အချစ်ဆုံးသူငယ်ချင်းတွေရှိလာပြီဆိုရင်ဘယ်လိုကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောတတ်လာကြသလဲ…
ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကို နည်းသည်များသည်ရှက်ကြောက်နေစရာမလိုပဲ ငါ့မှာဘယ်လောက်ပဲရှိတယ် ၊ ငါဘယ်လောက်ပဲဝင်ငွေရတယ်၊ ငါ့မှာဘယ်လောက်ပဲရှိတယ်ဆိုတာကအစ မရှက်မကြောက်ပြောပြလာတတ်ကြပါတယ်။
Unicode
သိပ်ချစ်ပြီးသိပ်ရင်းနှီးရတဲ့သူငယ်ချင်းတွေရှိလာတဲ့အခါ မှာကိစ္စတော်တော်များများကိုဖုံးကွယ်လျိုထားပြီးနေစရာမလိုပဲ ပွင့်ပွင့်လင်းလင်းပြောပြလာတတ်ကြပါတယ်။အထူးသဖြင့်ကိုယ်တိုင်ယုံကြည်ရပြီးတစ်ယောက်အကြောင်းတစ်ယောက်ခရေစိတွင်းကျသိတဲ့သူမျိုးတွေဖြစ်လာတဲ့အခါပေါ့။ ဒီလိုအချိန်မှာအရင်ကရိုင်းတယ်မပြောသင့်ဖူးဆိုတဲ့အမှန်တရားတွေပါတစ်ယောက်နဲ့တစ်ယောက်ပြောတတ်လာကြတာမလို့ ရင်းနှီးလာတဲ့အခါဘယ်လိုကိစ္စတွေကိုပွင့်ပွင့်လင်းလင်းပြောဖို့ဝန်မလေးတတ်ကြတော့တာလဲဆိုတာ…
(၁) ကိုယ်သင်းနံ့ကြောင်းပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်
တစ်ယောက်ယောက်ရဲ့ကိုယ်သင်းနံ့ကနံနေတဲ့အခါမျိုးမှာပုံမှန်သူတွေအချင်းချင်းဆိုအားနာလို့ပြောဖို့မသင့်တော်တာကြောင့်မပြောတတ်ကြပါဘူး။ ဒါပေမဲ့ တကယ်ခင်သွားပြီဆိုရင်တော့ ခန္ဓာကိုယ်က ကိုယ်သင်းနံ့နဲ့ပတ်သတ်ပြီး မကောင်းရင်မကောင်းဘူးကောင်းရင်ကောင်းတယ်ပွင့်ပွင့်လင်းလင်းပြောတတ်လာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးရကောင်းမှန်မသိပြောဆိုတတ်ကြတဲ့အဆင့်မလို့ဒီလိုကိစ္စမျိုးလောက်ကတော့စေတနာနဲ့အမှန်ပြောတယ်ပဲယူဆတတ်ကြပါတယ်။
(၂) ကိုယ်ခန္ဓာအချိုးစားနဲ့ပတ်သတ်ပြီးအမှန်တိုင်းပြောတတ်ကြတယ်
ကိုယ်ခန္ဓာအချိုးအစားနဲ့ပတ်သတ်ပြီးဝရင်ဝတယ်ပိန်လွန်းရင်ပိန်လွန်းတယ်။ ဘာကိုမဆိုအမှန်တိုင်းပြောဆိုဖို့ဝန်မလေးတတ်ကြပါဘူး။ပုံမှန်လူဆိုရင် ပြောဖို့အားနာတတ်ကြပေမဲ့ရင်းနှှီးသွားရင်တော့ အမှန်တိုင်းပြောပြဖို့ဝန်မလေးတတ်ကြပါဘူး။
(၃) တစ်စုံတစ်ယောက်ပေါ်တကယ်ချစ်မချစ်ပြောပြတတ်ကြတယ်
ဘယ်သူ့ကိုတကယ်ချစ်မိနေပြီ ဘယ်သူ့ကိုတော့ မချစ်ပဲတွဲနေရတယ်၊ ဘာညာဆိုတာတွေကအစ ရှက်စရာကောင်းတယ်လို့ထင်ရတဲ့ချစ်ရေးချစ်ရာကိစ္စတွေကိုပါတစ်ယောက်နဲ့တစ်ယောက်ပြောပြဖို့ဝန်မလေးတော့ရင်တော့သင်ဟာသူ့ဘဝရဲ့အရင်းနှီးဆုံးသူဖြစ်နေပါပြီ။
(၄) ရောဂါကြီးကြီးမားမားဖြစ်တဲ့အခါဖုံးကွယ်မထားတတ်ကြဘူး
တစ်ချို့သူတွေဟာ သူတို့မှာရောဂါကြီးကြီးမားမားရှိလာတဲ့အခါသူများကိုထုတ်ပြဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါပင်မဲ့တကယ်ရင်းနှီးသွားရင်တော့ ကိုယ်ရဲ့ရောဂါကြီးကြီးမားမားတွေပြောဖို့ဝန်လေးစရာကောင်းလှတဲ့ရောဂါတွေကိုပါ အေးဆေးပြောပြနို်င်သွားကြပါတယ်။
(၅) ကိုယ်မှာရှိတဲ့ပိုင်ဆိုင်မှုတိုင်းကိုအမှန်တိုင်းပြောဖို့ရှက်မနေဘူး
ကိုယ့်မှာရှိတဲ့ပိုင်ဆို်င်မှုတွေကို နည်းသည်များသည်ရှက်ကြောက်နေစရာမလိုပဲ ငါ့မှာဘယ်လောက်ပဲရှိတယ် ၊ ငါဘယ်လောက်ပဲဝင်ငွေရတယ်၊ ငါ့မှာဘယ်လောက်ပဲရှိတယ်ဆိုတာကအစ မရှက်မကြောက်ပြောပြလာတတ်ကြပါတယ်။
သင်တို့မှာဒီလိုရှက်ကြောက်စရာကိစ္စတွေ မသင့်တော်တဲ့ကိစ္စတွေကအစပြောပြလို့ရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ရှိနေပြီဆိုရင်တော့ လက်မလွတ်ပဲပိုပြီးတန်ဖိုးထားခင်မင်ပေးဖို့လိုနေပါပြီ..
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.