NoteBook ဇာတ်ကားထဲ ရောက်ရှိသွားသလို ခံစားသွားရစေမယ့် Charleston Inn

NoteBook ဇာတ်ကားထဲက Allie နဲ့ Noah တို့ရဲ့ ရိုမန်တစ်ဆန်ဆန်ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းနေရာတွေကို သင့်အနေနဲ့ ပြန်လည်ရောက်ရှိသွားသလို ခံစားရစေမယ့် Charleston Inn ဟော်တယ်ရဲ့ထူးခြားချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

Notebook ဇာတ်လမ်းလေးကတော့ ကာရိုလိုင်းနား တောင်ပိုင်းက Seabrook မြို့ ငယ်လေးက အဖြစ်ပျက်တစ်ခုဖြစ်ပြီး ဇာတ်ဝင်ခန်းတော်တော်များများဟာ Charleston မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Allie နဲ့ Noah တို့ရဲ့အချစ်ဇာတ်လမ်းကို ပြန်ခံစားရစေမယ့် The HarbourView Inn
က ခရီးသွားဧည့်သည်တွေကို ကြိုဆိုနေပါတယ်။ စုံတွဲတစ်တွဲကို တစ်ည ဒေါ်လာ ၂ထောင်ရှိပါတယ်။ အိပ်ရာပေါ်မှာ နှင်းဆီးပန်းလေးတွေနဲ့အလှဆင်ထားမှာဖြစ်ပြီး ဝိုင်ပုလင်းတွေနဲ့လည်း သူတို့ဘက်က ဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်။

မြို့ ကိုရောက်တာနဲ့ သင့်အတွက်လည်ပတ်စရာ နေရာတွေကတော့ အများကြီးပါ။ High Cotton မှာ အရသာရှိဆုံးနဲ့ အကောင်းဆုံး ညစာကိုသုံးဆောင်လိုက်ပါ။ ဒီစားသောက်ဆိုင်ကိုရောက်သွားရင် ဇာတ်လမ်းထဲက Allie ကို လက်ထပ်တော့မယ့်အမျိုးသားနဲ့အတူတွေ့လိုက်ရတဲ့ Noah ကိုလည်း သင့်မျက်လုံးထဲ ကွက်ကွင်ကွင်းကွင်းမြင်လာမှာဖြစ်ပါတယ်။

ညစာစားပြီးရင်တော့ နှစ်ယောက်တည်းအတူ သာယာတဲ့မြို့ ပတ်လမ်းတစ်လျှောက်
မြင်းလှည်းစီးပြီး သမိုင်းဝင်နေရာတွေကို အလည်ပတ်သွားကြည့်ပါ။

နောက်တစ်နေ့ကျရင် Boone Hall Plantation & Gardens ကို အလည်သွားဖို့ အကြံပြုချင်ပါတယ်။

Allie ရဲ့နွေရာသီအိမ်လေးကို ထိုနေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းရဲ့သမိုင်းအဖြစ်ပျက်တွေနဲ့ အမွေနှစ်တွေကို လေ့လာကြည့်ရင်း ဝက်သစ်ချပင်တွေရဲ့အလှကိုလည်း ခံစားသွားဖို့မမေ့ပါနဲ့။ အဲ့ဒီမှာ အမေရိကန် ရိုမန်တစ် စတိုင်လ် ဥယျာဉ်လည်း ရှိတဲ့အတွက် ဓာတ်ပုံရိုက်ရင်တော့ တော်တော်လှမှာပါ။ အရမ်းလှတဲ့နေရာလေးမို့ ခရီးသွားရတာကို နှစ်ခြိုက်သူတွေအတွက် လည်စရာ နေရာအသစ်လေးတစ်ခုကို bucket list ထဲမှာ ထည့်ချင်သွားပါလိမ့်မယ်။

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.