အချစ်မှာမာနကြီးသူတွေကပိုပင်ပန်းပါတယ်…
မှာလဲ။ ဆိုတော့ အနိုင်တွေပဲယူရင်း အပေါ်စီးကပဲဆက်ဆံရင်းနဲ့ကိုယ်ချစ်တဲ့သူရဲ့ဥပေက္ခာကိုမလိုချင်ပဲရသွားတတ်ကြပါတယ်။
Unicode
တစ်ယောက်နဲ့တစ်ယောက်ပေါ့ပေါ့ပါးပါးလေးချစ်ကြကြိုက်ကြတာဟာ ကြည်နူးစရာကောင်းပင်မဲ့တစ်ခါတစ်လေမှာနစ်နစ်နဲနဲချစ်မိတဲ့သူတွေကတော့အချစ်ဆိုတဲ့အရာကြီးဟာအပူတစ်ခုပါပဲ။ ဒီလိုနစ်နစ်သည်းသည်းချစ်မိလို့အပူဖြစ်သလားဆိုတော့ ဒါပဲတင်မကသေးပါပဲ အချစ်ရေးမှာမာနသွားကြီးလိုက်မိရင်တော့အချစ်ကြီးတဲ့မာနရှင်တွေဟာ ပုံမှန်သူတွေထက်အချစ်ရေးမှာပိုကိုအပမ်းကြီးလှပါတယ်။ ဆိုတော့မာနရှင်အချစ်ကြီးသမားတွေဟာ ဘာလို့အချစ်ရေးမှာပိုပန်းပြီးသနားစရာကောင်းကြသလဲဆိုတာ…
(၁) ချစ်တာကိုထုတ်မပြတတ်ဘူး
အချစ်ရေးမှာမာနကြီးတဲ့သူတွေဟာ ကိုယ့်ချစ်သူကိုချစ်တယ်ဆိုတဲ့အကြောင်းခဏခဏထုတ်မပြတတ်တဲ့သူတွေပါ။ ထုတ်မပြဘူးဆိုတာထက် ဘယ်လိုထုတ်ပြရမှန်းမသိတာကြောင့် ထုတ်မပြဖြစ်တတ်ကြတာပါ။ ဒီလိုချုစ်ကြောင်းကြိုက်ကြောင်းတွေပြရတာကို အပိုလုပ်တွေခပ်ပေါပေါအလုပ်တွေလို့ထင်တတ်ကြပြီးတကယ်တန်းကြတော့ရင်ထဲမှာဒီလိုမျိုးချစ်ပြတတ်တဲ့သူမျိုးဖြစ်ချင်နေတတ်ကြတာပါ။
(၂) ချစ်ရမှာကိုအောက်ကျို့တယ်ထင်တတ်ကြတယ်
ကိုယ့်ချစ်သူကိုချစ်တယ်ဆိုပင်မဲ့ တစ်ခါတစ်ရံမှာကိုယ့်ဘက်ကချစ်ပြရတာ၊ ချော့ရတာ အလျော့ပေးရတာမျိုးရှိတဲ့အခါဒါတွေကိုအောက်ကျတယ်လို့ခံစားနေရတတ်ပြီး ချစ်ပေမဲ့အပေါ်စီးကပဲနေတတ်ကြပါတယ်။ ဒီလိုလူမျိုးကိုတစ်ဖက်သူကလည်း ဘယ်လိုလုပ်အချိန်ကြာကြာသံယောဇဉ်ရှိနို်င်တော့
မှာလဲ။ ဆိုတော့ အနို်င်တွေပဲယူရင်း အပေါ်စီးကပဲဆက်ဆံရင်းနဲ့ကိုယ်ချစ်တဲ့သူရဲ့ဥပေက္ခာကိုမလိုချင်ပဲရသွားတတ်ကြပါတယ်။
(၃) စိတ်ထဲကမပါပဲ အပြောဆိုးတတ်ကြတယ်
တစ်ခါတစ်ရံစိတ်ဆိုးဒေါထွက်တဲ့အခါ ကိုယ့်စိတ်ထဲကမပါလည်း ပါးစပ်ကအပြောဆိုးတတ်ကြပါတယ်။ စိတ်ထဲကညင်ညင်သာသာနူူးနူးညံ့ညံ့ပြောနေပင်မဲ့ တကယ်တမ်းထွက်တော့ စကားကြမ်းကြီးတွေ၊ မာနကြီးကြီးနဲ့စကားတွေထွက်လာပြီး တစ်ဖက်သားချစ်သူကိုနာကျင်စေပါတယ်။ ဒီလိုနာနာကျင်ကျင်တွေပြောရင်းတစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေလွဲပြီး ဝေးဝေးသွားတတ်ကြတဲ့အခါပြောခဲ့တာတွေနောင်တရပြီးဝမ်းနည်းနာကျင်ရတတ်ကြပါတယ်။
(၄) ဂရုစိုက်မှုတွေကိုတောင်းခံရမှာမလိုလားဘူး
ကိုယ့်ချစ်သူဆီက ချစ်ခြင်းမေတ္တာတွေ၊ဂရုစိုက်မှုတွေကို သူများထက်ပိုပြီးမက်မောတတ်ကြပေမဲ့ အလိုလိုပေးလာရင်သာယူမယ်။ချွဲနွဲ့ပြီးတောင်းခံရမှာဝန်လေးတတ်ကြပါတယ်။ တစ်ခါတစ်လေတော့ လည်းလျော့သင့်တာလျော့ချွဲသင့်တာချွဲမှာ အချစ်ရေးဟာ ပိုအဆင်ပြေနိုင်တာမလို့ဒီလိုအေးအေးကြီးနေပြီးပေးမှယူတဲ့အခါတစ်ဖက်အမြင်မှာ ငါ့မချုစ်ဘူးထင်တယ်၊ ဆိုတာမျိုး၊ တစ်ကိုယ်ကောင်းဆန်လိုက်တာဆိုတာမျိုးတွေးတတ်ပြီးသာယာတဲ့ဘက်ကိုပါသွားတတ်ကြပါတယ်။
(၅) ဘာမှမဖြစ်သလိုဟန်ဆောင်တတ်ကြတယ်
တစ်ခါတစ်ရံမှာ ရင်ထဲကခံစားနေရတာကိုပွင့်ပွင့်လင်းလင်းမပြောပဲ တင်းခံထားတတ်ကြပါတယ်။ စိတ်မကောင်းဖြစ်ရင်ဖြစ်တယ် စိတ်တိုရင်တိုတယ်မပြောပဲ ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းတတ်ကြတာကြောင့် ပိုနာကျင်ရပြီး ခံစားလွယ်တတ်ကြပါတယ်။
တကယ်တော့ မာနကြီးတဲ့သူတွေဟာ သူများထက်ပိုပြီး အချစ်ရေးမှာနာကျင်ရတဲ့အရူံးသမားတွေပါ။ ဒါကြောင့် တော်ရုံတန်ရုံကိစ္စတွေမှာ မာနကိုရှေ့တန်းမတင်ပဲတစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နားလည်မှုအပြည့်နဲ့ Relationship တစ်ခုကိုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းရင်း…
5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.