(၄) အပေါင်းသင်းများများထားပါ၊နေရာသစ်တိုင်းမှာလူသစ်တွေနဲ့မိတ်ဆွေဖွဲ့ပါ
Unicode
တစ်ချို့တစ်ချို့သောသူတွေဟာ သူတို့ချစ်ရတဲ့သူတွေသူတို့တွယ်တာသံယောဇဉ်ဖြစ်မိတဲ့ သူတွေရဲ့စွန့်ပစ်ခြင်းကိုခံရမှာမတရားကြောက်တတ်စိုးရိမ်တတ်ကြပါတယ်။တစ်နည်းပြောရရမယ်ဆိုရင် ဒါဟာစွန့်ပစ်ခံရမှာကိုတရားလွန်ကြောက်တတ်တဲ့ ဆိုက်ကိုတစ်ခုရောဂါတစ်ခုဆိုလည်းမမှားပါဘူး။ ဆိုတော့ဘယ်လိုသူတွေက ဒီလိုစွန့်ပစ်ခံရမှာကြောက်တဲ့သူတွေက ဘယ်လိုသူတွေလဲဆိုတာရယ်နဲ့ဖြစ်လာရင်ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတာ…
(၁) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ
စွန့်ပစ်ခံရမှာကြောက်တတ်တဲ့သူတွေဆိုတာ အထူးသဖြင့်ကိုယ့်ဘဝကို ကိုယ်တိုင်ယုံကြည်မှုအားနည်းတဲ့သူတွေပါ။ ဒါကြောင့်အရင်ဆုံးသူများတွေစွန့်ပစ်တာမပစ်တာကိုကြောက်နေမဲ့အစားကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင်အရင်ဆုံးကြိုးစားပါ။ ကိုယ့်အတွက်အားနည်းနေတယ်လို့ထင်တဲ့အရာတွေကိုယ်လိုအပ်နေတယ်လို့ထင်တဲ့အရာတွေကို ကိုယ့်ဘာသာတတ်နိုင်သလောက်အကောင်းဆုံးပြုပြင်ရင်းယုံကြည်မှုရှိလာအောင်နေထိုင်ပါ။
(၂) တရားလွန်တွယ်ကပ်တာမျိုးမလုပ်ပါနဲ့
လူတော်တော်များမျာရဲ့စိတ်က သူတို့အပေါ်သိပ်ကိုတွယ်ကပ်လွန်းအားကြီးရင်စိတ်ရှုပ် တတ်တာမျိုး၊ ကိုယ့်တန်ဖိုးနားမလည်ပဲကိုယ့်ကိုမမြင်တော့တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်တကယ်လူတစ်ယောက်ကိုယ့်ကိုစွန့်ပစ်တာမခံချင်ရင် သိပ်ပြီးသူမရှိရင်မဖြစ်ဆိုတဲ့တွယ်ကပ်နေတဲ့ပုံစံမျိုးသိပ်မပြပါနဲ့။
(၃) ဘယ်သူမှမလိုပဲ ကိုယ်တစ်ယောက်တည်းနဲ့အလုပ်တော်တော်များများကိုအထမြောက်အောင်ဆောင်ရွက်ပါ
ကိုယ်တစ်ယောက်တည်းလုပ်လည်းဖြစ်တဲ့ကိစ္စတွေဆိုသူများကိုအားမကိုးပဲတစ်ယောက်တည်းစွမ်းဆောင်ကြည့်ပါ၊ မဖြစ်နိုင်တော့တဲ့အဆုံးမှသာခေါ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် နောက်ပိုင်းပိုပိုသိလာမှာက ကိုယ့်ဘဝမှာဘယ်သူမှမရှိလည်းကိုယ်တိုင်စွမ်းဆောင်နို်င်တဲ့အရာတွေရှိတယ်ဆိုတာပါပဲ။
(၄) အပေါင်းသင်းများများထားပါ၊နေရာသစ်တိုင်းမှာလူသစ်တွေနဲ့မိတ်ဆွေဖွဲ့့ပါ
အပေါင်းသင်းများများထားပါ၊ ကိုယ်ပေါင်းနေကျသူတွေမဟုတ်လို့မပေါင်းတတ်ဖူးဆိုတဲ့တစ်ယူသန်စိတ်မျိုးမထားပဲ နေရာတကာမှာ တွေ့တဲ့သူတိုင်းနဲ့သင့်တင့်လျောက်ပတ်စွာနေထိုင်ပါ။
(၅) ကိုယ့်ကိုယ်လိုအပ်လာအောင်နေထိုင်ပါ
သူများစွန့်ပစ်တာမခံချင်ရင်ကိုယ့်ကိုကိုယ်ချစ်တဲ့သူတွေကလိုအပ်လာအောင်နေထိုင်ပါ။ သူတို့ဘဝရဲ့အစိတ်အပိုင်းမှာ ကိုယ်ဟာမပါမဖြစ်အရေးပါနေပြီဆိုရင်တော့ ဘယ်တော့မှစွန့်ပစ်တော့မှာမဟုတ်ပါဘူး။ ဆိုတော့ ကိုယ်ချစ်တဲ့သူတွေကိုယ့်ကိုစွန့်ပစ်မှာကြောက်နေမဲ့အစား ကိုယ်တိုင်သူတို့မစွန့်ပစ်ရက်တဲ့သူမျိုးဖြစ်အောင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ နေထိုင်နို်င်ဖို့လိုပါတယ်။
769 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.