အားနည်းသူတွေဘက်ကအမြဲတမ်းရပ်တည်နေတယ်ဆိုတာ သက်သေပြလိုက်တဲ့ Suzy
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Suzy ဟာမိန်းကလေး အချင်းချင်း ကိုယ်ချင်းစာနာစိတ်၊အားနည်းသူတွေဘက်ကရပ်တည်လိုစိတ်ကို အခိုင်အမာပြသလိုက်ပါပြီ။ မကြာသေးခင်အချိန်ပိုင်း နာမည်ကျော် Youtube Creator တစ်ယောက်ဖြစ်တဲ့ Yang Ye Won ဆိုတဲ့အမျိုးသမီးဟာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ သူမဟာ အမျိုးသားအယောက် ၂ဝရဲ့လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ကိုခံခဲ့ရသူဖြစ်ကြောင်းပြောပြထားပါတယ်။
ဗီဒီယိုက ၂၆မိနစ်ကြာမြင့်ပြီး သူမရဲ ့ပြောပြချက်တွေအရ “သူမဟာ ကျောင်းသူဘဝတည်းက မင်းသမီးဖြစ်ချင်တဲ့အိပ်မက်ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့သုံးနှစ်၊သူမရဲ ့အသက် ၂ဝတုန်းက မော်ဒယ်လ်အေဂျင်စီ တစ်ခုကနေ သူမကိုကမ်းလှမ်းခဲ့ပြီး သူတို့နဲ့အတူ ဓာတ်ပုံရိုက်ဖို့ ရိုက်ကွင်း ၅ခုစာချုပ်ချုပ်မယ့်အကြောင်းပြောခဲ့ပါတယ်။Fitting Model ဒါရိုက်တာကလည်း သူမသာ အလုပ်ကောင်းကောင်းလုပ်ရင် နာမည်ကျော်ဒါရိုက်တာတွေ၊ထုတ်လုပ်သူတွေနဲ့မိတ်ဆက်ပေး မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီရိုက်ကွင်းကိုရောက်တဲ့အခါမှာတော့ ကင်မရာကိုယ်စီနဲ့ သူမကိုစောင့်နေကြတဲ့ အမျိုးသားတွေအများကြီးကိုတွေ့ခဲ့ပါတယ်။မိန်းကလေးတစ်ယောက် မှမရှိတဲ့အပြင်ရိုက်ကူးမယ့်ဓာတ်ပုံဟာလည်း Nude ဓာတ်ပုံတွေဖြစ်တယ်လို့သိခဲ့ရပါတယ်။သူမက မရိုက်ဘူးလို့ ငြင်းခဲ့ပေမဲ့ ဒါရိုက်တာဖြစ်သူက ကင်မရာကိုင်ထားတဲ့သူတွေက သူမကိုဓာတ်ပုံရိုက်ဖို့ စောင့်နေတာဖြစ်ပြီး မရိုက်ဘူးဆိုရင်သူတို့ကတရားစွဲလိမ့်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်သူမဟာ မငြင်းဆန်နိုင်ခဲ့ပဲ ဓာတ်ပုံရိုက်ဖို့ပြင်ဆင်ခဲ့ရပါတယ်။ဒါပေမဲ့ သူမက ဘယ်လိုသရုပ်ဆောင်ရမလဲမသိတဲ့အတွက် အဲ့ဒီအမျိုးသားတွေက သူမရဲ ့ခန္ဓာကိုယ်ကိုထိကိုင်ကာ ပို့စ်ပေးရမယ့်ပုံစံကိုပြသပေးခဲ့ပါတယ်။ တကယ်လို့ သူမသာသူတို့ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင် မတရားအနိုင်ကျင့်ခံရမှာ၊ အသတ်ခံရမှာစိုးခဲ့ပြီး အဲ့ဒီအချိန်သူမရဲ ့ခေါင်းထဲမှာ ဓာတ်ပုံရိုက်ကွင်း ကနေအသက်ရှင်ရက် ပြန်ထွက်သွားချင်ခဲ့တဲ့အတွေးတစ်ခု သာရှိခဲ့ပါတယ်။ပြီးတော့ စာချုပ်ထဲက အတိုင်း ရိုက်ကွင်း၅ခုစာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်အနိုင့်ကျင့်မှုခံခဲ့ရပါတယ်။သူမရဲ့စိတ်ထဲမှာ ကြောက်လန့် စိတ်တွေ နဲ့ရှင်သန်နေခဲ့ရပြီး အဆိုးဝါးဆုံးကတော့ မေလ ၈ရက်နေ့တုန်းက အဲ့ဒီပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။သူမရဲ ့အသိအကျွမ်းတွေ၊မိသားစုတွေ၊သူမရဲ ့ချစ်သူကလည်းအဲ့ဒီပုံတွေကိုမြင်သွားခဲ့ပါတယ်။သူမရဲ့ပုံတွေကိုမြင်ပြီးသူမချစ်တဲ့သူတွေဘယ်လောက်ထိနာကျင်ခံစားရမလဲဆိုတာတွေးမိပြီး သူမရဲ့ချစ်သူနဲ့လည်းလမ်းခွဲကာသုံးကြိမ်တောင် သတ်သေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ပဲ ပိုပြီးစိတ်ဖိစီးမှုတွေများလာခဲ့ရပါတယ်။ သေဖို့တောင်ခက်ခဲနေခဲ့ပါတယ်။နောက်ပိုင်းမှာ သူမရဲ ့ချစ်သူ၊မိသားစုတွေရဲ ့အားပေးမှုတွေရရှိခဲ့ပြီး အခုလိုသူမရဲ ့အဖြစ်အပျက်ကိုပြန်ပြီးပြောနိုင်ခဲ့တာပါ။သူမတင်မကဘူး။တစ်ခြားအမျိုးသမီးတွေ လည်း အဲ့ဒီလိုပဲအများကြီးရှိနေပါသေးတယ်”လို့ ဗီဒီယိုကနေတစ်ဆင့်ပြောခဲ့ပါတယ်။
သူမရဲ ့ချစ်သူဖြစ်တဲ့ Dong Min ဆိုတဲ့အမျိုးသားရဲ ့ကောမန့်ကလည်း ကြည့်ရှုသူတွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။သူရေးထားတာကတော့…”ကျွန်တော်က Ye Won နဲ့ချစ်သူဖြစ်တာ ၂နှစ်ကျော်ပါပြီ။သူမကိုကြည့်လိုက်ရင်အမြဲတမ်းတောက်ပလှပပြီးပျော်ပျော်ရွှင်ရွှင်နေနေတာချည်းပါ။ဒါပေမဲ့သူမမှာ ဒီလိုနာကျင်စရာကိစ္စကြီးရှိနေခဲ့ပါတယ်။ကျွန်တော် အဲ့ဒီပုံတွေကိုမြင်တဲ့အချိန်မှာ ဒေါသအရမ်းထွက်ပြီးဝမ်းနည်းမိပါတယ်။ရူးတော့မလိုတောင်ထင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပိုပြီးဝမ်းနည်းစေခဲ့တာကတော့ဒီကိစ္စအတွက်နာကျင်ဝမ်းနည်းမှုတွေအပြည့်ခံစားနေရတဲ့ကျွန်တော့်ချစ်သူ Ye Won ကိုမြင်နေရတာပါပဲ။သူမက အစားလည်းမစားနိုင်၊အိပ်လည်း မအိပ်နိုင်ခဲ့ပါဘူး။ဘာလို့ ခံရတဲ့သူက ပုန်းနေသင့်တာလဲ?ဒီကိစ္စမှာ သူမတစ်ယောက်တည်းတင်
ခံရတာမဟုတ်ပါဘူး။တစ်ခြားမတရားခံရတဲ့သူတွေလည်းရှိမှာပါ။အဲ့ဒီလူတွေရှိရင် ဒီလိုမျိုးဖွင့်ပြောဖို့ မရှက်ပါနဲ့။နာကျင်စရာတွေခက်ခဲမှုတွေကို အခုပြန်ပြီးတိုက်ခိုက်နိုင်ပါတယ်။ အကြောက်တရားတွေကို ဖွင့်ပြောလိုက်ပါ”လို့ရေးသားထားခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုကို မြင်သွားတဲ့ မော်ဒယ်လ်အေဂျင်စီကသူတွေဟာ သူမရဲ ့ပြောဆိုမှုဟာမဟုတ် မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့Yang Ye Won ရဲ ့ကိစ္စကို စစ်ဆေးကြားနာဖို့ ကိုရီးယားပြည်သူပြည်သားတွေထောင်ပေါင်းများစွာက သဘောတူညီကြောင်းလက်မှတ်ထိုးကာ
အိမ်ပြာတော်ဝက်ဘ်ဆိုက်မှာတင်ခဲ့ပါတယ်။သူမရဲ ့ကိစ္စကို ပြန်လည်စစ်ဆေးအရေးယူပေးဖို့ သဘောတူညီကြောင်းလက်မှတ်ထိုးသူတွေထဲမှာအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Suzy လည်းပါဝင်ခဲ့ပါတယ်။သူမက Yang Ye Won ရဲ ့လျှောက်တင်လွှာမှာ လက်မှတ်ထိုးပေးထား တဲ့ ဓာတ်ပုံကို သူမရဲ ့အင်စတာဂရမ်မှာ SS ရိုက်ပြီးပြင်တင်ခဲ့ပါတယ်။သူမရဲ ့ပို့စ်ကိုမြင်တဲ့သူတွေရဲ ့ပရိသတ်အားကြောင့် Suzy လက်မှတ်မထိုးခင် လျှောက်တင်လွှာအတွက်လက်မှတ် ၁၁၀၀၀ ကျော်ရှိရာကနေ နာရီအနည်းငယ်အတွင်းမှာပဲ လက်မှတ်ပေါင်း ၅၀၀၀၀ ကျော်သဘောတူညီမှုရရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Yang Ye Won ရဲ ့စစ်ဆေးအရေးယူပေးဖို့ လျှောက်တင်လွှာကို သဘောတူအားပေးတဲ့သူတွေများလာခဲ့ပါတယ်။
Yang Ye Wonရဲ ့ “ကျွန်မဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရသူတစ်ယောက်ပါ။ ကျေးဇူးပြုပြီးကျွန်မရဲ ့အကြောင်းကိုနားထောင်ပေးပါ”ဆိုတဲ့ဗီဒီယိုဟာ တင်ပြီး ၂၄နာရီအတွင်းမှာ ကြည့်ရှုသူ ၂သန်းကျော်ရှိလာခဲ့ပါတယ်။ပုံမှန်လူအားနဲ့ဆိုရင် အချိန်ပိုင်းအတွင်းမဲရဖို့မလွယ်ကူလို့ အခုလို နာမည်ကျော်အနုပညာရှင်တစ်ယောက်ရဲ ့ကူညီမှုက တကယ့်ကိုအရေးပါ အရာရောက်ခဲ့ပါတယ်။ ရုပ်ကလေးကလည်းချောသလို Suzy ရဲ့စိတ်ထားလေးက လည်းကောင်းမွန်လှပတယ်ဆိုတာသက်သေပြလိုက်တာပါပဲ။
127 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.