အားပေးနေကြောင်း BTS ကို surprise မက်ဆေ့ခ်ျပို့ခဲ့တဲ့ Park Bo Gum

BTS နဲ့ ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်ရှိသေးတယ်ဆိုတာ သက်သေပြခဲ့

ကိုကာ-ကိုလာနဲ့အတူ နောက်ဆုံး campaign တစ်လျှောက်မှာ BTS အတွက် Park Bo Gumက surprise ဗီဒီယို မက်ဆေ့ခ်ျပို့ပေးခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Park Bo Gum က သူငယ်ချင်းတွေကို သူသတိရကြောင်းနဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူအမြဲအားပေးနေမယ်လို့ ပြောခဲ့ပါတယ်။

” BTS ရေ .. မင်းတို့ကို ငါတကယ်ချစ်တယ်..မင်းတို့အားလုံး အဆင်ပြေရဲ့လား.. ငါတို့အရမ်းလုပ်ရှုပ်နေလို့ ခဏခဏ မတွေ့ဖြစ်ပေမယ့်လည်း မင်းတို့ကို ငါအမြဲအားပေးနေတယ်ဆိုတာကိုတော့ မမေ့ပစ်လိုက်ပါနဲ့ ” – Park Bo Gum

သူ့ရဲ့အားပေးစကားကြောင့် အဖွဲ့ဝင်တွေအားလုံးလည်း အားရှိသွားမယ်လို့ထင်ပါတယ်။ ” ကျန်းမာရေးလည်း ဂရုစိုက်ကြဦး… ပန်းခင်းတဲ့လမ်းမှာ အမြဲလျှောက်လှမ်းနိုင်ပါစေ..BTS ဖိုက်တင်း ” လို့ အားရဝမ်းသာစွာနဲ့ သူ့သူငယ်ချင်းတွေကို အားပေးနေတာတွေ့ရပါတယ်။

Korean entertainment industry မှာ Park Bo Gum နဲ့ V တို့ဟာ အရမ်းခင်ကြတဲ့သူငယ်ချင်းတွေအဖြစ် နာမည်ကြီးဆုံးပါပဲ။ Park Bo Gum က အခု ကိုကာ -ကိုလာကြေငြာအတွက် မော်ဒယ်အဖြစ်ရိုက်ကူးနေလို့ အလုပ်တွေရှုပ်ပေမယ့် BTS ကို အားပေးစကားပြောဖို့အတွက်ဘယ်တာ့မှ မပျက်ကွက်ခဲ့ပါဘူး ။

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.