ရာသီအကူးအပြောင်းကာလမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ထားနိုင်ဖို့ ဒါလေးတွေမှတ်ထားဖို့လို
၁)ရေများများသောက်ပါ
၂)လေ့ကျင့်ခန်းလုပ်ပါ
၎)အနားယူပါ
၅)Vitamin C သောက်ပါ
သတိထားပေးပါ။
Sponsored by Fluza
Unicode
ကျန်းမာရေးသတိဆိုတာ ပိုတယ်လိုတယ်ရယ်မရှိပါဘူးနော်။မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။အထူးသဖြင့် ဒီလို ပူလိုက်အေးလိုက်ဖြစ်နေတဲ့ ရာသီမျိုးမှာပိုပြီးဂရုတစိုက်နေသင့်ပါတယ်။ရာသီဥတုပူတာကတစ်မျိုး၊နေပူထဲကနေ ချက်ချင်းအဲကွန်းခန်းထဲတန်းဝင်တာကတစ်မျိုးဆိုတော့ ဒီလိုမျိုးရက်တွေဆက်လာတဲ့အခါ ခန္ဓာကိုယ်ထဲက ခွန်အားတွေဆုတ်ယုတ်လာတတ်ပါတယ်။
အခုရာသီဥတုက နွေလည်းမပြီးသေး၊မိုးကလည်း မထင်ရင်မထင်သလိုရွာတဲ့ကာလဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးဂရုစိုက်နေဖို့လိုပါတယ်။ကျန်းမာရေးသုတေသီတွေရဲ ့လေ့လာထားချက်တွေအရ…ဒီလိုရာသီအကူးအပြောင်းကာလမှာ အအေးမိတုပ်ကွေး ၊နှာစေး၊လည်ချောင်းနာ၊ခေါင်းကိုက်၊ဖျားနာတာ မျိုးတွေဖြစ်တတ်ကြောင်းတွေ့ရပါတယ်။ အဲ့ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်မယ်ဆိုရင်တော့…
၁)ရေများများသောက်ပါ
ရေကတော့ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ်များများသောက်ပေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ အရင်ကထက် ပိုပြီးပူနွေးလာတဲ့နွေရာသီမှာ ရေကို မဖြစ်မနေ များများသောက်ပေးသင့် ပါတယ်။မေ့လျော့ပြီး ရေသောက်နည်းသွားတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပြီး
တော်ရုံအမောမခံနိုင်တော့ပါဘူး။အခုက အပြင်ထွက်လို့ပင်ပန်းတာထက် နေပူထဲမှာသွားလာရလို့ ပိုပြီးပင်ပန်းနေကြတာပါ။ပြီးတော့ နေပူကြီးထဲကလာ ရုံးခန်းအအေးခန်းထဲ တန်းဝင်ဆိုတော့ ခေါင်းကိုက်တာတွေလည်းမကြာခဏဖြစ်တတ်ပါတယ်။ဒီလိုရောဂါအသေးအမွှား
လေးတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့နေ့တိုင်းလိုအပ်တဲ့ရေပမာဏာ ကိုဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။
၂)လေ့ကျင့်ခန်းလုပ်ပါ
နေ့တိုင်းပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကခန္ဓာကိုယ်ထဲမှာကိန်းအောင်းနေတဲ့အပူဓာတ်တွေ၊ချွေးပုပ်တွေကို ကင်းစင်စေသလို ကိုယ်လက်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဆဲလ်တွေလည်း တက်တက်ကြွကြွနဲ့အလုပ်လုပ်လာနိုင်ပါတယ်။လေ့ကျင့်ခန်းသာပုံမှန်လုပ် ကျန်းမာရေးအတွက်
စိတ်ပူစရာမလိုဘူးဆိုတဲ့စကားက အလကားပြောထားတာမဟုတ်ပါဘူး။မယုံရင် နေ့တိုင်းပုံမှန် အားကစားလုပ်ကြည့်ပါ။တစ်လလောက်ဆိုခန္ဓာကိုယ်က သိသိသာသာပေါ့ပါးလာပြီး တက်ကြွလန်းဆန်းနေတာကိုသတိထားမိပါလိမ့်မယ်။
၃)ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ
ဒီလိုရာသီအကူးအပြောင်းမှာ အစားအသောက်ကိုလည်းဂရုစိုက်ပေးရပါမယ်။နေပူကြီးထဲက
ပြန်လာပြီး ရေခဲရေသောက်တာ၊ရေခဲမုန့်စားတာတွေ၊စတဲ့အအေးစာတွေကို ရှောင်ပေးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးနိုင်ဖို့အစိမ်းရောင်ဟင်းသီး ဟင်းရွက်တွေစားပေးပါ။လတ်ဆတ်တဲ့အသီးအနှံတွေစားပေးပြီး သရေစာတွေစားတာကိုတော့ တတ်နိုင်သလောက်လျှော့ပေးပါ။
၄)အနားယူပါ
ခန္ဓာကိုယ်က တစ်နေကုန်လှုပ်ရှားသွားလာပြီးရင် ပြန်ပြီးအနားပေးဖို့လိုအပ်ပါတယ်။ လိုအပ်သလောက် အနားမယူမိတဲ့အချိန် ပြောင်းလဲနေတဲ့ရာသီဥတုအခြေအနေကြောင့် ပုံမှန်အချိန်မဝင်လာနိုင်တဲ့ရောဂါပိုးတွေ၊ဘတ်တီးရီးယားတွေက အလွယ်တကူဝင်လာနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲကဆဲလ်တွေပင်ပန်းပြီးခြေကုန်လက်ပန်းကျနေရင် အပြင်ကဝင်လာတဲ့ရောဂါပိုးတွေ ကိုမတိုက်ထုတ်နိုင်တော့ပါဘူး။အဲ့ဒါကြောင့်အနားယူအိပ်စက်ချိန်ဟာ ရနာရီကနေ ၈နာရီကြားရှိရပါမယ်။
၅)Vitamin C သောက်ပါ
Vitamin C ကို အခုလိုပူနွေးတဲ့ရာသီဥတုမျိုးမှာ သောက်သုံးပေးသင့်ပါတယ်။Vitamin C မှာပါဝင်တဲ့ဓာတ်တွေက တော်ရုံအအေးမိဖျားနာတာမျိုးကို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုပဲတိုက်ထုတ်ပေးနိုင်ပါတယ်။Vitamin C သောက်သုံးပေးနိုင်သလို Vitamin C ပါဝင်တဲ့
အစားအစာတွေကိုလည်းစားပေးလို့ရပါတယ်။ကိုက်လန်၊ဂေါ်ဖီထုပ်၊စတော်ဘယ်ရီ၊သရက်သီး၊ငရုတ်သီးစတဲ့အစားအစာတွေစားပေးနိုင်ပါတယ်။တကယ်လို့ VitaminCအားဖြည့်ဆေးသောက်မယ် ဆိုရင် အရွယ်ရောက်သူအမျိုးသားတွေအတွက် တစ်နေ့ကို ၉ဝမီလီဂရမ်၊အမျိုးသမီးတွေအတွက် တစ်နေ့ကို ၇၅မီလီဂရမ်ပမာဏာအထိပဲသောက်ပေးဖို့လိုပါတယ်။တစ်နေ့ကို ၂၀၀၀ မီလီဂရမ်ထက်ကျော်လွန်သွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာ
သတိထားပေးပါ။
ရာသီအကူးအပြောင်းကာလမှာ အပေါ်က ၅ချက်အတိုင်းသေချာလိုက်နာမယ်ဆိုရင် ဒီကာလတွေမှာဖြစ်တတ်တဲ့ အအေးမိ၊နှာစေး၊ချောင်းဆိုး၊လည်ချောင်းနာ၊ဖျားနာတာတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီလိုကြိုတင်ကာကွယ်ထားတဲ့ကြားထဲကမှ အလုပ်သွား၊အလုပ်ပြန် မိုးမိလိုက်၊နေပူလိုက်၊အအေးခံလိုက်ဖြစ်နေပြီး အပူရှပ်ဖျားနာတာမျိုး ကြုံလာခဲ့ရင်တော့ အမြန်ဆုံးသက်သာပျောက်ကင်းသွားစေမယ့်ဆေးလေးတစ်မျိုးကို ညွှန်းပေးချင်ပါတယ်။
ဆေးနာမည်ကတော့ Fluza ပါ။Fluza က နေမကောင်းဖြစ်ချင်လာပြီ ၊ခေါင်းကိုက် ဖျားနာချင်လာပြီဆိုရင် သတိရတမ်းတမိတဲ့နာမည်ရဆေးတစ်မျိုး လည်းဖြစ်ပါတယ်။အလွယ်တကူ ဝယ်ယူလို့ရပြီး အိတ်ထဲမှာလည်းနေရာမယူဆောင်ထားလို့ရတော့ နေထိုင်မကောင်းဖြစ်ချင် လာပြီ၊ကိုယ်တွေလက်တွေကိုက်ခဲလာပြီဆိုရင် Fluzaလေးတစ်လုံးဖောက်သောက်လိုက်ဖို့ မမေ့နဲ့နော်။အခုဆိုရင်ဖျားနာတာကို အချိန်တိုအတွင်းသက်သာပျောက်ကင်းစေဖို့ FLUZA PLUS နဲ့ကလေးတွေနဲ့ ဆေးလုံးမျိုချရတာခက်တဲ့လူကြီးတွေအတွက် FLUZA Effervescent ရေဆူဆေးပြားလည်းရနေပြီလို့သိရပါတယ်။
ကဲ ရာသီအကူးအပြောင်းကာလမှာဖြစ်တတ်တဲ့ အအေးမိတုပ်ကွေးဖျားနာကိုက်ခဲမှုတွေကို အကောင်းဆုံးကြိုတင်ကာကွယ်တိုက်ထုတ်လိုက်ရအောင်။
Sponsored by Fluza
48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.