ေတာ္ဝင္မင္းသား Harry နဲ႔ အေမရိကန္ မင္းသမီး Markle တို႔ရဲ႕လက္ထပ္ပဲြဟာေတာ့ လာမယ့္ (၁၉)ရက္ေန႔ စေန႔မွာ ျခိမ့္ျခိမ့္သည္း က်င္းပေတာ့မွာျဖစ္ပါတယ္။ လက္ထပ္ပဲြနဲ႔ပတ္သတ္ျပီးေတာ့လည္း Markle ဘက္က အေဖတူအေမကဲြ အစ္ကိုရဲ႕အေႏွာင့္ယွက္ျဖစ္စရာ စာေတြ ၊ စကားေတြေၾကာင့္ အင္တာနက္မွာ သတင္းေတြမ်ဳိးစံုထြက္ခဲ့ရတယ္။ ဒါေပမယ့္ ဒီေတာ္ဝင္မဂၤလာပဲြဟာ အေကာင္းဆံုးျဖစ္လိမ့္မယ္လုိ႔ အားလံုးကေတာ့ ေမွ်ာ္လင့္ထားၾကပါတယ္။ မဂၤလာပဲြကို နာမည္ၾကီး အႏုပညာ႐ွင္ေတြလည္း တက္ေရာက္မယ္ဆိုေတာ့ တစ္ကမၻာလံုးက အားေပးေနမယ့္ ခမ္းနားတဲ့ ပဲြေတာ္္တစ္ခုျဖစ္ပါတယ္။ လတ္တေလာက္ထြက္႐ွိေနတဲ့ မဂၤလာပဲြကုိတက္ေရာက္မယ့္ ဧည့္သည္စာရင္းကေတာ့ –
Priyanaka Chopra
Chopra က Markle ရဲ႕အရင္းႏွီးဆံုး သူငယ္ခ်င္းလို႔ သိရပါတယ္။
Chelsy Davy
Davy ဟာ ေတာ္ဝင္မင္းသား Harry ရဲ႕အရင္ရည္းစားေဟာင္းျဖစ္ျပီး သူတို႔ႏွစ္ေယာက္ရဲ႕ခ်စ္သူသက္တမ္းကႏွစ္႐ွည္ခဲ့တယ္လုိ႔ သိရပါတယ္။ ခ်စ္သူအျဖစ္က ျပတ္စဲသြားေပမယ့္ မင္းသားနဲ႔ေတာ့ သူမက အခင္မင္မျပတ္ေသးပဲ William နဲ႔ Kate တို႔ရဲ႕မဂၤလာပဲြကိုလည္းတက္ေရာက္ခဲ့ပါတယ္။
The Beckhams
၂ဝ၁၁ခုႏွစ္က William နဲ႔ Kate တို႔မဂၤလာပဲြကုိ Beckhams ေမာင္ႏွံ႔တက္ေရာက္ခဲ့ပါတယ္။ Markle နဲ႔ Victoria တို႔ကလည္း အသိမိတ္ေဆြေတြလို႔ သိရပါတယ္။
Princess Eugenie
Elizabeth ဘုရင္မၾကီးရဲ႕သားျဖစ္သူ Andrew ရဲ႕သမီး Princess Eugenie ျဖစ္ပါတယ္။
Ed Sheeran
ျပီးခဲ့တဲ့ ဒီဇင္ဘာတြင္ ပထမဆံုး ေတာ္ဝင္ကပဲြမွာ Ed Sheeran က အေကာင္းဆံုးေဖ်ာ္ေျဖ
ေပးခဲ့ဖူးပါတယ္။
Ellie Goulding
၂ဝ၁၁တုန္းက Kate နဲ႔ William နဲ႔ ေတြ႔ဆံုပဲြမွာ Goulding ေဖ်ာ္ေျဖေပးခဲ့ပါတယ္။ ဒုတိအၾကိမ္လည္း ဖိတ္ၾကားျခင္းခံခဲ့ရပါတယ္။
Markus Anderson
auto=compress&crop=faces,top&fit=crop&h=421&q=55&w=750
Markle နဲ႔ Harry ကို ရင္းႏွီးေအာင္ မိတ္ဆက္ေပးခဲ့တဲ့လူဟာ Anderson ျဖစ္ပါတယ္။
Patrick J. Adams
Patrick က Markle နဲ႔ အတူ Suit ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
ဇာတ္ကား႐ုိက္ကူးရင္း အေတာ္ေလးရင္းႏွီးတဲ့ မိတ္ေဆြေတြလည္းျဖစ္သြားၾကပါတယ္။
(Unicode)
တော်ဝင်မင်းသား Harry နဲ့ အမေရိကန် မင်းသမီး Markle တို့ရဲ့လက်ထပ်ပွဲဟာတော့ လာမယ့် (၁၉)ရက်နေ့ စနေ့မှာ ခြိမ့်ခြိမ့်သည်း ကျင်းပတော့မှာဖြစ်ပါတယ်။ လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့လည်း Markle ဘက်က အဖေတူအမေကွဲ အစ်ကိုရဲ့အနှောင့်ယှက်ဖြစ်စရာ စာတွေ ၊ စကားတွေကြောင့် အင်တာနက်မှာ သတင်းတွေမျိုးစုံထွက်ခဲ့ရတယ်။ ဒါပေမယ့် ဒီတော်ဝင်မင်္ဂလာပွဲဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အားလုံးကတော့ မျှော်လင့်ထားကြပါတယ်။ မင်္ဂလာပွဲကို နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်မယ်ဆိုတော့ တစ်ကမ္ဘာလုံးက အားပေးနေမယ့် ခမ်းနားတဲ့ ပွဲတော််တစ်ခုဖြစ်ပါတယ်။ လတ်တလောက်ထွက်ရှိနေတဲ့ မင်္ဂလာပွဲကိုတက်ရောက်မယ့် ဧည့်သည်စာရင်းကတော့ –
Priyanaka Chopra
Chopra က Markle ရဲ့အရင်းနှီးဆုံး သူငယ်ချင်းလို့ သိရပါတယ်။
Chelsy Davy
Davy ဟာ တော်ဝင်မင်းသား Harry ရဲ့အရင်ရည်းစားဟောင်းဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းကနှစ်ရှည်ခဲ့တယ်လို့ သိရပါတယ်။ ချစ်သူအဖြစ်က ပြတ်စဲသွားပေမယ့် မင်းသားနဲ့တော့ သူမက အခင်မင်မပြတ်သေးပဲ William နဲ့ Kate တို့ရဲ့မင်္ဂလာပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။
The Beckhams
၂ဝ၁၁ခုနှစ်က William နဲ့ Kate တို့မင်္ဂလာပွဲကို Beckhams မောင်နှံ့တက်ရောက်ခဲ့ပါတယ်။ Markle နဲ့ Victoria တို့ကလည်း အသိမိတ်ဆွေတွေလို့ သိရပါတယ်။
Princess Eugenie
Elizabeth ဘုရင်မကြီးရဲ့သားဖြစ်သူ Andrew ရဲ့သမီး Princess Eugenie ဖြစ်ပါတယ်။
Ed Sheeran
ပြီးခဲ့တဲ့ ဒီဇင်ဘာတွင် ပထမဆုံး တော်ဝင်ကပွဲမှာ Ed Sheeran က အကောင်းဆုံးဖျော်ဖြေ
ပေးခဲ့ဖူးပါတယ်။
Ellie Goulding
၂ဝ၁၁တုန်းက Kate နဲ့ William နဲ့ တွေ့ဆုံပွဲမှာ Goulding ဖျော်ဖြေပေးခဲ့ပါတယ်။ ဒုတိအကြိမ်လည်း ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
Markus Anderson
auto=compress&crop=faces,top&fit=crop&h=421&q=55&w=750
Markle နဲ့ Harry ကို ရင်းနှီးအောင် မိတ်ဆက်ပေးခဲ့တဲ့လူဟာ Anderson ဖြစ်ပါတယ်။
Patrick J. Adams
Patrick က Markle နဲ့ အတူ Suit ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဇာတ်ကားရိုက်ကူးရင်း အတော်လေးရင်းနှီးတဲ့ မိတ်ဆွေတွေလည်းဖြစ်သွားကြပါတယ်။