ပဲရစ် Disneyland ဟာ လူကြီးတွေအတွက်လည်း ဘာကြောင့်ပျော်စရာကောင်းတာလဲ?
ငယ်ငယ်တည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ အပြင်မှာ တကယ်ထိတွေ့ခွင့်ရမှာဖြစ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလှလှလေးတွေ ၊ စိတ်ပျော်ရွှင်မှုပေးမယ့် စီးယာဉ်တွေ ၊ ပြင်သစ်ယဉ်ကျေးမှုကို ပြသတဲ့ ပွဲတော်တွေလည်း သူတို့ဆီမှာ ကျင်းပလေ့ရှိပါတယ်။
(Unicode)
Disneyland မှာ ကိုယ်ငယ်ငယ်တည်းက အကျွမ်းတဝင်ရှိခဲ့တဲ့ ကာတွန်းဇာတ်ရုပ်လေးတွေ
အဲ့ဒီမှာ အစုံလင်ရှိနေတာကြောင့်ရယ် ၊ သူ့မှာ ကာတွန်းကားတွေထဲမှာ အမြဲတွေ့နေကျ နန်းတော်
ကြီးလည်း ရှိတာမို့ ကလေးတွေအတွက် မှော်ဆန်တဲ့နေရာကြီးတစ်ခုလိုဖြစ်နေသလို
လူကြီးတွေအတွက် ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။
ပြည်တွင်းကို လည်လို့ပတ်လို့ ဝသွားပြီဆိုရင် ပဲရစ်က Disneyland ဆီ အလည်သွားဖို့
အကြံပြုချင်ပါတယ်။ အင်တာနက်မှာလည်း Disneyland က အရောင်သွေးစုံလင်တဲ့
လည်ပတ်စရာနေရာတွေ ၊ အရသာရှိတဲ့ စားစရာတွေ၊ မုန့်တွေကို သိပြီးကြလောက်ပါပြီ။ ကိုယ်တွေဆီက နာမည်ကြီးအနုပညာရှင်တွေ ၊ ခရီးသွားဘလေ့ာကာတွေလည်း ဒီနေရာလေး ဘယ်လောက်ပျော်ဖို့
ကောင်းတယ်ဆိုတာ ခရီးသွားစိတ်ဝင်စားသူအားလုံးကို ပြန်လည် ဝေမျှပြီးသားဖြစ်ပါတယ်။
ငယ်ငယ်တည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ အပြင်မှာ
တကယ်ထိတွေ့ခွင့်ရမှာဖြစ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလှလှလေးတွေ ၊
စိတ်ပျော်ရွှင်မှုပေးမယ့် စီးယာဉ်တွေ ၊ ပြင်သစ်ယဉ်ကျေးမှုကို ပြသတဲ့ ပွဲတော််တွေလည်း
သူတို့ဆီမှာ ကျင်းပလေ့ရှိပါတယ်။
အရမ်းကြည့်လို့ကောင်းတဲ့ ပွဲတော်တွေနဲ့ မမေ့နိုင်စရာ မီးပန်းဖောက်ပွဲကြီးဟာလည်း
သင့်မှတ်ဉာဏ်ထဲ စွဲမြဲသွားစေပါလိမ့်မယ်။ ခရီးသွားရခြင်းရဲ့အကောင်းဆုံး အကျိုးကျေးဇူး
ကတော့ သင့်ရဲ့တစ်နှစ်တာ ပင်ပန်းခဲ့သမျှ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တာပါပဲ။
ကဲ… စိတ်လွတ်ကိုယ်လွတ် ကလေးဘဝပြန်ရောက်သွားသလို ခံစားရမယ့် Disneyland
ကို သွားဖို့ သူငယ်ချင်တွေနဲ့ တိုင်ပင်ပြီး ပိုက်ဆံစုထားလိုက်တော့နော် 😉
38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.