ခ်စ္လုိ႕စတာ စတာနဲ႕ကိုယ္႔ေပၚထုိင္နွိမ္ေနတဲ႔သူေတြသင္တုိ႕ပတ္၀န္းက်င္မွာရွိလား…

ပတ္၀န္းက်င္တစ္ခ်ိဳ႕မွာဒီလိုလူမ်ိဳးေတြကိုေတြ႕ဖူးျကမွာပါ။ တစ္ခါတစ္ေလမွာစသလိုလိုေနာက္သလိုလိုေျပာတ႔ဲပံုစံနဲ႕ကိုယ္႔ရဲ႕အားနည္းခ်က္ကိုခနဲ႕တာမ်ိဳးေတြကိုယ္႔ရဲ႕စိတ္ကိုခံစားနာက်င္သြားေအာင္ေျပာတာမ်ိဳးေတြေတြ႕ဖူးျကမွာပါ။ ဆိုေတာ႔ ဘယ္လိုအျပဳမူေတြဘယ္လိုစကားေျပာပံုေျပာနည္းေတြ ဘယ္လုိအသံုးနႈန္းေတြကလူတစ္ေယာက္ကိုစတာနဲ႕မတူပဲ အားနည္းခ်က္ကိုသြားေထာက္သလိုျဖစ္ျပီး စိတ္ပင္ပန္းေစနုိင္သလဲဆုိတာ…
(၁) အားနည္းခ်က္ကိုဦးတည္ျပီးစတတ္ျကတယ္
လူစံုတိုင္းတစ္ျခားအေျကာင္းအရာေတြမေျပာပဲ ကိုယ္႔ရဲ႕အားနည္းခ်က္ကိုပဲ ဦးတည္ျပီးစတတ္ျကတဲ႔သူငယ္ခ်င္းေတြဟာ ကိုယ္႔ကိုအတြင္းစိတ္ထဲကေကာက္က်စ္မုန္းတီးေနတဲ႔သူေတြဆိုတာသိထားပါ။ တစ္ခါတစ္ရံအေပ်ာ္သေဘာနဲ႕စလိုက္ပင္မဲ႔ကိုယ္႔ဂုဏ္သိကၡာကိုယ္႔မာနကိုထိခိုက္သြားေစနိုင္တယ္ဆုိရင္ေနာက္တစ္ျကိမ္ထပ္မစသင္႔ေတာ႔ပါဘူး။ ဒီလိုစတယ္စတယ္ေျပာျပီး အတည္ျကီးနဲ႕ကိုယ္႔စိတ္နာက်င္ရေအာင္လုပ္တဲ႔သူေတြဟာ တစ္ခါတစ္ရံကိုယ္႔ေဆြမ်ိဳးသားခ်င္းေတြ ကိုယ္႔ရဲ႕အရင္းနွီးဆံုးလုိ႕ထင္ထားရတဲ႔သူေတြထဲကလည္းျဖစ္ေနတတ္ျကပါတယ္။
(၂) ေလွာင္ေျပာင္တဲ႔မ်က္နွာရိပ္မ်က္နွာကဲေတြေတြ႕ရတယ္
ခ်စ္လို႕ခင္လို႕စေနာက္တဲ႔အခါ စကားအျဖစ္ပဲေျပာဆိုတတ္ျကတာပါ။ တကယ္လို႕ေလွာင္ေျပာင္စိတ္ရွိတယ္ဆိုရင္ေတာ႔ အဲ႔သူရဲ႕မ်က္လံုးနဲ႕မ်က္နွာတစ္၀ိုက္မွာ ေလွာင္ေျပာင္လုိက္ရလုိ႕အားရေနတာမိ်ဳးကိုထင္ထင္သာသာျမင္ေတြ႕ခံစားရမွာပါ။
(၃) တစ္ပါးသူကိုပါစေနာက္ဖို႕အေဖာ္ညိွတတ္တယ္
စတဲ႔ေနာက္တဲ႔အခါေတာ္ရံုတန္ရံုမဟုတ္ပဲ တစ္ပါးသူေတြကိုပါ ကိုယ္႔အားနည္းခ်က္ကိုသိေအာင္အက်ယ္တစ္၀ံ့ေျပာျပျပီးအေဖာ္နဲ႕စတတ္တာမ်ိဳးပါ။ရွင္းရွင္းေျပာရရင္လူအင္အားမ်ားမ်ားနဲ႕ေလွာင္ေျပာတဲ႔သေဘာေပါ့။ တကယ္သေဘာရုိးနဲ႕စတတ္တဲ႔သူေတြက အေပ်ာ္စတာမလို႕ ကိုယ္စိတ္နာက်င္ေလာက္ေအာင္ထိပင္ပင္ပန္းပန္းျကိုးစားေလ႔မရွိပါဘူး။
(၄) ကိုယ္႔ေရွ႔ေရာက္မွတမင္ပိုေျပာတတ္ျကတယ္
ဒီေလာက္ေလးစတာကိုအျပစ္ေျပာရလားလုိ႕သာလူျကားေကာင္းေအာင္စကားခံရတယ္။ ကိုယ္႔ေရွ႕ေရာက္တုိင္းကိုယ္ခံစားနာက်င္ရမဲ႕ကိုယ္႔ရဲ႕အားနည္းခ်က္ေတြကိုပဲတစ္ခ်က္ခ်င္းစီလိုက္လံစေနာက္ေနတတ္တာမ်ိဳးပါ။ တစ္ျခားအခ်ိန္မွာတစ္ျခားအေျကာင္းေျပာရင္းေျပာမယ္ ကိုယ္နဲ႕စံုတိုင္းကိုယ္႔အားနည္းခ်က္နဲ႕ပတ္သတ္တဲ႔ကိစၥေတြကိုမျကားတျကားစသလိုေနာက္သလိုနဲ႕ဒီအေျကာင္းေတြပဲကိုယ္႔နားထဲေရာက္ေအာင္ထပ္တလဲလဲေျပာေနတတ္ျကပါတယ္။
(၅) မျကိုက္မွန္းသိရင္ပိုေျပာတတ္ျကတယ္
ကိုယ္မျကုိက္မွန္းသိရင္ပိုစတယ္။ တစ္ခါတစ္ေလေတာ႔ကြာခ်စ္လို႕ခင္လို႔ေျပာတာနာစရာမရွိေပမဲ႔ ကိုယ္မုန္းမွန္းသိသိျကီးနဲ႕ ကိုယ္နဲ႕စံုတိုင္းဒါေတြျကီးေျပာေနတတ္တာမ်ိဳးလူျကားသူျကားထဲမွာ ေအာ္ျကီးဟစ္က်ယ္နဲ႕စသလိုေျပာတတ္တာမ်ိဳး၊ စတဲ႔စကားလံုးေတြထပ္ပိုမိုင္႔သီးျကမ္းတမ္းတဲ႔စကားလံုးျကီးေတြသံုးျပီးေျပာတတ္တာမ်ိဳးဆုိရင္ေတာ႔ ဒါစတာကိုခုတံုးလုပ္ျပီး ကိုယ္႔ကိုနာက်င္ေအာင္လုပ္ေနမွန္းသိပါေစ။

လူတုိင္းမွာကိုယ္ပိုင္အားနည္းခ်က္ကိုယ္စီအားနည္းခ်က္ေတြရွိျကတာမလုိ႕ဒီလုိအားတစ္စံုတစ္ေယာက္ရဲ႕အားနည္းခ်က္ေတြကိုစတယ္ဆုိတဲ႔စကားနဲ႕မခံနုိင္ေအာင္ေျပာဆိုတတ္တဲ႔သူေတြကိုေ၀းေ၀းေရွာင္ျပီးသူတုိ႕ရဲ႕ေမတၱာအတုခင္မင္မႈအတုေတြကေနလြတ္ေျမာက္နိုင္ျကပါေစလို႕ဆုေတာင္းရင္း...

Unicode

ပတ်ဝန်းကျင်တစ်ချို့မှာဒီလိုလူမျိုးတွေကိုတွေ့ဖူးကြမှာပါ။ တစ်ခါတစ်လေမှာစသလိုလိုနောက်သလိုလိုပြောတဲ့ပုံစံနဲ့ကိုယ့်ရဲ့အားနည်းချက်ကိုခနဲ့တာမျိုးတွေကိုယ့်ရဲ့စိတ်ကိုခံစားနာကျင်သွားအောင်ပြောတာမျိုးတွေတွေ့ဖူးကြမှာပါ။ ဆိုတော့ ဘယ်လိုအပြုမူတွေဘယ်လိုစကားပြောပုံပြောနည်းတွေ ဘယ်လိုအသုံးနှုန်းတွေကလူတစ်ယောက်ကိုစတာနဲ့မတူပဲ အားနည်းချက်ကိုသွားထောက်သလိုဖြစ်ပြီး စိတ်ပင်ပန်းစေနို်င်သလဲဆိုတာ…
(၁) အားနည်းချက်ကိုဦးတည်ပြီးစတတ်ကြတယ်
လူစုံတိုင်းတစ်ခြားအကြောင်းအရာတွေမပြောပဲ ကိုယ့်ရဲ့အားနည်းချက်ကိုပဲ ဦးတည်ပြီးစတတ်ကြတဲ့သူငယ်ချင်းတွေဟာ ကိုယ့်ကိုအတွင်းစိတ်ထဲကကောက်ကျစ်မုန်းတီးနေတဲ့သူတွေဆိုတာသိထားပါ။ တစ်ခါတစ်ရံအပျော်သဘောနဲ့စလိုက်ပင်မဲ့ကိုယ့်ဂုဏ်သိက္ခာကိုယ့်မာနကိုထိခိုက်သွားစေနိုင်တယ်ဆိုရင်နောက်တစ်ကြိမ်ထပ်မစသင့်တော့ပါဘူး။ ဒီလိုစတယ်စတယ်ပြောပြီး အတည်ကြီးနဲ့ကိုယ့်စိတ်နာကျင်ရအောင်လုပ်တဲ့သူတွေဟာ တစ်ခါတစ်ရံကိုယ့်ဆွေမျိုးသားချင်းတွေ ကိုယ့်ရဲ့အရင်းနှီးဆုံးလို့ထင်ထားရတဲ့သူတွေထဲကလည်းဖြစ်နေတတ်ကြပါတယ်။
(၂) လှောင်ပြောင်တဲ့မျက်နှာရိပ်မျက်နှာကဲတွေတွေ့ရတယ်
ချစ်လို့ခင်လို့စနောက်တဲ့အခါ စကားအဖြစ်ပဲပြောဆိုတတ်ကြတာပါ။ တကယ်လို့လှောင်ပြောင်စိတ်ရှိတယ်ဆိုရင်တော့ အဲ့သူရဲ့မျက်လုံးနဲ့မျက်နှာတစ်ဝိုက်မှာ လှောင်ပြောင်လိုက်ရလို့အားရနေတာမျိုးကိုထင်ထင်သာသာမြင်တွေ့ခံစားရမှာပါ။
(၃) တစ်ပါးသူကိုပါစနောက်ဖို့အဖော်ညှိတတ်တယ်
စတဲ့နောက်တဲ့အခါတော်ရုံတန်ရုံမဟုတ်ပဲ တစ်ပါးသူတွေကိုပါ ကိုယ့်အားနည်းချက်ကိုသိအောင်အကျယ်တစ်ဝံ့ပြောပြပြီးအဖော်နဲ့စတတ်တာမျိုးပါ။ရှင်းရှင်းပြောရရင်လူအင်အားများများနဲ့လှောင်ပြောတဲ့သဘောပေါ့။ တကယ်သဘောရိုးနဲ့စတတ်တဲ့သူတွေက အပျော်စတာမလို့ ကိုယ်စိတ်နာကျင်လောက်အောင်ထိပင်ပင်ပန်းပန်းကြိုးစားလေ့မရှိပါဘူး။
(၄) ကိုယ့်ရှေ့ရောက်မှတမင်ပိုပြောတတ်ကြတယ်
ဒီလောက်လေးစတာကိုအပြစ်ပြောရလားလို့သာလူကြားကောင်းအောင်စကားခံရတယ်။ ကိုယ့်ရှေ့ရောက်တိုင်းကိုယ်ခံစားနာကျင်ရမဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲတစ်ချက်ချင်းစီလိုက်လံစနောက်နေတတ်တာမျိုးပါ။ တစ်ခြားအချိန်မှာတစ်ခြားအကြောင်းပြောရင်းပြောမယ် ကိုယ်နဲ့စုံတိုင်းကိုယ့်အားနည်းချက်နဲ့ပတ်သတ်တဲ့ကိစ္စတွေကိုမကြားတကြားစသလိုနောက်သလိုနဲ့ဒီအကြောင်းတွေပဲကိုယ့်နားထဲရောက်အောင်ထပ်တလဲလဲပြောနေတတ်ကြပါတယ်။
(၅) မကြိုက်မှန်းသိရင်ပိုပြောတတ်ကြတယ်
ကိုယ်မကြိုက်မှန်းသိရင်ပိုစတယ်။ တစ်ခါတစ်လေတော့ကွာချစ်လို့ခင်လို့ပြောတာနာစရာမရှိပေမဲ့ ကိုယ်မုန်းမှန်းသိသိကြီးနဲ့ ကိုယ်နဲ့စုံတိုင်းဒါတွေကြီးပြောနေတတ်တာမျိုးလူကြားသူကြားထဲမှာ အော်ကြီးဟစ်ကျယ်နဲ့စသလိုပြောတတ်တာမျိုး၊ စတဲ့စကားလုံးတွေထပ်ပိုမိုင့်သီးကြမ်းတမ်းတဲ့စကားလုံးကြီးတွေသုံးပြီးပြောတတ်တာမျိုးဆိုရင်တော့ ဒါစတာကိုခုတုံးလုပ်ပြီး ကိုယ့်ကိုနာကျင်အောင်လုပ်နေမှန်းသိပါစေ။

လူတိုင်းမှာကိုယ်ပိုင်အားနည်းချက်ကိုယ်စီအားနည်းချက်တွေရှိကြတာမလို့ဒီလိုအားတစ်စုံတစ်ယောက်ရဲ့အားနည်းချက်တွေကိုစတယ်ဆိုတဲ့စကားနဲ့မခံနိုင်အောင်ပြောဆိုတတ်တဲ့သူတွေကိုဝေးဝေးရှောင်ပြီးသူတို့ရဲ့မေတ္တာအတုခင်မင်မှုအတုတွေကနေလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.