သင့်မှာဒီိအကျင့်ဆိုးတွေရှိနေမယ်ဆိုရင် သင့်ပိုက်ဆံတွေကိုမီးရှို့ပစ်နေတာနဲ့အတူတူပါပဲ

ဂုဏ်ဂုဏ်ဂုဏ်… ဂုဏ်ဆိုတာငွေကိုခေါ်တယ်…ဆိုတဲ့ ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကြားဖူးကြရဲ့မဟုတ်လား။အဲ့ဒါက ဒီိနေ့ဒီိအချိန် ခုခေတ်ကြီိးအထိမှန်မြဲမှန်ဆဲပါပဲ။လောကကြီးမှာ ပိုက်ဆံထက်အရေးကြီိးတာတွေအများကြီးရှိနေတယ်လို့ပြောလည်း စက်ဘီးပေါ်မှာငိုရတာထက်  လမ်ဘော်ဂီနီိပေါ်မှာငိုရတာက ပိုပြီးသက်တောင့်သက်သာရှိမယ်မဟုတ်လား။အဲ့ဒီ လမ်ဘော်ဂီနီက ကိုယ့်အင်ကိုယ့်အားနဲ့ကိုယ်ရှာဖွေရရှိထားတဲ့ပစ္စည်းသာဆိုရင်ပေါ့။ ပြောချင်တာက ပိုက်ဆံဆိုတာ လူတောထဲမှာနေနေတဲ့လူတွေအတွက် အဓိကအရေးပါတဲ့အရာဖြစ်နေကြောင်းပါ။ ဒါကြောင့် ပင်ပင်ပန်းပန်းရှာထားရတဲ့ပိုက်ဆံတွေကို အလကားဖြုန်းပစ်သလိုဖြစ်နေတဲ့အပြုအမူတွေကို ရှောင်ရှားနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။

 

ဈေးပေါပေါပစ္စည်းတွေကိုပဲအမြဲဝယ်ဖို့တာစူနေခြင်း

ပစ္စည်းတိုင်းမှာ သူ့ဈေးနဲ့သူ့တန်ဖိုးဆိုတာရှိပါတယ်။ ဈေးပေါရင်ပစ္စည်းကောင်းဖို့ဆိုတာသိပ်ပြီးမျှော်လင့်လို့မရပါဘူး။မိတ်ကပ်တွေဆိုရင်လည်း ဈေးပေါတဲ့ဟာတွေခဏခဏဝယ်ပြီးအသားအရည်ကိုပျက်စီးခံတာထက် ပစ္စည်းကောင်းကောင်းလေးကိုတစ်ခါပဲဝယ်ထားပြီး ခြောက်လလောက်သုံးနေတာက ပိုပြီိးသင့်တော်ပါတယ်။ ဈေးပေါတဲ့ပစ္စည်းတွေသုံးလို့မကောင်းဘူးဆိုတာက သူတို့ကိုလည်းအပြစ်တင်လို့မရပါဘူး။ ဈေးနဲ့တန်တဲ့ပစ္စည်းပဲရမှာပဲလေ။ ဒီတော့ လျှော့ဈေးနဲ့ရောင်းတဲ့ပစ္စည်းတွေ၊ဈေးပေါပေါပစ္စည်းတွေ၊ပေါချောင်ကောင်းတွေသာဝယ်ချင်နေတဲ့သင့်ရဲ့အကျင့်ကိုပြင်ဖို့လိုအပ်နေပါပြီ။

 

ငွေထုတ်ကတ်ကိုဘယ်သွားသွားယူသွားတာ

သင်က ဘဏ်ကတ်အသုံးပြုသူတစ်ယောက်ဆိုရင် ဘဏ်ကတ်ကိုဘယ်သွားသွားယူသွားတာကလည်း သင့်ပိုက်ဆံတွေအတွက်ကြီိးစွားသောအန္တရာယ်ပါပဲ။ ထုတ်လို့ရတဲ့ ATM တွေက နေရာတိုင်းမှာရှိနေတော့ သင်ကစိတ်ခိုင်သူတစ်ယောက်မဟုတ်ရင်အလွယ်တကူထုတ်ထုတ်သုံးမိနေမှာပါပဲ။နောက်တစ်ခုက ပိုက်ဆံတွေအများကြီးယူယူသွားတာပါ။ ပိုက်ဆံအိတ်ကိုကိုယ်နဲ့မကွာထားတာကကောင်းပါတယ်။အဲ့ဒီပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးပါနေတာကတော့ သိပ်မကောင်းတဲ့အလားအလာပါ။ အပြင်ထွက်မယ်ဆိုရင် ကိုယ့်တစ်နေ့တာအသုံးစရိတ်လောက်ကိုပဲယူသွားပြီး ကျန်တဲ့ပိုက်ဆံကို လုံခြုံတဲ့နေရာမှာထားပစ်ခဲ့တာက မတော်လို့ခါးပိုက်နှိုက်ခံရတာတို့ ဓားပြတိုက်ခံရတာတို့ဆိုရင် ခြေလွတ်လက်လွတ်ဖြစ်မသွားဘူးပေါ့။

 

ငွေအသုံးပြုခြင်းရဲ့အရေးကြီိးဆုံးသောဥပဒေသကိုမလိုက်နာတာ

ကျောင်းမှာလည်းကျောင်းစည်းကမ်း၊အိမ်မှာလည်းအိမ်စည်းကမ်းဆိုတာရှိသလို ငွေအသုံးပြုရာမှာလည်း အသုံးစရိတ်ဆိုင်ရာဥပဒေသဆိုတာရှိပါတယ်။သင့်အနေနဲ့ ဒုက္ခမရောက်ချင်ရင်ပေါ့။ကိုယ့်ကိုယ်ကိုယ်မထိန်းသိမ်းနိုင်လို့ ငွေအတွက်နဲ့ ဒုက္ခရောက်ရတာကရှက်ဖို့ကောင်းတယ်မဟုတ်လား။ငွေအသုံးပြုခြင်းရဲ့အရေးကြီိးဆုံးသောဥပဒေသဆိုတာက သင့်တစ်လတာအသုံးစရိတ်ရဲ့ တစ်ဝက်ကျော်တန်ကြေးရှိတဲ့ပစ္စည်းတစ်ခုခုကိုဝယ်ချင်ရင် တစ်လတိတိစောင့်သင့်တယ်ဆိုတာပါပဲ။ သင့်မှာခုချက်ချင်းဝယ်ပစ်လိုက်ဖို့ ပိုက်ဆံအသင့်ရှိနေရင်တောင်မှ စောင့်ကိုစောင့်ရပါမယ်။တစ်လအတွင်းမှာ အဲ့ဒီိ့ပစ္စည်းထက်ကောင်းတာတွေကအပြိုင်အဆိုင်ထွက်လာနိုင်သေးသလို တစ်လအတွင်းမှာ အဲ့ဒါကိုဝယ်မှဖြစ်မယ်ဆိုတဲ့သင့်စိတ်ကလည်းပြောင်းသွားနိုင်ပါသေးတယ်။

 

ဈေးဝယ်မထွက်ခင် စာရင်းပြုစုခြင်းမရှိတာ

ဈေးဝယ်မထွက်ခင်ကိုယ်အမှန်တကယ်လိုအပ်လို့ဝယ်ရမယ့် ပစ္စည်းတွေကိုလစ်ကွက်ဟာကွက်မရှိ၊မေ့ကျန်ခဲ့တာတွေမရှိရအောင်စာရင်းပြုစုထားသင့်ပြီး တကယ်တမ်းဈေးဝယ်ထွက်ချိန်မှာလည်း အဲ့ဒီစာရင်းထဲကပစ္စည်းအတိုင်းကွက်တိသာဝယ်သင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲခေါင်းထဲမှာပဲမှတ်ပြီး တွေ့သမျှဝယ်ချလာတာတို့ စာရင်းတော့ပြုစုထားပါရဲ့ ဒီဟာလေးစာရင်းထဲမှာမပါလို့ချစ်လို့ဝယ်လိုက်မယ်တို့ ဆိုတာမျိုးဟာ သင့်စိတ်ဓာတ်ကိုယိုယွင်းပျက်စီိးစေသလို သင့်ပိုက်ဆံအိတ်အတွက်လည်းအခြေအနေမကောင်းတာအမှန်ပါ။

 

သင့်အိမ်ကိုရှင်းလင်းခြင်းမပြုတာ

ပိုက်ဆံအကြောင်းပြောနေတာ အိမ်ရှင်းတာနဲ့ဘာဆိုင်လို့လဲလို့ကျေးဇူးပြုပြီးမတွေးလိုက်ပါနဲ့။ အိမ်ကိုအခါအားလျော်စွာရှင်းလင်းတာကလည်း ပိုက်ဆံယိုပေါက်မရှိအောင်ပိတ်ဆို့ခြင်းတစ်မျိုးပါပဲ။ အိမ်ရှင်းရင်းနဲ့ ကိုယ်မသုံးတော့တဲ့ပစ္စည်းတွေကိုအဟောင်းဈေးနဲ့ပြန်ရောင်းနိုင်သလို ကိုယ်ပျောက်နေလို့ အသစ်ဝယ်ရမယ့်ဟာတွေကိုပြန်တွေ့ရင် အသစ်ဝယ်စရာမလိုတော့တာမို့ ပိုက်ဆံကုန်သက်သာနိုင်ပါတယ်။

 

ခုပြောပြသွားတဲ့အကျင့်ဆိုးတွေသင့်မှာရှိနေခဲ့မယ်ဆိုရင်တော့ သင့်ပိုက်ဆံတွေကိုမီးနဲ့ရှို့ပစ်နေသလိုပါပဲ။ အကျင့်ဆိုးတွေကိုခဝါချလို့ ပိုက်ဆံတွေစုမိဆောင်းမိပြီး စိတ်ချမ်းသာနိုင်ကြပါစေ။

 

Unicode Format


 



 



 





 




422 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.