ကိုယ့်ချစ်သူကငြီးငွေ့သွားတာမခံချင်ရင် ဒါတွေတော့ရှောင်ဖို့လို

လူဆိုတာ အသစ်အဆန်းကိုတပ်မက်ကြသူချည်းပါပဲ။ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့လူနဲ့ မထိန်းနိုင်တဲ့လူပဲကွာသွားတာပါ။ ကိုယ်သည်ကိုယ့်ချစ်သူမှတစ်ပါးဆိုတဲ့သစ္စာတရားကိုတန်ဖိုးထားတဲ့ ဆင်ခြင်တုံတရားလေးတော့ရှိဖို့လိုပါတယ်။ဒါပေမယ့် လူတော်တော်များများ မှားယွင်းနေကြတာက အသစ်တွေ့မှ ချစ်သူကကိုယ့်ဆီိကနေထွက်သွားမယ်ဆိုတဲ့ ကောက်ချက်ပါပဲ။အဲ့ဒါနဲ့ပဲအသစ်မတွေ့အောင် လိုက်ထိန်းနေကြ၊လိုက်ထိန်းနေတာကို တစ်ဖက်ကစိတ်ပျက်လာ၊ထွက်သွားဆိုတဲ့ပြဿနာပါပဲ။တတိယလူပေါ်လာမှ ကိုယ့်ဆီကထွက်သွားမှာမဟုတ်ဘူးဆိုတာကိုသတိကပ်ထားဖို့လိုပါတယ်။နောက်တစ်ခုက လူတစ်ယောက်ဟာ ကိုယ့်ကိုအကြောင်းပြချက်မရှိချစ်တယ်ဆိုတာတောင်ရှိသေးရင် အကြောင်းပြချက်မရှိအချစ်တွေကုန်ခမ်းသွားတယ်၊မချစ်တော့ဘူးဆိုတာလည်း အချိန်မရွေးဖြစ်လာနိုင်တဲ့ကိစ္စပါ။ ဒါကိုလက်ခံထားဖို့လိုပါတယ်။ ကံမကုန်သေးသရွေ့တော့ ကိုယ့်ချစ်သူကိုယ့်ကိုစိတ်မပျက်သွားအောင်၊မငြီးငွေ့သွားအောင် ရှောင်သင့်ရှောင်ထိုက်တာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

တရားလွန်ချုပ်ကိုင်မထားပါနဲ့

ချုပ်ချယ်တယ်ဆိုတာ ချစ်စခင်စကြင်နာစပဲ အသည်းယားပြီးပီတိတွေဖြာဖို့ကောင်းတာပါ။တစ်လျှောက်လုံးအသက်ရှုခွင့်တောင်မပေးပဲချုပ်ချယ်နေရင်တော့ သိပ်ကိုစိတ်ပျက်လာတဲ့တစ်နေ့မှာ သင့်ဆီကနေ သူအပြီးတိုင်ထွက်သွားပါလိမ့်မယ်။

 

တရားခံစစ်မစစ်ပါနဲ

တချို့ကရှိပါတယ်။ယုံကြည်ရတဲ့ relationship ဖြစ်နေပါရက်နဲ့ သူဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာကိုသိနေပါရက်နဲ့ကို ငါသိတယ်နော်ဆိုပြီးစစ်လိုက်ရမှ အိပ်ပျော်စားဝင်နေသာထိုင်သာရှိတာပါ။ အဲ့လိုကြပ်ကြပ်စစ်လေ စိတ်ပျက်ငြီးငွေ့ပြီး ပြတ်ချင်လေပါပဲ။

 

ဆရာမလုပ်ပါနဲ့

ဒါကတော့ ချစ်သူတွေမှာမှမဟုတ်ပါဘူး။သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာလည်းမကြာခဏဖြစ်တတ်တဲ့ပြဿနာပါ။ လူဆိုတာက တစ်ယောက်ယောက်ကကိုယ့်ကိုဆရာလာလုပ်နေရင်ဘယ်သူမှမကြိုက်ပါဘူး။ကိုယ့်ချစ်သူဆိုပြီး အောင့်အက်ခံနေရင်တောင် တော်ရုံပဲကောင်းပါတယ်။ဒါကြောင့် သင့်ချစ်သူကသင့်ထက် အသက်အရွယ်အရ ဒါမှမဟုတ် ပညာအရည်အချင်းအရ၊ဘဝအတွေ့အကြုံအရ ငယ်နေခဲ့မယ်ဆိုရင် ဆရာကြီးလုပ်တာထက် နားဝင်အောင်အေးအေးဆေးဆေးပြောပြတာမျိုးကပိုကောင်းပါတယ်။

 

တသမတ်တည်းအပြင်အဆင်ကိုရှောင်ပါ

သင်ကမိန်းကလေးဆိုပါစို့၊ဆံပင်စည်းတယ်၊စချစ်ခါစတုန်းကတော့ ဒီလိုဆံပင်စည်းထားတာလေးကိုပဲချစ်နေရတာဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကြာလာတဲ့အခါ တစ်ခါလာလည်းဒီပုံနောက်တစ်ခါလာလည်းဒီပုံပဲဆိုရင်ရိုးသွားနိုင်ပါတယ်။ဒါကြောင့် အပြင်အဆင်ကိုကိုယ်နဲ့လိုက်ဖက်မယ့်ပုံလေးတွေပြောင်းပြောင်းပေးနေသင့်ပါတယ်။

 

အတင်းမပြောပါနဲ့

မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူဆိုရင် အကုန်လုံးဘာတစ်ခုမှမကျန်အောင်ပြောပြချင်နေကြတာပါပဲ။ ဒါပေမယ့် ယောက်ျားလေးတွေအတွက်ကတော့ စကားများတဲ့မိန်းကလေး၊အတင်းပြောတဲ့မိန်းကလေးကိုအလိုလိုကိုရှောင်ကြပါတယ်။ ကွယ်ရာမှာသူတို့အတင်းပြောမှာစိုးတာထက် နားညည်းတဲ့ဒဏ်ကိုမခံစားနိုင်လို့ပါ။ ချစ်စခင်စတုန်းကတော့ သာလိကာမလေးကျနေတာပဲဘာညာတွေးကောင်းတွေးပါလိမ့်မယ်။ကြာလာရင်တော့ မင်းပါးစပ်ကဆိတ်ပါးစပ်ပဲဆိုတာမျိုးထုတ်မပြောရင်ကံကောင်းပါ။

 

မိတ်ကပ်တွေခြစ်ချလို့ရအောင်မလိမ်းပါနဲ့

ယောက်ျားလေးတွေက မိတ်ကပ်တွေဖုံးနေမှချစ်တယ်လို့ထင်ရင် သိပ်မှားသွားပါလိမ့်မယ်။ ယောက်ျားလေးတွေက သူတို့ချစ်တဲ့ကောင်မလေးကိုရိုးရိုးသားသားမပြင်မဆင်ထားတဲ့ပုံလေးကိုတန်ဖိုးထားတာပါ။ သွားတဲ့လာတဲ့နေရာမှာတော့ သင့်တော်သလိုလိမ်းလို့ရပါတယ်။ဒါပေမယ့် မုန့်သွားစားတာလောက်လေးကိုမိတ်ကပ်တွေအများကြီိးဖို့ထားရင်တော့ သူတို့ကသိပ်ပြီိးနှစ်သက်မယ်မဟုတ်ပါဘူး။

 

မစွာပါနဲ့

စွာတေးလန်လေးကိုကြွေတဲ့ကောင်လေးတွေအများအပြားရှိနိုင်ပေမယ့် အဲ့ဒီိစွာတေးလန်လေးရဲ့ချစ်သူကတော့ အနောက်ကနေပြဿနာတွေလိုက်ရှင်းရဖန်များလာတဲ့အခါ၊လူကြားသူကြားထဲလည်း ရန်ဖြစ်ရဖန်များလာတဲ့အခါ စိတ်ကတဖြည်းဖြည်းပိန်လာတတ်ပါတယ်။အဲ့ဒီအခါ မပြောမဆိုနဲ့သင့်နားကနေ ထွက်သွားပါလိမ့်မယ်။

 

ဒါတွေကတော့ သင့်ချစ်သူကသင့်ကိုငြီးငွေ့စိတ်ပျက်သွားတာမခံချင်ရင် ရှောင်ကြဉ်သင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ သတိချပ်ရမှာကတော့ သင့်အနေနဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား ကိုယ့်ကိုမချစ်တဲ့လူ၊ကိုယ့်အရှိန်အဝါနဲ့မထိုက်တန်တဲ့လူကတော့ ကိုယ့်အနားကနေ အကြောင်းအမျိုးမျိုးနဲ့ဝေးလွင့်သွားမှာပါပဲ။ ဒီအတွက်ဝမ်းနည်းနေဖို့မတန်ပါဘူး။

 

Unicode Format

















 

231 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.