သူ မွေးထားတဲ့ကြောင် အကောင် ၁၂၀ ကို အစာကျွေးချင်လို့ စတာလင်ပေါင် တစ်သိန်းကျော် ကို ခိုးယူ

cats_2763799b.jpg

ဂျပန်အမျိုးသားတစ်ယောက်ဟာ သူမွေးထားတဲ့ကြောင်အကောင်ရေ ၁၂၀ ကို ကြက်သားနဲ့ ငါး လတ်လတ်ဆတ်ဆတ်တွေ ကျွေးချင်တဲ့အတွက်ကြောင့် စတာလင်ပေါင် တစ် သိန်းကျော်ကို ခိုးယူခဲ့ပါတယ်။ အိမ် ၃၂ အိမ်ကို ခိုးဝင်ပြီး ငွေသားနဲ့ လက်ဝတ်ရတနာတွေကို ခိုးယူခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် မာမိုရူး ဒီမိဇု ဟာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ။ သူ့ ကြောင်တွေကို ကျွေးရာမှာ တစ်နေ့ ကို ၁၄၈ ပေါင်ခန့် ကုန်ကျခဲ့ တယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။

အဲဒီ့လူဟာ ကြောင်တွေနဲ့ သူ့ ပါးပြင်ကို ပွတ်သပ်ရတာကို အရမ်းနှစ်သက်ပြီး သူ့ ဘော်ဒါကြောင်တွေကို အရမ်းချစ်တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ဒေသခံရဲတွေက ပြောကြားခဲ့ပါတယ်။ အလုပ်လက်မဲ့တစ်ယောက်ဖြစ်တဲ့ ဒီမိဇု ဟာ သူ့ အိမ်ထဲမှာတော့ ကြောင်တစ်ကောင်ထဲ ကိုမွေးထားတာဖြစ်ပြီး ကျန်တဲ့ကြောင်တွေကတော့ အနီးပတ်ဝန်းကျင်ကကြောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.