လူ့လောကထဲက နတ်သမီးလေးလို့ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ Twice အဖွဲ့ဝင် Mina
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော် ကေပေ့ါပ်အဖွဲ့ TWICE ဆိုရင် ကေပေါ့ပ်ပရိသတ်တိုင်း မသိသူမရှိပါ။TWICE အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minaဆိုရင်လည်း လူ့လောကထဲက နတ်သမီးလေးလို့တောင် ပရိသတ်တွေရဲ ့တင်စားခေါ်ဝေါ်မှုကိုခံခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ နာမည်ကျော်အဆိုတော်ပီသစွာဂီတမှာလည်း ကျွမ်းကျင်ပြီးရုပ်ကလေးလည်းချောမော ၊စိတ်ထားလေးက လည်း အများနဲ့မတူ တမူထူးခြားနေလို့ပါပဲ။
TWICE အဖွဲ့ဝင် Mina ဟာ သူမတို့ရဲ ့TWICE ဂီတအဖွဲ့လေးစတင်ခဲ့တဲ့ရက်ကစလို့ ရက်ပေါင်း ၈၀၀ ပြည့်အမှတ်တရအဖြစ် သူမရဲ ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို လှူဒါန်းဖို့ ၂၀၁၇ ခုနှစ်မတိုင်ခင်ကစာရင်းပေးခဲ့တယ် လို့သိရပါတယ်။၂၀၁၃ခုနှစ်တုန်းကလည်း ဂျပန်နိုင်ငံမှာခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းမယ် ဆိုပြီးစာရင်းပေးခဲ့ဖူးပါတယ်တဲ့။
သူမရဲ ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့လည်း အင်စတာဂရမ်မှာ ပရိသတ်တွေကိုအသိပေးတဲ့ စာလေးရယ်၊ကျေးဇူးတင်စကားရယ်ရေးသားဖော်ပြခဲ့ပါတယ်။ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။နေမကောင်းဖြစ်နေတဲ့လူနာတွေကိုပြုစုစောင့်ရှောက်အားပေးနေတဲ့အဖွဲ့အစည်းမှာပါဝင်ခဲ့ပြီး သိုးမွှေးဦးထုပ်လေးတွေကိုယ်တိုင်ထိုးကာ ကူညီပေးခဲ့ပါသေးတယ်။
သူမရဲ ့နေ့စဉ်အပြုအမူတစ်ခုချင်းစီကစေတနာထားပြီးလုပ်ကိုင်ဆောင်ရွက်ပေးနေ တာဖြစ်ကြောင်းကိုပရိသတ်တွေက နားလည်သဘောပေါက်စွာနဲ့သူမကို နတ်သမီးလေးလို့ တင်စားခဲ့ကြပြီး သူမရဲ ့ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းမှုနဲ့ပတ်သက်ပြီးတော့ အားလုံးက ဝမ်းသာမျက်ရည်ကျခဲ့ရတယ် လို့သိရပါတယ်။လူရော စိတ်ထားရော ချစ်ဖို့ကောင်းတဲ့ Mina ရဲ ့ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးလိုက်တယ်နော်။
47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.