မနက်ဖြန်ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲမှာ ကလေးအရံလုပ်မယ့် ရှားလက် မင်းသမီးလေး
(Unicode) 
ဝီလီလျံ နဲ့ ကိတ်တို့ရဲ့ချစ်စရာသမီးလေး ရှားလက်ကတော့ ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့လက်ထပ်ပွဲမှာ ကလေး အရံလုပ်မယ်လို့ သိရပါတယ်။ လက်ထပ်ပွဲရဲ့ ကလေးအရံ (၆)ယောက်ထဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ရှားလက်လေးရဲ့အစ်ကို ဂျော့ရှ်ကတော့ အခြားယောကျ်ားလေး (၃)ယောက်နဲ့အတူ ရှေ့ထွက်ကလေးတွေထဲမှာပါမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကလေးလေးတွေ ဘာတွေဝတ်ဆင်မယ်၊ ဘယ်လိုတွေ စီစဉ်ထားလဲဆိုတာကတော့ အကုန်လုံးက စိတ်ဝင်စားနေကြပါတယ်။ သတို့သမီးလောင်း မက်ဂန်ကတော့ သူမသူငယ်ချင်းတွေထဲက ဘယ်သူ့ကိုမှ သတို့သမီးအရံလုပ်ဖို့ ရွေးချယ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ ဟယ်ရီမင်းသားကတော့ သူ ခေါင်းကိုင်ဖခင် လုပ်ပေးခဲ့တဲ့ ကလေး(၃)ယောက်ကို မင်္ဂလာပွဲမှာ အရံလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဂျော့မင်းသားလေးက အမေဖြစ်သူ ကိတ်ရဲ့ညီမ မင်္ဂလာဆောင်မှာလည်း ကလေးအရံအနေနဲ့ ပါဝင်ခဲ့ပါတယ်။ မနက်ဖြန်ပွဲအတွက် အားလုံးကတော့ ရင်ခုန်စောင့်မျှော်နေကြပါတယ်။
343 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.