သိပ္ခ်စ္မိလို႕တြယ္ကပ္ေလေ၀းေလဆိုတာကိုလက္ခံလုိက္ပါ…

ေတာ္ေတာ္မ်ားမ်ားေသာအတြဲေတြမွာ ေကာင္ေလးေတြကစခ်စ္တတ္ျကေပမဲ႔ ေနာက္ပိုင္းပိုခ်စ္မိသြားတတ္ျကတာမိန္းကေလးေတြပါ။ ဒါကိုတစ္ခ်ိဳ႕ေကာင္ေလးေတြကေတာ႔ တန္ဖိုးထားနားလည္တတ္ျကေပမဲ႔တစ္ခ်ိဳ႕ေတြကေတာ႔ အခ်ိန္ျကာျကာေကာင္မေလးေတြကသူတုိ႕ကိုအရမ္းခ်စ္ျပီးတြယ္ကပ္ေနတတ္ရင္စိတ္ရႈပ္တတ္ျကပါတယ္။ဒါေကာင္ေလးေတြမွားတယ္လို႕လည္းမဆိုနုိင္ပါဘူး။ မခ်စ္ေတာ႔တာမဟုတ္ဘူး အျမဲတမ္းျကီးခ်စ္လြန္းလို႕တြယ္ကပ္ေနေတာ႔ပ်င္းျပီးျငီးေငြ႕ေနတတ္ျကတာပါ။ စာရိတၱေကာင္းတဲ႔တစ္ခ်ိဳ႕ကေတာ႔ပ်င္းတာနဲ႕တင္ျပီးတတ္ေပမဲ႕စိတ္ဓာတ္မေကာင္းတဲ႔သူမတည္ျငိမ္တဲ႔သူေတြကေတာ႔ျခံခုန္သြားတတ္ပါတယ္။ မိန္းကေလးတိုင္းကေတာ႔ကိုယ္႔ခ်စ္ရသူကို ပ်င္းရိျငီးေငြ႕တာမ်ိဳးေတြခံစားေစခ်င္မွာမဟုတ္တာေျကာင္႕ခ်စ္ေတာ႔ခ်စ္ပါ၊ ဘယ္လိုခ်စ္သင္႔သလဲသူမရိုးေအာင္ဘယ္လုိေနသင္႔သလဲဆိုတာေလးေတာ႔သိရွိထားဖုိ႕လုိပါတယ္…
(၁) ေန႕စဥ္အဆက္သြယ္လုပ္ပါ၊ ရိုးရွင္းစြာျကီးမေျပာပါနဲ႕
ခ်စ္သူရည္းစားတုိင္းေန႕စဥ္ေတာ႔အဆက္သြယ္လုပ္ဖုိ႕လုိပါတယ္။ ဒါပင္မဲ႔ပံုမွန္ျကီး ေျပာတာမ်ိဳးမဟုတ္ပဲခ်စ္စရာေကာင္းေအာင္ ရင္ခုန္စရာေကာင္းေအာင္ စကားေလးေတြေျပာျပီးအဆက္သြယ္လုပ္သင္႔ပါတယ္။ ပံုမွန္ျကီးသူငါ႔ကိုခ်စ္တာပဲ သိပ္ဆန္းေနစရာမလုိပါဘူးမေတြးပါနဲ႕။ လူတိုင္းကအဆန္းကိုျကိုက္ျကတာျကီးပါပဲ။ဒါေျကာင္႔ တကယ္အခ်ိန္ျကာျကီးလက္တြဲခ်င္ရင္ ကိုယ္႔အေပၚမပ်င္းေစခ်င္ရင္ တစ္ခါတစ္ေလဆန္းေပးသင္႔ပါတယ္။
(၂) ေန႕ေရာညပါChat တာမ်ိဳးေတြမလုပ္ပါနဲ႕
မိန္းကေလးေတြကခ်စ္မိျပီဆိုရင္တစ္ဆံုးပါပဲ။ ေန႕ေရာညပါကိုယ္႔ခ်စ္ရသူဘယ္လုပ္ေနလဲဘယ္သြားေနလဲကအစ အကုန္သိခ်င္တာ၊ လုိင္းေပၚမွာမေတာ္လုိ႕ခနပဲေတြ႕ျကည္႔တစ္ျခားအလုပ္ေတြေဘးကပ္ျပီး ေအးေဆးကို ထိုင္ေျပာတတ္ျကတာ။ ဒါသူတုိ႕စိတ္ထဲမွာသူတို႕ခ်စသူေကာင္ေလးကို ခ်စ္လြန္းလို႕႔ပါ။ ဒါေပမဲ႔ေကာင္ေလးေတြကေတာ႔ေန႕ညမပ်က္စကားေျပာေနရတယ္ လိုင္းဖြင္႔တုိင္းကိုယ္နဲ႕ပဲေျပာေနရတာမ်ိဳးဆိုရင္စိတ္က်ဥ္းျကပ္တတ္ျကပါတယ္။ ဒါသင္႔ကိုမခ်စ္လို႕ျခံခုန္ခ်င္လုိ႕
မဟုတ္ေပမဲ႔ ေျပာရပါမ်ားလာေတာ႔ရိုးျပီးျငီးေငြ႕တတ္ျကတာပါ။
(၃) ေတြ႕ဆံုခ်ိန္တိုင္းကိုအ နွစ္သာရရွိရွိျဖတ္သန္းပါ
ေတြ႕ဆံုခ်ိန္ဟာ တိုေတာင္းပါေစ အာ႔တိုေတာင္းတဲ႔ကာလအတြင္းမွာ ေတြ႕ဆံုမႈတိုင္းကိုပ်င္းရိျငီးေငြ႕စြာသမာရိုးက် ျကီးမျဖတ္သန္းပဲ ခ်စ္စရာေကာင္းတဲ႔အမွတ္တရေလးေတြနဲ႕ကုန္ဆံုးတတ္ပါေစ။ ေယာက်ၤားေလးဆိုတဲ႔အမ်ိဳးကိုက ေဖာက္ျပန္၏မေဖာက္ျပန္၏ထက္ အခ်ိန္ျကာေလ ရိုးအီသြားတတ္ျကတာမလုိ႕ ငါ႔ခ်စ္ရင္မရိုးရဘူးလို႕ေတာ႔ တရားေသမွတ္ထားလို႕မရပါဘူး။ ကိုယ္႔ဘက္ကလည္းအေကာင္းဆံုးျကိုးစားေပးသင္႔ပါတယ္။
(၄) ကိုယ္ပိုင္ဆြဲေဆာင္မႈတစ္ခုရွိေနပါေစ
ေယာက်ၤားေလးတိုင္းဟာကိုယ္႔ခ်စ္သူမိန္းကေလးရဲ႕ပင္ကိုဆြဲေဆာင္မႈတစ္ခုကိုျမတ္နိုးျကတဲ႔သူေတြျကီးပါပဲ။ ဒါေျကာင္႔ကိုယ္ခ်စ္ရသူကိုအျမဲေပ်ာ္ရႊင္မႈေတြေပးခ်င္ေနတဲ႔မိန္းကေလးတိုင္းဟာ အရင္ကလွခ်င္ပခ်င္စိတ္မရွိရင္ေတာင္ကိုယ္ခ်စ္ရသူအျမင္မွာလွေနေစဖို႕အျမဲျကိုးစားျပင္ဆင္သင္႔ပါတယ္။ အေပၚယံကိုမက္တာလားဆိုတာေတာ႔ မဟုတ္ပင္မဲ႕လူတုိင္းေတာ႔အလွပေလးေတြကိုခံစားခ်င္တတ္ျကတာျကီးပါပဲ။
(၅) တရားလြန္ခ်စ္ျပတာမ်ိဳးမျဖစ္ပါေစနဲ႕
ကိုယ္ခ်စ္တာကိုကိုယ္႔ခ်စ္သူေကာင္ေလးသိေအာင္ေနပါ၊ ဒါမဲ႔တရားလြန္ေတာ႔ခ်စ္မျပပါနဲ႕။ တစ္ခါတစ္ရံမွာတစ္ခိ်ဳ႕သူေတြက သူတို႕ကိုအရမ္းခ်စ္မွန္းသိေနရင္ သူတို႕နားကဘယ္မွသြားလိမ္႔မွာမဟုတ္ပါဘူးဆိုျပီးတန္ဖိုးထားဖို႕ေမ႔သြားတတ္ျကပါတယ္။ ကိုယ္႔ရဲ႕တရားလြန္အခ်စ္ေတြေျကာင္႔
ကိုယ္႔တန္ဖိုးသူမသိေတာ႔တာမိ်ဳးမျဖစ္ေစဖုို႕လုိပါတယ္။

ပိုခ်စ္မိတဲ႔မိန္းကေလးပဲျဖစ္ျဖစ္ေယာကၤ်ားေလးပဲျဖစ္ျဖစ္ပိုခံစားရတတ္ပါတယ္။ ဒါေျကာင္႔ခ်စ္ေတာ႔ခ်စ္ပါေလးေလးနက္နက္ခ်စ္ျပီး ဘရိတ္ေလးနဲ႕ခ်စ္တတ္ဖုိ႕ေတာ႔လိုအပ္ပါတယ္။

Unicode

တော်တော်များများသောအတွဲတွေမှာ ကောင်လေးတွေကစချစ်တတ်ကြပေမဲ့ နောက်ပိုင်းပိုချစ်မိသွားတတ်ကြတာမိန်းကလေးတွေပါ။ ဒါကိုတစ်ချို့ကောင်လေးတွေကတော့ တန်ဖိုးထားနားလည်တတ်ကြပေမဲ့တစ်ချို့တွေကတော့ အချိန်ကြာကြာကောင်မလေးတွေကသူတို့ကိုအရမ်းချစ်ပြီးတွယ်ကပ်နေတတ်ရင်စိတ်ရှုပ်တတ်ကြပါတယ်။ဒါကောင်လေးတွေမှားတယ်လို့လည်းမဆိုနိုင်ပါဘူး။ မချစ်တော့တာမဟုတ်ဘူး အမြဲတမ်းကြီးချစ်လွန်းလို့တွယ်ကပ်နေတော့ပျင်းပြီးငြီးငွေ့နေတတ်ကြတာပါ။ စာရိတ္တကောင်းတဲ့တစ်ချို့ကတော့ပျင်းတာနဲ့တင်ပြီးတတ်ပေမဲ့စိတ်ဓာတ်မကောင်းတဲ့သူမတည်ငြိမ်တဲ့သူတွေကတော့ခြံခုန်သွားတတ်ပါတယ်။ မိန်းကလေးတိုင်းကတော့ကိုယ့်ချစ်ရသူကို ပျင်းရိငြီးငွေ့တာမျိုးတွေခံစားစေချင်မှာမဟုတ်တာကြောင့်ချစ်တော့ချစ်ပါ၊ ဘယ်လိုချစ်သင့်သလဲသူမရိုးအောင်ဘယ်လိုနေသင့်သလဲဆိုတာလေးတော့သိရှိထားဖို့လိုပါတယ်…
(၁) နေ့စဉ်အဆက်သွယ်လုပ်ပါ၊ ရိုးရှင်းစွာကြီးမပြောပါနဲ့
ချစ်သူရည်းစားတိုင်းနေ့စဉ်တော့အဆက်သွယ်လုပ်ဖို့လိုပါတယ်။ ဒါပင်မဲ့ပုံမှန်ကြီး ပြောတာမျိုးမဟုတ်ပဲချစ်စရာကောင်းအောင် ရင်ခုန်စရာကောင်းအောင် စကားလေးတွေပြောပြီးအဆက်သွယ်လုပ်သင့်ပါတယ်။ ပုံမှန်ကြီးသူငါ့ကိုချစ်တာပဲ သိပ်ဆန်းနေစရာမလိုပါဘူးမတွေးပါနဲ့။ လူတိုင်းကအဆန်းကိုကြိုက်ကြတာကြီးပါပဲ။ဒါကြောင့် တကယ်အချိန်ကြာကြီးလက်တွဲချင်ရင် ကိုယ့်အပေါ်မပျင်းစေချင်ရင် တစ်ခါတစ်လေဆန်းပေးသင့်ပါတယ်။
(၂) နေ့ရောညပါChat တာမျိုးတွေမလုပ်ပါနဲ့
မိန်းကလေးတွေကချစ်မိပြီဆိုရင်တစ်ဆုံးပါပဲ။ နေ့ရောညပါကိုယ့်ချစ်ရသူဘယ်လုပ်နေလဲဘယ်သွားနေလဲကအစ အကုန်သိချင်တာ၊ လိုင်းပေါ်မှာမတော်လို့ခနပဲတွေ့ကြည့်တစ်ခြားအလုပ်တွေဘေးကပ်ပြီး အေးဆေးကို ထိုင်ပြောတတ်ကြတာ။ ဒါသူတို့စိတ်ထဲမှာသူတို့ချစသူကောင်လေးကို ချစ်လွန်းလို့့ပါ။ ဒါပေမဲ့ကောင်လေးတွေကတော့နေ့ညမပျက်စကားပြောနေရတယ် လိုင်းဖွင့်တိုင်းကိုယ်နဲ့ပဲပြောနေရတာမျိုးဆိုရင်စိတ်ကျဉ်းကြပ်တတ်ကြပါတယ်။ ဒါသင့်ကိုမချစ်လို့ခြံခုန်ချင်လို့
မဟုတ်ပေမဲ့ ပြောရပါများလာတော့ရိုးပြီးငြီးငွေ့တတ်ကြတာပါ။
(၃) တွေ့ဆုံချိန်တိုင်းကိုအ နှစ်သာရရှိရှိဖြတ်သန်းပါ
တွေ့ဆုံချိန်ဟာ တိုတောင်းပါစေ အာ့တိုတောင်းတဲ့ကာလအတွင်းမှာ တွေ့ဆုံမှုတိုင်းကိုပျင်းရိငြီးငွေ့စွာသမာရိုးကျ ကြီးမဖြတ်သန်းပဲ ချစ်စရာကောင်းတဲ့အမှတ်တရလေးတွေနဲ့ကုန်ဆုံးတတ်ပါစေ။ ယောကျင်္ားလေးဆိုတဲ့အမျိုးကိုက ဖောက်ပြန်၏မဖောက်ပြန်၏ထက် အချိန်ကြာလေ ရိုးအီသွားတတ်ကြတာမလို့ ငါ့ချစ်ရင်မရိုးရဘူးလို့တော့ တရားသေမှတ်ထားလို့မရပါဘူး။ ကိုယ့်ဘက်ကလည်းအကောင်းဆုံးကြိုးစားပေးသင့်ပါတယ်။
(၄) ကိုယ်ပိုင်ဆွဲဆောင်မှုတစ်ခုရှိနေပါစေ
ယောကျင်္ားလေးတိုင်းဟာကိုယ့်ချစ်သူမိန်းကလေးရဲ့ပင်ကိုဆွဲဆောင်မှုတစ်ခုကိုမြတ်နိုးကြတဲ့သူတွေကြီးပါပဲ။ ဒါကြောင့်ကိုယ်ချစ်ရသူကိုအမြဲပျော်ရွှင်မှုတွေပေးချင်နေတဲ့မိန်းကလေးတိုင်းဟာ အရင်ကလှချင်ပချင်စိတ်မရှိရင်တောင်ကိုယ်ချစ်ရသူအမြင်မှာလှနေစေဖို့အမြဲကြိုးစားပြင်ဆင်သင့်ပါတယ်။ အပေါ်ယံကိုမက်တာလားဆိုတာတော့ မဟုတ်ပင်မဲ့လူတိုင်းတော့အလှပလေးတွေကိုခံစားချင်တတ်ကြတာကြီးပါပဲ။
(၅) တရားလွန်ချစ်ပြတာမျိုးမဖြစ်ပါစေနဲ့
ကိုယ်ချစ်တာကိုကိုယ့်ချစ်သူကောင်လေးသိအောင်နေပါ၊ ဒါမဲ့တရားလွန်တော့ချစ်မပြပါနဲ့။ တစ်ခါတစ်ရံမှာတစ်ချို့သူတွေက သူတို့ကိုအရမ်းချစ်မှန်းသိနေရင် သူတို့နားကဘယ်မှသွားလိမ့်မှာမဟုတ်ပါဘူးဆိုပြီးတန်ဖိုးထားဖို့မေ့သွားတတ်ကြပါတယ်။ ကိုယ့်ရဲ့တရားလွန်အချစ်တွေကြောင့်
ကိုယ့်တန်ဖိုးသူမသိတော့တာမျိုးမဖြစ်စေဖိုု့လိုပါတယ်။

ပိုချစ်မိတဲ့မိန်းကလေးပဲဖြစ်ဖြစ်ယောင်္ကျားလေးပဲဖြစ်ဖြစ်ပိုခံစားရတတ်ပါတယ်။ ဒါကြောင့်ချစ်တော့ချစ်ပါလေးလေးနက်နက်ချစ်ပြီး ဘရိတ်လေးနဲ့ချစ်တတ်ဖို့တော့လိုအပ်ပါတယ်။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.