သင့်ချစ်သူကို ဝေဖန်လေကန်ရေးတွေလုပ်ချင်တဲ့အခါ ဒီိလိုလေးတွေလိမ်မာပါးနပ်ပါ

လူဆိုတဲ့အမျိုးဟာ ကိုယ့်ကိုယ်တောင်စိတ်တိုင်းကျတာမဟုတ်ပါဘူး။ တော်တော်များများက ကိုယ့်ကိုယ်ကိုယ်မကျေမနပ်အားမလိုအားမရတွေဖြစ်နေတတ်ကြတာပါ။ ဒီတော့ ကျန်တဲ့လူတွေဆိုရင်တော့ ဝေးရောပေါ့။ဘယ်မှာလာစိတ်တိုင်းကျမှာတဲ့လဲ။ကိုယ်ချစ်တဲ့သူဆိုရင်ပိုတောင်ဆိုးပါသေးတယ်။ကိုယ်ကချစ်တော့ သူ့ကိုပြီိးပြည့်စုံတဲ့လူဖြစ်စေချင်၊အားမလိုအားမရတွေဖြစ်၊ဝေဖန်မိ၊ပြဿနာတွေတက်ကြ၊ပြတ်စဲ။ ဟုတ်ပါတယ်။ ချစ်သူရည်းစားစုံတွဲအများစုရဲ့ပြတ်စဲလမ်းခွဲရခြင်းအကြောင်းတရားတွေထဲမှာ တစ်ယောက်ကတစ်ယောက်ကို တွန်းအားပေးနေတာတွေရယ်၊ညှာတာမှုမရှိတဲ့ဝေဖန်ရေးတွေရယ်ကအဓိကအကြောင်းအရာတွေအဖြစ် ရပ်တည်နေပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကိုအကြံညဏ်ပေးချင်တဲ့အခါ ဒါလေးတွေတော့သိထားဖို့လိုပါတယ်။

 

သူကတစ်ခါတစ်လေမှာ သူပြောတာပဲနားထောင်ပေးစေချင်တာပါ

လူတိုင်းရဲ့ဘဝမှာ ဘာမှထင်မြင်ချက်တွေဝေဖန်ချက်တွေမပေးပဲ ကိုယ်ရင်ဖွင့်တာကိုပဲနားထောင်ပေးမယ့်သူတစ်ယောက်လောက်တော့လိုအပ်ပါတယ်။အဲ့ဒီလူဟာ သူငယ်ချင်းဖြစ်စေ ချစ်သူဖြစ်စေ သူ့အတွက်ကအရေးမကြီးပါဘူး။အဲ့ဒီမှာ သင်က သိပ်ကိုပစိပစပ်များ၊ဝေဖန်ပြစ်တင်တတ်တဲ့သူမှန်းသူသိထားရင်တော့ အဲ့ဒီလိုအချိန်မှာသင့်နားကိုလုံးဝရောက်လာမှာမဟုတ်ပဲ သူ့စိတ်ကိုနားလည်ပေးနိုင်တဲ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ပဲအချိန်ဖြုန်းနေတော့မှာပါ။ ဒါကြောင့်သူဟာ နားထောင်ပေးမယ့်လူလိုနေတာလား၊ဆုံးမပဲ့ပြင်ပေးမယ့်လူလိုနေတာလားဆိုတာ ခွဲခြားသိဖို့လိုအပ်ပါတယ်။

 

မလိုအပ်တဲ့ ဝေဖန်ချက်တွေမပေးပါနဲ့

ကိုယ်ပေးတဲ့ဝေဖန်ချက်က မကောင်းတာဆိုပိုတောင်ဆိုးပါသေးတယ်။သင့်ချစ်သူမှာ သူအရမ်းချစ်တဲ့သူငယ်ချင်းတွေရှိရင်ရှိမယ် သူသိပ်နှစ်သက်တဲ့ အနုပညာရှင်တွေရှိရင်ရှိမယ်၊အဲ့ဒါကို သူကမမေးပဲနဲ့ မင်းကြိုက်တဲ့မင်းသားကကွာဘာဖြစ်တယ်၊ရှင်ကြိုက်တဲ့မင်းသမီးကဖြင့် အိုကြီးအိုမ ဆိုတာမျိုးတွေဝေဖန်ချက်မပေးသင့်ပါနော်။ အဲဒီိလိုမလိုအပ်တဲ့ ဝေဖန်ချက်တွေဟာ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကို အစင်းရာတွေထင်စေပါလိမ့်မယ်။

 

တုတ်ထိုးအိုးပေါက်တွေမပြောပါနဲ့

ဥပမာ သင့်ရည်းစားက အရမ်းဝနေပြီပဲထားပါတော့။သူ့ကိုယ်သူဝနေမှန်းလည်းသိတယ်၊ဝိတ်လျှော့ဖို့လိုအပ်မှန်းလည်းသိတယ်။ဒါပေမယ့် သင်က မင်းမလဲ ဝက်ကြီးနဲ့တူနေပြီဝိတ်လေးဘာလေးလျှော့ဦးလို့ပြောလိုက်ရင် ပြဿနာအကြီးကြီးတက်သွားပါလိမ့်မယ်။ဒါကနမူနာပြောတာပါ။ ပြဿနာကဘာလဲဆိုတော့ လူတွေဟာ ကိုယ်ချစ်တဲ့သူအပေါ်ပွင့်လင်းလို့ရတယ်ထင်ပြီး တုတ်ထိုးအိုးပေါက်တွေပြောချပစ်တာပါပဲ။ ပွင့်လင်းလို့ရတယ်ဆိုတာက အခြား သင်တို့ဆက်ဆံရေးကိုထိခိုက်စေမယ့်လျို့ဝှက်ချက်တွေမထားရဘူးလို့ဆိုလိုတာပါ။သူ့ကိုနာကျင်စေမယ့်၊အမှန်တကယ်လည်းသူသိဖို့လိုအပ်တဲ့ဝေဖန်ချက်တွေဆိုရင်တော့ ပညာသားပါပါသွယ်ဝိုက်သောနည်းနဲ့ သူသဘောပေါက်အောင်ပြောတတ်ရပါလိမ့်မယ်။

 

သင့်ရဲ့လေသံကိုသတိထားပါ

ယောက်ျားလေးတွေအတွက်ပိုအရေးကြီးပါတယ်။ဘာလို့ဆိုမိန်းကလေးအများစုဟာ စာပို့တာတောင် စာထဲမှာအသံထည့်ဖတ်တတ်တဲ့မိန်းကလေးတွေဖြစ်လို့ပါပဲ။ အပြင်မှာဆိုပိုဆိုးပါတယ်။သင့်ရဲ့လေသံကအနည်းငယ်မာထန်သွားပြီိဆိုတာနဲ့ သင့်ချစ်သူကအရမ်းကို emotional ဖြစ်သွားနိုင်ပါတယ်။သူ့ကိုတစ်ခုခုဝေဖန်ရာမှာ သင့်အသံကနူးညံ့မှုမရှိပဲမာတင်းနေပြီဆိုရင်တော့ သင်ကသူ့ကိုအကြံညဏ်ပေးတယ်လို့သူ့စိတ်ထဲမှာမမြင်ပဲ အပြစ်တင်နေတယ်လို့ပဲမြင်သွားမှာဖြစ်လို့ပါ။ သိပ်ကို emotional ဖြစ်တတ်တဲ့အချို့ယောက်ျားလေးတွေလည်းရှိပါတယ်။ကိုယ်က emotional ဖြစ်တတ်တဲ့ ခံစားလွယ်တဲ့ စိတ်လှုပ်ရှားလွယ်တဲ့လူကိုရည်းစားတော်ထားမိပြီဆိုရင်တော့လည်း သတိထားရတော့မှာပေါ့လေ။

 

ခွင့်တောင်းပါ

ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့ချစ်သူဖြစ်နေပါစေ လူဆိုတာ အချင်းချင်း လေးစားမှုထားရပါတယ်။ဒါမှလည်းဆက်ဆံရေးပြေလည်မှာပါ။ ဒါကြောင့် သူ့ကိုတစ်စုံတစ်ရာအပြုသဘောဆောင်တဲ့ဝေဖန်ချက်ပေးချင်တယ်ဆိုရင် အဲ့ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ပြောချင်တာတော့ရှိတယ်၊ပြောရမလားဆိုပြီး အရင်မေးတာမျိုးလုပ်သင့်ပါတယ်။ ဘာကြောင့်ဆို လူတိုင်းလူတိုင်းမှာ ဝေဖန်သံတွေမကြားချင်တဲ့အခိုက်အတန့််တွေရှိလို့ပါပဲ။

 

ဒါတွေကတော့ ကိုယ့်ချစ်သူကိုကိုယ် ဝေဖန်လေကန်ရေးမလုပ်ခင် သတိထားသင့်တဲ့အချက်တွေဖြစ်ပါတယ်။ချိုမြိန်သာယာတဲ့ အချစ်ရေးဆိုတာ တစ်ယောက်ကတစ်ယောက်ကိုအစဉ်သဖြင့်ပိုမိုထက်မြက်လာအောင် ပံ့ပိုးကူညီပေးနေတာပါပဲတဲ့။

 

Unicode Format


 



 



 



 



 




0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.