တရုတ်နံနံပင်ကိုနေ့တိုင်းပုံမှန်စားရင် သင့်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲ?

လတ်ဆက်ပြီးအရသာရှိတဲ့တရုတ်နံနံပင်မှာ ရေဓာတ် ၉၅ရာခိုင်နှုန်းတောင် ပါဝင်ပါတယ်တဲ့။ ဒီလိုရေဓာတ်တွေအများကြီးပါဝင်တဲ့ခန္ဓာကိုယ်အတွက်လည်းအကျိုးပြုတဲ့အရာတွေ ရှိပါသေးတယ်။ဟင်းသီးဟင်းရွက်တိုင်းမှာကျန်းမာရေးအာနိသင်တစ်ခုခုပါဝင်တယ်ဆိုသလို မုန်ညင်းရွက်ကိုပုံမှန်နည်းနည်းစီစားပေးရင် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

၁)ကိုယ်အလေးချိန်ကျဆင်းမှုကိုကူညီပေးတယ်
ရေဓာတ်အများအပြားပါဝင်ပြီး ဗီတာမင် K ကြွယ်ဝတဲ့ တရုတ်နံနံပင်မှာတစ်ခြားအာနိသင် တွေလည်းကြွယ်ဝတာကြောင့်ကိုယ်အလေးချိန်ကိုထိန်းချင်တာ၊လျှော့ချချင်တာဆိုရင် မုန်ညင်းရွက်ကိုသုံးလို့ရပါတယ်။မုန်ညင်းရွက်ကိုဒီတိုင်းစားတာဖြစ်စေ၊အရွက်ကိုကြိတ်ပြီးအရည်ဖျော်သောက်တာ ဖြစ်စေလုပ်ပေးရင် ကိုယ်အလေးချိန်ကိုမြန်မြန်ဆန်ဆန်ကျဆင်းစေပါတယ်။

၂)ရင်ပူရင်ဆာဖြစ်တာကို နှုတ်ဆက်လိုက်ပါ
အစာအိမ်သိပ်မကောင်းတဲ့သူတွေမှာဖြစ်တတ်တဲ့ ရင်ပူရင်ဆာဖြစ်ခြင်းကို မုန်ညင်းရွက်စားပြီး တာ့တာပြလိုက်ပါ။တရုတ်နံနံပင်ကို ဖျော်ရည်အဖြစ်သောက်ပေးရင်လည်းရင်ပူရင်ဆာဖြစ်တာ ကိုပျောက်ကင်းစေပါတယ်။အစာအိမ်ကိုကောင်းမွန်စွာလှုပ်ရှားလည်ပတ်စေတာကြောင့် မုန်ညင်းရွက်က သင့်အစာအိမ်အခြေအနေကိုထိန်းပေးပါလိမ့်မယ်။ဒါပေမဲ့ လိုအပ်တာထက်ပိုပြီး မကြာခဏဆိုသလိုဖြစ်တတ်တယ်၊အရမ်းဆိုးရွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

၃)ရောဂါပိုးမွှားတွေကိုကင်းစင်စေတယ်
ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ကိုယ်တွေမျက်စိနဲ့မမြင်နိုင်တဲ့ရောဂါ ပိုးမွှားတွေ၊ဘတ်တီးရီးယားတွေရှိနေပါတယ်။တကယ်လို့တရုတ်နံနံပင်ကိုနေ့တိုင်း စားပေးမယ်ဆိုရင် သင့်ရဲ့ အရေပြားကိုပိုမိုကြည်လင်လာစေပြီး မျက်လုံးအားကောင်း လာစေပါတယ်။သင့်ရဲ့ သွားတွေကိုလည်းကယ်လ်စီယမ်ဖြည့်ဆည်းပေး လို့ ပိုမိုတောက်ပလာစေပါတယ်။

၎)ရေဓာတ်ပြည့်ဝစေတယ်
ခန္ဓာကိုယ်မှာအဓိကလိုအပ်တာရေဓာတ်ပါ။အထူးသဖြင့်ဦးနှောက်အစိတ်အပိုင်းတွေအတွက်ရေဓာတ်များများလိုအပ်ပါတယ်။မုန်ညင်းရွက်ကိုသာ နေ့တိုင်းပုံမှန်စားပေးမယ်ဆိုရင်ရေဓာတ် မပြည့်ဝမှာပူစရာမလိုတော့ပါဘူး။တရုတ်နံနံပင်တင်မက သခွားသီးမှာလည်း ရေဓာတ် ၉၈ရာခိုင်နှုန်းပါဝင်ပါတယ်။မုန်ညင်းရွက်မှာလည်း ရေဓာတ် ၉၅ရာခိုင်နှုန်းတောင်ပါဝင်လို့ ပုံမှန်လေးစားပေးသင့်တဲ့အရွက်တစ်မျိုးပါ။

၅)အစာအိမ်အတွက်ကောင်းမွန်စေတယ်
ရေဓာတ်မြင့်မားစွာပါဝင်သလို တရုတ်နံနံပင်ဟာ အမျှင်ဓာတ်လည်းများပြားလို့ အစာအိမ်အတွက် ကောင်းမွန်ပါတယ်။သဘာဝအမျှင်တွေက အစာအိမ်နံရံတွေ၊အူလမ်းကြောင်းတွေကို ကာကွယ်ပေးနိုင်ပြီးအစာအိမ်ကိုအလုပ်ကောင်းကောင်းလုပ်အောင်ကူညီပေးနိုင်ပါတယ်။မုန်ညင်းရွက်စားပေးတာက သွေးတွင်းစီးဆင်းမှုအတွက်ကိုပါ အထောက်အကူပြုပါတယ်။

၆)သွေးဖိအားနဲ့ကိုလက်စထရောမြင့်တက်မှုကိုကာကွယ်ပေးတယ်
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တရုတ်နံနံပင်ဟာ anti-cholesterol ဓာတ်မြင့်မားစွာပါဝင် တာကြောင့်သွေးဖိအားမြင့်တာ၊ကိုလက်စထရောဓာတ်မြင့်တက်သွားတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်၊ထိန်းပေးနိုင်ပါတယ်။ဆဲလ်အတွင်းနဲ့အပြင်ဘက်မှာရှိတဲ့ကယ်လ်စီယမ်၊ပိုတက်ဆီယမ်စီးဆင်းမှုကိုလည်းကောင်းမွန်စေလို့ မုန်ညင်းရွက်စားပေးတာက သင့်ကျန်းမာရေးအတွက် သင်ထင်ထားတာထက်ပိုပြီးအထောက်အကူပြုပါတယ်။

တရုတ်နံနံပင်ကို တစ်ပတ်လုံးလုံးမစားဖြစ်ရင်တောင် တစ်ပတ်ကိုသုံးလေးခါလောက်တော့ ပုံမှန်ချက်ပြုတ်စားပေးဖို့ အကြံပြုချင်ပါတယ်။

 

 

193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.