ချစ်တဲ့ပါပီလေးတွေနဲ့အတူတူ ဇိမ်ခံ pool float လုပ်လို့ရပြီ



စိတ်ချရပါတယ်။


(Unicode)

သင့်မှာ ခွေးလေးတွေ မွေးထားတယ်ဆိုရင် ကိုယ်ဘယ်သွားသွား အမြဲတမ်းခေါ်နေကြခွေးလေးတွေနဲ့အတူ ရေကူးကန်မှာ float အတူတူစီးလို့ရနေပြီနော်။

ခုနောက်ပိုင်းမှာ ရေကူးကန်ထဲ Float စီးပြီး ဇိမ်ခံ ဝိုင်သောက်မျိုးတွေ တော်တော်ခေတ်စားလာသလို ထုတ်လုပ်သူတွေကလည်း သုံးစွဲသူတွေ ပိုသဘောကျသထက် ကျအောင် ပုံစံအမျိုးမျိုး ဖန်တီးလာကြပါတယ်။

ခွေးလေးတွေပါ ရေကူးကန်မှာ ကိုယ့်ရဲ့သခင်နဲ့အတူ Float နိုင်မယ်ဆိုတော့ ခွေးချစ်သူတွေအတွက်တော့ ဒါဟာသတင်းကောင်းပါပဲ။ လူတစ်ရပ်စာ float နဲ့ ခွေးတစ်ကောင်စာ ချစ်စရာfloat လေးတွေကို ပူးတွဲပြီး ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။Barkshop နဲ့ Funboy မှ ဒီ float တွေကိုပြုလုပ်တာဖြစ်ပြီး အရည်သွေးကတော့
စိတ်ချရပါတယ်။

နေသာတဲ့နေ့လေးမှာ ချစ်တုံး ပါပီလေးတွေနဲ့ ရေကူးကန် float လေးအတူတူစီးရင်း ပျော်ရွှင်စရာနေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

53 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.