သင့်ရဲ့ မွေးလအလိုက် ဂရုစိုက်သင့်တဲ့ကျန်းမာရေးအခြေအနေများ
၁)ဇန်န၀ါရီ
၂)ဖေဖော်ဝါရီ
ဒီလမှာမွေးဖွားသူတွေကတော့ အကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊အရိုးအကြော၊ယောက်ျားလေး ဆိုနှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊မိန်းကလေးဆိုသွေးကြောသွေးခဲတဲ့ရောဂါစတဲ့ရောဂါတွေနဲ့ပတ်သက်ပြီးဂရုစိုက်ပေးဖို့လိုပါတယ်။
၃)မတ်
၎)ဧပြီ
၅)မေ
မေလမှာ မွေးဖွားတဲ့ယောက်ျားလေးတွေ ကျန်းမာရေးအနေနဲ့ဂရုစိုက်ရမှာကတော့ ပန်းနာရောဂါ၊စိတ်ဓာတ်ကျရောဂါ၊ဆီးချိုရောဂါတွေပဲဖြစ်ပါတယ်။အမျိုးသမီး
၆)ဇွန်
၇)ဇူလိုင်
၈)သြဂုတ်
၉)စက်တင်ဘာ
၁၀)အောက်တိုဘာ
၁၁)နိုဝင်ဘာ
၁၂)ဒီဇင်ဘာ
ကိုယ့်ရဲ့ မွေးလအလိုက်ဂရုစိုက်သင့်တဲ့ကျန်းမာရေးအခြေအနေတွေကို ပြောပြပြီးပြီဆိုတော့ သေချာဂရုစိုက်ဖို့မမေ့နဲ့နော်
Unicode
သိပ္ပံပညာရှင်တွေရဲ ့လေ့လာချက်တွေအရ သင်မွေးတဲ့လအလိုက် သင့်ကျန်းမာရေး အခြေအနေ တို့က ဆက်စပ်နေတယ်လို့သိရပါတယ်။သင်မွေးတဲ့လက ဥတုရာသီသုံးပါးထဲက ဘယ်ရာသီမှာ သွားကျသလဲဆိုတဲ့အပေါ်မူတည်ပြီး သိပ္ပံပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။ဒါဖြင့်ဘယ်လိုဆက်စပ်နေသလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။
၁)ဇန်နဝါရီ
ဇန်နဝါရီလမှာ မွေးဖွားတဲ့သူတွေက စိတ်တိုလွယ်၊ဒေါသထွက်လွယ်ပြီး စိတ်မရှည်တဲ့သူ တွေဖြစ်ကြပါတယ်။ ရာသီဥတုနဲ့တွက်ကြည့်မယ်ဆိုရင် ဆောင်းရာသီကာလဖြစ်တာကြောင့် နေရောင်ခြည်ကိုလည်း လုံလုံလောက်လောက်မရပါဘူး။အဲ့ဒါကြောင့် ဆောင်းရာသီကာလမှာ မွေးဖွားတဲ့သူတွေဟာ စိတ်ဖိစီးမှုတွေ၊ခံစားချက်တွေကို ဖွင့်ထုတ်ပြတာထက် သိမ်းထား၊ချုပ်တည်းထားရတာကိုပိုပြီးဆန္ဒရှိတာကိုတွေ့ရပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင်အစာအိမ်၊ဝမ်းချုပ်ခြင်း၊ ခါးနာကျင်မှု၊နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊အမျိုးသမီးနဲ့ ဆိုင်တဲ့ရောဂါတွေပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်။ဇန်နဝါရီလမှာမွေးဖွားတဲ့ယောကျ်ားလေးတွေဟာဆိုရင်လည်း အကျိတ်နဲ့ဆိုင်တဲ့ ရောဂါတွေကို တစ်ခြားလမှာမွေးဖွားသူတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်။
၂)ဖေဖော်ဝါရီ
ဒီလမှာမွေးဖွားသူတွေကတော့ အကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊အရိုးအကြော၊ယောကျ်ားလေး ဆိုနှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊မိန်းကလေးဆိုသွေးကြောသွေးခဲတဲ့ရောဂါစတဲ့ရောဂါတွေနဲ့ပတ်သက်ပြီးဂရုစိုက်ပေးဖို့လိုပါတယ်။
၃)မတ်
မတ်လဟာ နွေဦးရာသီထဲကျရောက်ပြီး အဲ့ဒီကာလမှာမွေးဖွားတဲ့သူတွေရဲ စိတ်အခြေအနေက အမြဲတမ်းကောင်းမွန်လေ့ရှိပါတယ်။မတ်၊ဧပြီ၊မေစတဲ့လတွေမှာမွေးဖွားသူတွေက အကောင်းမြင်တတ်သူတွေဖြစ်ကြပါတယ်။ဒီလမှာမွေးဖွားတဲ့ယောကျ်ားလေးဆို နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ၊ပန်းနာရောဂါ၊မျက်စိတိမ်စွဲတာ စတဲ့ရောဂါတွေ အဖြစ်များလေ့ ရှိပါတယ်။အမျိုးသမီးတွေဆိုရင်အကြောအဆစ်ရောင်နာ၊ဝမ်းချုပ်ရောဂါ၊အဆစ်ရောဂါတွေကို အထူးဂရုစိုက်သင့်ပါတယ်။
၄)ဧပြီ
ဧပြီလမှာမွေးဖွားတဲ့ယောကျ်ားလေးတွေဟာ အကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါ၊အရိုးအကြော ၊ပန်းနာရောဂါတွေမဖြစ်အောင်ဂရုစိုက်ဖို့လိုပါယ်။မိန်းကလေးတွေဆိုရင် ဦးနှောက်အကျိတ်ရောဂါ၊အရိုးအကြောရောဂါ၊လည်ချောင်းနာရောဂါတွေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။
၅)မေ
မေလမှာ မွေးဖွားတဲ့ယောကျ်ားလေးတွေ ကျန်းမာရေးအနေနဲ့ဂရုစိုက်ရမှာကတော့ ပန်းနာရောဂါ၊စိတ်ဓာတ်ကျရောဂါ၊ဆီးချိုရောဂါတွေပဲဖြစ်ပါတယ်။အမျိုးသမီး
တွေဆိုရင်လည်းအရိုးအကြော၊ဝမ်းချုပ်ခြင်း၊မကြာခဏပြန်ပြန်ဖြစ်တတ်တဲ့ရောဂါတွေကိုသတိထားဖို့လိုပါတယ်။
၆)ဇွန်
ဇွန်လမှာမွေးဖွားသူတွေက အကောင်းမြင်စိတ်ရှိကြပါတယ်။ဒါပေမဲ့ မကြာခဏလည်း စိတ်အခြေအနေကပြောင်းလဲတတ်ပါတယ်။စိတ်ရောဂါနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ ့ပတ်သက်ပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။အမျိုးသားတွေဆိုရင်မကြာခဏပြန်ပြန်ဖြစ်တတ်တဲ့လည်ချောင်းနာရောဂါမျိုး၊မျက်စိတိမ်စွဲရောဂါ၊နှလုံးရောဂါတွေကိုဂရုစိုက်ပေးပါ။မိန်းကလေးတွေဆိုရင် အကြောအဆစ်ရောင်ရောဂါ၊ဆီးအိမ်နဲ့ပတ်သက်သောရောဂါ၊အဆစ်ရောဂါ
တွေကိုဂရုစိုက်ပေးဖို့လိုပါတယ်။ဇွန်လမှာမွေးဖွားတဲ့ယောကျ်ားလေး ၃၄ရာခိုင်နှုန်းလောက်ဟာ စိတ်ကျရောဂါခံစားရလေ့ရှိပြီး ၂၂ရာခိုင်နှုန်းဟာနောက်ကျောနာကျင်မှုကိုခံစားရလေ့ ရှိပါတယ်။အမျိုးသမီး ၃၅ရာခိုင်နှုန်းဟာဆိုရင်လည်း အမျိုးသမီးရောဂါတွေကို တစ်ခြားလမှာမွေးဖွားသူတွေထက်ပိုပြီးကြုံတွေ့ရလေ့ရှိပါတယ်။
၇)ဇူလိုင်
ဇူလိုင်လမှာမွေးဖွားသူတွေဟာပန်းနာရောဂါ၊အဆစ်ရောဂါ၊ဦးနှောက်အကျိတ်ရောဂါ၊မကြာခဏဆိုသလိုပြန်ဖြစ်တတ်တဲ့လည်ချောင်းနာကျင်မှုရောဂါတွေကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
၈)သြဂုတ်
သြဂုတ်လမှာမွေးဖွားသူတွေထဲက အမျိုးသားတွေဆိုရင် အကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါ၊ ပန်းနာရောဂါ၊ အရိုးအကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။အမျိုးသမီးတွေဆိုရင် အကြောအဆစ်ရောင်နာ၊အဆစ်ရောဂါ၊သွေးကြောတွေသွေးခဲခြင်းရောဂါနဲ့သက်ဆိုင်ရာ ရောဂါတွေကြုံတွေ့ရတတ်ပါတယ်။
၉)စက်တင်ဘာ
စက်တင်ဘာလမှာမွေးဖွားသူတွေအများစုဟာ စိတ်တိုလွယ်ဒေါသထွက်လွယ်ပါတယ်။ စက်တင်ဘာလမှာမွေးဖွားသူအများစုက သွေးအကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ အရိုးအကြောရောဂါတွေအများဆုံးခံစားရတတ်ပါတယ်။အမျိုးသားတွေဟာဆိုရင် ပန်းနာရောဂါနဲ့အမျိုးသမီးတွေဟာဆိုရင်အကျိတ်အလုံးရောဂါတွေခံစားရလေ့ရှိပါတယ်။ကံကောင်းတာတစ်ခုကတော့ ဒီလမှာမွေးဖွားသူတွေဟာ နာတာရှည်ရောဂါတွေဖြစ်ပွားနှုန်းနည်းပါးပါတယ်။
၁၀)အောက်တိုဘာ
အောက်တိုဘာလမှာမွေးဖွားသူတွေထဲက အမျိုးသားတွေဟာ သွေးအကျိတ်နဲ့ သက်ဆိုင်တဲ့ရောဂါတွေအများဆုံးကြုံတွေ့ရတတ်ပြီး အမျိုးသမီးတွေကတော့သွေးအားနည်းရောဂါ၊ကိုလက် စထရောမြင့်မားတဲ့ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးရော၊အမျိုးသားရောဖြစ်တတ်တဲ့ရောဂါတစ်ခုကတော့အရိုးအကြောနဲ့သက်ဆိုင်ရာရောဂါတွေပဲဖြစ်ပါတယ်။
၁၁)နိုဝင်ဘာ
နိုဝင်ဘာလမှာမွေးဖွားတဲ့အမျိုးသားတွေဟာ မကြာခဏပြန်ဖြစ်တတ်တဲ့အရေပြားရောဂါ၊နှလုံး ၊သွေးအကျိတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေဂရုစိုက်ဖို့လိုပြီး အမျိုးသမီးတွေဟာဆိုရင် နှလုံးရှော့ခ်ဖြစ်တာ၊ဝမ်းချုပ်ရောဂါ၊အကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ကံကောင်းတာတစ်ခုကတော့နိုဝင်ဘာလမှာအမျိုးသမီးတွေအသက်ကြီးလာရင်ကြုံရတတ်တဲ့အမျိုးသမီးရောဂါနဲ့ပတ်သက်ပြီး အထွေအထူးပြဿနာမရှိပါဘူး။
၁၂)ဒီဇင်ဘာ
ဒီဇင်ဘာလမှာမွေးဖွားသူတွေထဲက ယောကျ်ားလေးတွေဟာ စိတ်ဓာတ်ကျရောဂါ ၊နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ ၊မျက်စိတိမ်စွဲရောဂါတွေဖြစ်တတ်ပါတယ်။အမျိုးသမီးတွေဟာဆိုရင်တော့ ပန်းနာရောဂါ ၊သွေးကြောသွေးခဲတဲ့ရောဂါ၊နာတာရှည်လည်ချောင်းနာရောဂါတွေ
အထူးဂရုစိုက်သင့်ပါတယ်။
ကိုယ့်ရဲ ့မွေးလအလိုက်ဂရုစိုက်သင့်တဲ့ကျန်းမာရေးအခြေအနေတွေကို ပြောပြပြီးပြီဆိုတော့ သေချာဂရုုစိုက်ဖို့မမေ့နဲ့နော်
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.