မိန္းမတစ္ေယာက္ရဲ႕စိတ္ျပတ္သားသြားတဲ႔အခါ

မိိန္းကေလးတစ္ေယာက္ဟာ ေယာက်ၤားေတြေလာက္ကာယအားေရာ ညဏ္ပညာထက္ျမတ္မႈပိုင္းေရာ နည္းပါးခ်င္နည္းပါးမယ္ အားနည္းခ်င္အားနည္းနိုင္ေပမဲ႔ေမတၱာတရားနဲ႕စိတ္ခံစားခ်က္ဟာ သိပ္ျကီးမားျပီးေယာက်ၤားေလးေတြထက္ျပတ္သားရင္႔က်က္တတ္ျကတယ္ဆိုတာယံုပါ။ ဆိုေတာ႔မိန္းမတစ္ေယာက္ဟာ တစ္စံုတစ္ေယာက္ကိုတကယ္ျကီးေမတၱာသက္၀င္သြားတဲ႔အခါ ဘယ္လုိအရာေတြကို ျပတ္သားသြားတတ္ျကတာလဲ…
(၁) ခ်စ္မိျပီဆိုရင္ျပတ္သားစြာခ်စ္တတ္ျကတယ္
တစ္စံုတစ္ေယာက္ကိုခ်စ္မိတဲ႔အခါမွာ တကယ္စိတ္ထဲကေမတၱာစစ္နဲ႕ခ်စ္မိသြားျပီဆိုရင္ ျပတ္ျပတ္သားသားခ်စ္တတ္ျကပါတယ္။ ဒီလူကလြဲျပီးတစ္ျခားတစ္ေယာက္ဆိုတာ ေယာက်ၤားရယ္လုိ႕မျမင္ရေလာက္ေအာင္ျပတ္ျပတ္သားသားနဲ႕နစ္နစ္နဲနဲသစၥာရွိရွိခ်စ္တတ္ျကတာပါ။ ဒါေျကာင္႔မိန္းကေလးတစ္ေယာက္ကသူမရဲ႕စိတ္ေတြအားလံုးကိုျပတ္သားစြာနဲ႕သင္႔တစ္ေယာက္ေပၚမွာပဲခ်စ္ေနမိျပီဆိုရင္တန္ဖိုးထားေပးဖို႕လုိပါျပီ။
(၂) ပတ္၀န္းက်င္ဆိုတာ ေခါင္းထဲထည္႕ေလ႔မရွိတတ္ျကဘူး
ပတ္၀န္းက်င္ကဘယ္သူေတြဘာေတြပဲေျပာေျပာဘယ္သူေတြဘာေတြပဲကဲ႔ရဲ႕ကဲ႔ရဲ႕ကိုယ္ခ်စ္တဲ႔သူကို ဘယ္ေတာ႔မွစြန္႕မလႊတ္ပဲ စိတ္ဓာတ္ျပတ္သားစြာနဲ႕ခ်စ္ျမတ္နိုးတတ္ျကပါတယ္။ မိန္းကေလးဆုိတဲ႔အမ်ိဳးက ပတ္၀န္းက်င္ကအျမင္ေတြကိုသိပ္အေလးေပးတတ္ျကတာပါ။ ဒါမဲ႔ဒီလုိအေလးမထားေတာ႔ပဲျပတ္သားလာျပီဆိုရင္ေတာ႔ သင္႔ကိုမတရားခ်စ္တာေသခ်ာေနပါျပီ။
(၃) ရင္ဆိုင္ဖို႕ကိုျပတ္သားလာတတ္ျကတယ္
ကိုယ္႔ခ်စ္သူန႕ဲသာဆိုရင္ ဘယ္လုိခက္ခဲတဲ႔လမ္းကိုမဆို ျကိုးစားေက်ာ္ျဖတ္ျပီးေအာင္ျမင္ေအာင္လုပ္ဖို႕၀န္မေလးတတ္ျကဘူး။ ဒီေခတ္မွာ မရွိေလဘူးေတာ႔မထင္လုိက္နဲ႕ေနာ္။ တကယ္ကိုခ်စ္တတ္တဲ႔ေကာင္မေလး ေတြဟာ အရင္ကသတၱိနည္းရင္ေတာင္ ကိုယ္႔ခ်စ္သူနဲ႕ ပတ္သတ္လာရင္ျပတ္သားျပီးရင္႔က်က္လာတတ္ျကတာပါ။
(၄) မာနကိုေလ်ာ႕ခ်ဖုိ႕ျပတ္သားလာတတ္ျကတယ္
အခ်ိန္ဆြဲတာေတြ မာနထားတာေတြ ေအာက္က်မခံတာေတြ အေျကာမခံတာေတြ ဘာညာမရွိေတာ႔ဘူး။ လူတစ္ေယာက္ကိုခ်စ္တဲ႔ေနရာမွာရိုးရွင္းစြာပဲခ်စ္တတ္ျကတာမလို႕ အေလ်ာ႔ေပးလုိက္လို႕ေအာက္က်သြားမလားဆုိတာမ်ိဳး မာနထားရမယ္ဆိုတာမ်ိဳးကိုေတြးေတာင္မေတြးျဖစ္တတ္ျကေတာ႔ပါဘူး။ကိုယ္႔ခ်စ္သူနဲ႕ပတ္သတ္ရင္ အရာအားလံုးကခ်စ္စရာေကာင္းေနတတ္တာမလို႕ ကိုယ္႔မာနေတြကိုေလ်ာ႔ခ်ဖို႕အရင္လိုမမာေျကာဖုိ႕ျပတ္သားလာတတ္ျကပါတယ္။
(၅) ရက္စက္သြားတဲ႔အခါျပတ္ျပတ္သားသားနာက်ဥ္းတတ္ျကတယ္
သူတုိ႕ခ်စ္ရတဲ႔သူတစ္ေယာက္သူတုိ႕တန္ဖိုးထားရတဲ႔သူတစ္ေယာက္ကသူတုိ႕အေပၚရက္စက္သြားျပီ၊ ပစ္သြားခဲ႔ျပီဆိုရင္လည္း ဒီလူအေပၚနာက်ဥ္းစိတ္ေတြမြန္းသြားျပီး ေနာက္ဆံုးဥေပကၡာျပဳေလာက္တဲ႔အထိျပတ္ျပတ္သားသားမုန္းတီးသြားတတ္ျကပါတယ္။

သိပ္နွစ္နွစ္ကာကာခ်စ္ျမတ္နိုးတတ္ျပီးေမတၱာတရားျကီးမားတတ္ျကတဲ႔မိန္းကေလးေတြဟာ လူတစ္ေယာက္ေပၚမုန္းရင္လည္းအထိေတာင္မခံပဲခ်စ္ရင္လည္းသက္ဆံုးတုိင္ခ်စ္တတ္ျကတာမလို႕ မိန္းကေလးတစ္ေယာက္ ကိုယ္႔အတြက္ျပတ္သားေနျပီဆုိရင္ေတာ႔ ဂုဏ္ယူ၀ံ့ျကြားစြာနဲ႕သူမလက္ကိုဘယ္ေတာ႔မွမျဖဳတ္ပဲေရွ႕ဆက္နုိ္င္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

မိိန်းကလေးတစ်ယောက်ဟာ ယောကျင်္ားတွေလောက်ကာယအားရော ညဏ်ပညာထက်မြတ်မှုပိုင်းရော နည်းပါးချင်နည်းပါးမယ် အားနည်းချင်အားနည်းနိုင်ပေမဲ့မေတ္တာတရားနဲ့စိတ်ခံစားချက်ဟာ သိပ်ကြီးမားပြီးယောကျင်္ားလေးတွေထက်ပြတ်သားရင့်ကျက်တတ်ကြတယ်ဆိုတာယုံပါ။ ဆိုတော့မိန်းမတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကိုတကယ်ကြီးမေတ္တာသက်ဝင်သွားတဲ့အခါ ဘယ်လိုအရာတွေကို ပြတ်သားသွားတတ်ကြတာလဲ…
(၁) ချစ်မိပြီဆိုရင်ပြတ်သားစွာချစ်တတ်ကြတယ်
တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါမှာ တကယ်စိတ်ထဲကမေတ္တာစစ်နဲ့ချစ်မိသွားပြီဆိုရင် ပြတ်ပြတ်သားသားချစ်တတ်ကြပါတယ်။ ဒီလူကလွဲပြီးတစ်ခြားတစ်ယောက်ဆိုတာ ယောကျင်္ားရယ်လို့မမြင်ရလောက်အောင်ပြတ်ပြတ်သားသားနဲ့နစ်နစ်နဲနဲသစ္စာရှိရှိချစ်တတ်ကြတာပါ။ ဒါကြောင့်မိန်းကလေးတစ်ယောက်ကသူမရဲ့စိတ်တွေအားလုံးကိုပြတ်သားစွာနဲ့သင့်တစ်ယောက်ပေါ်မှာပဲချစ်နေမိပြီဆိုရင်တန်ဖိုးထားပေးဖို့လိုပါပြီ။
(၂) ပတ်ဝန်းကျင်ဆိုတာ ခေါင်းထဲထည့်လေ့မရှိတတ်ကြဘူး
ပတ်ဝန်းကျင်ကဘယ်သူတွေဘာတွေပဲပြောပြောဘယ်သူတွေဘာတွေပဲကဲ့ရဲ့ကဲ့ရဲ့ကိုယ်ချစ်တဲ့သူကို ဘယ်တော့မှစွန့်မလွှတ်ပဲ စိတ်ဓာတ်ပြတ်သားစွာနဲ့ချစ်မြတ်နိုးတတ်ကြပါတယ်။ မိန်းကလေးဆိုတဲ့အမျိုးက ပတ်ဝန်းကျင်ကအမြင်တွေကိုသိပ်အလေးပေးတတ်ကြတာပါ။ ဒါမဲ့ဒီလိုအလေးမထားတော့ပဲပြတ်သားလာပြီဆိုရင်တော့ သင့်ကိုမတရားချစ်တာသေချာနေပါပြီ။
(၃) ရင်ဆိုင်ဖို့ကိုပြတ်သားလာတတ်ကြတယ်
ကိုယ့်ချစ်သူနဲ့သာဆိုရင် ဘယ်လိုခက်ခဲတဲ့လမ်းကိုမဆို ကြိုးစားကျော်ဖြတ်ပြီးအောင်မြင်အောင်လုပ်ဖို့ဝန်မလေးတတ်ကြဘူး။ ဒီခေတ်မှာ မရှိလေဘူးတော့မထင်လိုက်နဲ့နော်။ တကယ်ကိုချစ်တတ်တဲ့ကောင်မလေး တွေဟာ အရင်ကသတ္တိနည်းရင်တောင် ကိုယ့်ချစ်သူနဲ့ ပတ်သတ်လာရင်ပြတ်သားပြီးရင့်ကျက်လာတတ်ကြတာပါ။
(၄) မာနကိုလျော့ချဖို့ပြတ်သားလာတတ်ကြတယ်
အချိန်ဆွဲတာတွေ မာနထားတာတွေ အောက်ကျမခံတာတွေ အကြောမခံတာတွေ ဘာညာမရှိတော့ဘူး။ လူတစ်ယောက်ကိုချစ်တဲ့နေရာမှာရိုးရှင်းစွာပဲချစ်တတ်ကြတာမလို့ အလျော့ပေးလိုက်လို့အောက်ကျသွားမလားဆိုတာမျိုး မာနထားရမယ်ဆိုတာမျိုးကိုတွေးတောင်မတွေးဖြစ်တတ်ကြတော့ပါဘူး။ကိုယ့်ချစ်သူနဲ့ပတ်သတ်ရင် အရာအားလုံးကချစ်စရာကောင်းနေတတ်တာမလို့ ကိုယ့်မာနတွေကိုလျော့ချဖို့အရင်လိုမမာကြောဖို့ပြတ်သားလာတတ်ကြပါတယ်။
(၅) ရက်စက်သွားတဲ့အခါပြတ်ပြတ်သားသားနာကျဉ်းတတ်ကြတယ်
သူတို့ချစ်ရတဲ့သူတစ်ယောက်သူတို့တန်ဖိုးထားရတဲ့သူတစ်ယောက်ကသူတို့အပေါ်ရက်စက်သွားပြီ၊ ပစ်သွားခဲ့ပြီဆိုရင်လည်း ဒီလူအပေါ်နာကျဉ်းစိတ်တွေမွန်းသွားပြီး နောက်ဆုံးဥပေက္ခာပြုလောက်တဲ့အထိပြတ်ပြတ်သားသားမုန်းတီးသွားတတ်ကြပါတယ်။

သိပ်နှစ်နှစ်ကာကာချစ်မြတ်နိုးတတ်ပြီးမေတ္တာတရားကြီးမားတတ်ကြတဲ့မိန်းကလေးတွေဟာ လူတစ်ယောက်ပေါ်မုန်းရင်လည်းအထိတောင်မခံပဲချစ်ရင်လည်းသက်ဆုံးတိုင်ချစ်တတ်ကြတာမလို့ မိန်းကလေးတစ်ယောက် ကိုယ့်အတွက်ပြတ်သားနေပြီဆိုရင်တော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့သူမလက်ကိုဘယ်တော့မှမဖြုတ်ပဲရှေ့ဆက်နို်င်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.