂၆နှစ်မှာ အဆုတ်ဖူးရောင်နာဖြစ်ပြီး အပြင်းထန်နေမကောင်းဖြစ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ လန်ဒန်မာရသွန်ပွဲကို သူဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တယ်။
အကြိက်ဆုံး အဆိုတော်က သင့်ကိုသတိထားမိပြီး လက်ပြနှုတ်ဆက်သွားတဲ့အခါ
(၉)လကြာ နိုင်ငံခြားကိုထွက်ခွာသွားပြီးနောက် သူမရဲ့ခွေးလေး သူမကိုသတိရသေးလားဆိုတာ သိချင်လို့ ဗီဒီယိုကော်လ်ခေါ်ကြည့်တဲ့အခါ
အချိန်ကြာကြီး ခွဲခွာပြီးနောက် အဖေဖြစ်သူနဲ့ပထမဆုံးတွေ့ဆုံခဲ့တဲ့ ကလေးမလေး
(၁ဝ)လကြာ လမ်းမလျှောက်နိုင်တဲ့ မိန်းကလေးကို ကျောင်းကပွဲအတွက် ရည်းစားဖြစ်သူက
လာခေါ်ချိန် သူမလမ်းလျှောက်နေတာကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ