ပရိတ်သတ်တွေကြားထဲ ပြောစမှတ်တွင်နေတဲ့ Taeyeon ရဲ့ချစ်စရာတက်တူးလေးတွေ

ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ် ၊ အပြင်မှာပဲဖြစ်ဖြစ် ပရိတ်သတ်တွေအပေါ် ဘယ်လိုနွေးနွေးထွေးထွေး ဆက်ဆံရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ အခုလည်း သူမရဲ့လည်ကုတ်ပေါ်က ချစ်စရာတက်တူးအသေးလေးကို ဓာတ်ပုံရိုက်တင်ပြီးနောက် ပရိတ်သတ်တွေကြားရေပန်းစားလာပါတော့တယ်။

နောက်ဆုံးတစ်ခေါက် သူမအင်စတာဂရမ်မှာတင်ထားတဲ့ လည်ပင်းကုတ်ပေါ်က တက်တူးလေးဟာ ”Purpose” ဆိုတဲ့ စကားလုံးလေးကိုထိုးထားတာဖြစ်ပါတယ်။ တက်တူးကို ၂ဝ၁၇ခုနှစ်မှာ စထိုးခဲ့တာဖြစ်ပြီး ပထမဆုံးဓာတ်ပုံကို မကြာသေးခင်ကမှ တင်ခဲ့တာဖြစ်ပါတယ်။

Taeyeon မှာ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ တက်တူးလေးတွေ လက်မှာရှိပါသေးတယ်။ ညာဘက် တံတောင်ဆစ်အထက်မှာ ” Serenity” ဆိုတဲ့ စာလုံးလေးကိုလည်းထိုးထားပါတယ်။

သူမရဲ့လက်ချောင်းလေးတွေမှာလည်း နာမည်ကြီးသီချင်းတွေဖြစ်တဲ့ ‘ I ‘ နာမည်လေးနဲ့ ‘ Fine ‘ သီချင်းရဲ့အစ ‘F ‘ စကားလုံးလေးကိုထိုးထားခဲ့ပါတယ်။ ပရိတ်သတ်တွေက ရှင်းလင်းပြီး ချစ်ဖို့ကောင်းတဲ့ တက်တူးဒီဇိုင်းလေးတွေကို သဘောကျနေကြပါတယ်။

ပြီးတော့ သူမရဲ့ရာသီခွင်ဖြစ်တဲ့ pisces ရဲ့ အမှတ်သား ငါးပုံလေးကိုလည်း လက်ချောင်းကြားမှာ ထိုးထားခဲ့ပါတယ်။ သူမရဲ့ နားရွက်က်နောက်နားမှာလည်း pisces အမှတ်သားကြီးတစ်ခုကိုလည်း ပရိတ်သတ်တွေက အလွန်သဘောကျနေပါတယ်။

29 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.