အစ္မျဖစ္သူေဆာင္ဂ်ီဟုိအေၾကာင္း “Running Man”မွာ ေဖာက္သည္ျပန္ခ်ေနတဲ႔ ေမာင္ေလး

ရသစံုရွိဳးတစ္ခုျဖစ္တဲ႔ “Running Man” အဖြဲ႔၀င္မိန္းမေခ်ာေလး ေဆာင္ဂ်ီဟုိဟာ ပရိသတ္ေတြရဲ ႔အထူးခ်စ္ခင္ႏွစ္သက္မႈကုိရရွိထားတဲ႔အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ အစီအစဥ္စတင္ ကတည္းကပါ၀င္ခဲ႔တဲ႔ တစ္ဦးတည္းေသာမိန္းမေခ်ာေလးျဖစ္ျပီး သိပ္မၾကာခင္ကာလကေတာ့ အဖြဲ႔၀င္အေျပာင္းအလဲျဖစ္ကာ အႏုပညာရွင္မင္းသမီး တစ္ေယာက္ျဖစ္တဲ႔ Jeon So-min ပါ၀င္လာခဲ႔ပါတယ္။အခုေတာ့ မိန္းမေခ်ာေလးႏွစ္ေယာက္ျဖစ္သြားျပီေပါ့ေနာ္။

ေမလ ၂၀ရက္ေန႔က ရုိက္ကူးခ႔ဲတဲ႔ “Running Man” အစီအစဥ္သစ္တစ္ခုမွာေတာ့ ေဆာင္ဂ်ီဟုိရဲ ႔ေမာင္ျဖစ္သူ Cheon Seong Moon လည္းပါ၀င္ခဲ႔ပါတယ္။ ဂိမ္းကစားတဲ႔အစီအစဥ္ ရိုက္ကူးျပီး ခဏနားတဲ႔အခ်ိန္မွာေတာ့ Yoo Jae Suk က “Cheon Seong Moon က Running Man မွာပါ၀င္တဲ႔အခ်ိန္တုိင္း အစ္မျဖစ္သူနဲ႔ပတ္သက္ျပီးတစ္ခုခုေျပာေလ့ရွိပါတယ္။ဒီေန႔ေရာ ဘာေျပာခ်င္ေသးလဲ”ဆုိျပီးေမးခ့ဲပါတယ္။

Cheon Seong Moon ရဲ ႔အေျဖစကားကုိၾကားတဲ႔အခါမွာေတာ့ အားလံုးကအံ႔အားသင့္ခဲ႔ျပီး ရယ္ေမာခဲ႔ၾကပါတယ္။ေမာင္ျဖစ္သူက အစ္မရဲ ႔အေၾကာင္းဘာေျပာျပခဲ႔တာလဲဆုိရင္ “မိသားစုေတြခ်ည္းပဲ အိမ္မွာရွိတာမုိ႔လို႔ သူမကအရမ္းကုိသက္ေတာင့္သက္သာရွိလြန္းပါတယ္။ အဲ႔ဒါေၾကာင့္သူမ သန္႔စင္ခန္း၀င္တဲ႔အခိ်န္ဆိုရင္ ေရခ်ိဳးခန္းတံခါးကုိဖြင့္ထားေလ့ရွိတယ္” ဆုိျပီးေျပာခဲ႔တာပါ။

အဲ႔ဒီစကားကုိၾကားတဲ႔အခ်ိန္မွာေတာ့ အူတူတူဂ်ီလုိ႔ခ်စ္စႏုိးေခၚၾကတဲ႔ေဆာင္ဂ်ီဟုိက “အဲ႔ဒီလုိမဟုတ္ဘူး”ဆုိျပီး ကမန္းကတန္းေျဖရွင္းခဲ႔ပါတယ္။”တကယ္ေတာ့ ရုပ္ရွင္ၾကည့္ေနတုန္း သန္႔စင္ခန္း၀င္ခ်င္လာတဲ႔အခါမ်ိဳးမွာ ရုပ္ရွင္ကုိခဏေတာင္အဆက္မျပတ္ခ်င္ပါဘူး။အဲ႔ဒါေၾကာင့္
တံခါးကုိမပိတ္တာပါ။တံခါးမပိတ္ထားတဲ႔အတြက္ ရုပ္ရွင္ဆက္ၾကည့္ႏုိင္တယ္ေလ”ဆုိျပီး ေျပာခဲ႔ပါတယ္။

သူမရဲ႔အေျဖေၾကာင့္ Running Man အဖြဲ႔၀င္ေတြနဲ႔ဧည့္သည္အျဖစ္လာေရာက္ၾကတဲ႔ Seo Ji Seok ၊ Jo Woo Jong ၊ K.Will ၊ Lee Jong Hyuk ၊Han Min Gwan ၊ Han Ki Bum နဲ႔ Ha Ha ရဲ ႔အေမ တို႔က သေဘာက်စြာ ရယ္ေမာခဲ႔ၾကပါတယ္။ဘယ္လိုေတာင္ပြင့္လင္း ရုိးသားျပီး ခ်စ္ဖုိ႔ေကာင္းတာလဲေနာ္ <3 အူတူတူဂ်ီတို႔ေမာင္ႏွမႏွစ္ေယာက္ရဲ ႔ပံုေလးေတြ ပရိသတ္ေတြအတြက္ ျပန္ျပီးမ်ေ၀ေပးလိုက္တယ္ေနာ္။

Unicode

ရသစုံရှိုးတစ်ခုဖြစ်တဲ့ “Running Man” အဖွဲ့ဝင်မိန်းမချောလေး ဆောင်ဂျီဟိုဟာ ပရိသတ်တွေရဲ ့အထူးချစ်ခင်နှစ်သက်မှုကိုရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အစီအစဉ်စတင် ကတည်းကပါဝင်ခဲ့တဲ့ တစ်ဦးတည်းသောမိန်းမချောလေးဖြစ်ပြီး သိပ်မကြာခင်ကာလကတော့ အဖွဲ့ဝင်အပြောင်းအလဲဖြစ်ကာ အနုပညာရှင်မင်းသမီး တစ်ယောက်ဖြစ်တဲ့ Jeon So-min ပါဝင်လာခဲ့ပါတယ်။အခုတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်သွားပြီပေါ့နော်။

မေလ ၂ဝရက်နေ့က ရိုက်ကူးခဲ့တဲ့ “Running Man” အစီအစဉ်သစ်တစ်ခုမှာတော့ ဆောင်ဂျီဟိုရဲ ့မောင်ဖြစ်သူ Cheon Seong Moon လည်းပါဝင်ခဲ့ပါတယ်။ ဂိမ်းကစားတဲ့အစီအစဉ် ရိုက်ကူးပြီး ခဏနားတဲ့အချိန်မှာတော့ Yoo Jae Suk က “Cheon Seong Moon က Running Manမှာပါဝင်တဲ့အချိန်တိုင်းအစ်မဖြစ်သူနဲ့ပတ်သက်ပြီးတစ်ခုခုပြောလေ့ရှိပါတယ်။ ဒီနေ့ရော ဘာပြောချင်သေးလဲ”ဆိုပြီးမေးခဲ့ပါတယ်။

Cheon Seong Moon ရဲ ့အဖြေစကားကိုကြားတဲ့အခါမှာတော့ အားလုံးကအံ့အားသင့်ခဲ့ပြီး ရယ်မောခဲ့ကြပါတယ်။မောင်ဖြစ်သူက အစ်မရဲ ့အကြောင်းဘာပြောပြခဲ့တာလဲဆိုရင် “မိသားစုတွေချည်းပဲ အိမ်မှာရှိတာမို့လို့ သူမကအရမ်းကိုသက်တောင့်သက်သာ ရှိလွန်းပါတယ်။ အဲ့ဒါကြောင့်သူမ သန့်စင်ခန်းဝင်တဲ့အချိန်ဆိုရင် ရေချိုးခန်းတံခါးကိုဖွင့်ထားလေ့ရှိတယ်” ဆိုပြီးပြောခဲ့တာပါ။

အဲ့ဒီစကားကိုကြားတဲ့အချိန်မှာတော့ အူတူတူဂျီလို့ချစ်စနိုးခေါ်ကြတဲ့ဆောင်ဂျီဟိုက “အဲ့ဒီလိုမဟုတ်ဘူး”ဆိုပြီး ကမန်းကတန်းဖြေရှင်းခဲ့ပါတယ်။”တကယ်တော့ ရုပ်ရှင်ကြည့်နေတုန်း သန့်စင်ခန်းဝင်ချင်လာတဲ့အခါမျိုးမှာ ရုပ်ရှင်ကိုခဏတောင်အဆက်မပြတ်ချင်ပါဘူး။အဲ့ဒါကြောင့်
တံခါးကိုမပိတ်တာပါ။တံခါးမပိတ်ထားတဲ့အတွက် ရုပ်ရှင်ဆက်ကြည့်နိုင်တယ်လေ”ဆိုပြီး ပြောခဲ့ပါတယ်။

သူမရဲ့အဖြေကြောင့် Running Man အဖွဲ့ဝင်တွေနဲ့ဧည့်သည်အဖြစ်လာရောက်ကြတဲ့ Seo Ji Seok ၊ Jo Woo Jong ၊ K.Will ၊ Lee Jong Hyuk ၊Han Min Gwan ၊ Han Ki Bum နဲ့ Ha Ha ရဲ ့အမေ တို့က သဘောကျစွာ ရယ်မောခဲ့ကြပါတယ်။ဘယ်လိုတောင်ပွင့်လင်း ရိုးသားပြီး ချစ်ဖို့ကောင်းတာလဲနော် <3 အူတူတူဂျီတို့မောင်နှမနှစ်ယောက်ရဲ ့ပုံလေးတွေ ပရိသတ်တွေအတွက် ပြန်ပြီးမျဝေပေးလိုက်တယ်နော်။

200 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.