အေကာင္းဆံုးျဖစ္ေအာင္ မရပ္မနားၾကိဳးစားၾကမယ္ …

လူတိုင္းမွာ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ေတြ ကိုယ္စီ႐ွိၾကပါတယ္။ တစ္ခါတစ္ေလ ပန္းတိုင္ကို ေရာက္ေအာင္ေလွ်ာက္ရင္း လမ္းေပ်ာက္သြားတတ္ၾကတယ္။ အေႏွာင့္ယွက္ေတြဝင္လာတတ္တယ္။ တကယ္ျဖစ္ခ်င္တဲ့ စိတ္ဆႏၵေတြ ေဝဝါးသြားေအာင္ လမ္းတစ္ဝက္မွာတင္ ခၽြတ္ေခ်ာ္သြားတတ္ပါတယ္။ ဒါမ်ဳိးကို လူတိုင္းလိုလုိမွာျဖစ္တတ္ပါတယ္။ အဲ့ဒီအခါ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုစိတ္ခြန္အားေတြေပးမလဲ ? ေ႐ွ႔ဆက္ေလွ်ာက္ဖို႔အားအင္ေတြကို ဘယ္လိုျပန္ယူမလဲ ?

ကိုယ္ ဘာျဖစ္ခ်င္တာလဲ ေသခ်ာသိေအာင္လုပ္ပါ

လူေတြဟာ ဘဝမွာေကာင္းေကာင္းမြန္မြန္ေနခ်င္ၾကတာပါပဲ။ လိုခ်င္တဲ့ ရလဒ္တစ္ခုကို
ပုိင္ဆုိင္ခြင့္ရျပီဆို အဲ့ဒီိေနရာမွာပဲ ရပ္တန္႔သြားၾကတာမ်ားတယ္။ သင္သိထားရမွာက
ဒီမွာ လမ္းမဆံုးေသးဘူး။ အဆက္မျပတ္ ၾကိဳးစားေနမွျဖစ္မယ္ ၊ တစ္ခ်ိန္လံုး ဒီအရာက
ျမဲမေနဘူးဆုိတာ မွတ္ထားဖို႔လိုပါတယ္။ အေပၚဆံုးကို တက္သြားတဲ့အခါ ျပန္ျပဳတ္မက်
ေအာင္ ေသခ်ာကုတ္ထားသင့္သလို ဒီထက္အျမင့္ဆံုးကိုလည္း ထပ္ျပီး တက္လွမ္းႏုိင္
ေအာင္ သင္ယူပါ။

အေပၚဆံုးေရာက္တာနဲ႔ သင္ရပ္ပစ္လိုက္ဖုိ႔ ေတြးေနျပီဆုိရင္ သင့္အေနာက္မွာ
အမွီလိုက္ေနတဲ့ လူ႐ွိေသးတယ္ဆုိတာကို သတိရလိုက္ပါ။ ဘဝမွာ လူသံုးမ်ဳိး႐ွိသတဲ့။ လူေအး ၊ လူရင္း နဲ႔ လူ႐ွင္း ျဖစ္ပါတယ္။
လူေအး – ဂ႐ုစိုက္တယ္ ။ အေျခအေနနဲ႔ အခ်ိန္အခါၾကည့္ျပီးမွ စကားေျပာတယ္။ သူမ်ားေတြ ဘာလုပ္ေနလဲ သူၾကည့္တယ္။ ဒါေပမယ့္ သူမ်ားေခါင္းေဆာင္မႈအေနာက္မွာပဲ ေနေနတတ္တယ္။

လူရင္း – သူက ဖိအားေတြကို ကိုင္တြယ္ႏုိင္တယ္။ အလုပ္တစ္ခုကို ေကာင္းေကာင္းျပီးေအာင္ အဆံုးသတ္ႏုိင္တယ္။ ဒါေပမယ့္ သူတို႔ဟာ ခ်ီးမြမ္းခံခ်င္တယ္။ ေလးစားဂုဏ္ျပဳခံခ်င္တယ္။ ေကာင္းတာတစ္ခုခုကိုလုပ္ျပီး အာ႐ံုစိုက္မႈလိုခ်င္ေနတာျဖစ္တယ္။

လူ႐ွင္း – ဒီလိုလူမ်ဳိးကေတာ့ ႐ွားပါတယ္။ ေၾကာက္လန္႔တာမ်ဳိး မ႐ွိ ။ ဖိအားေတြမ်ားလာလည္း ေပါ့ေပါ့ပါးပါးနဲ႔ ေျဖ႐ွင္းျပီး ေအာင္ျမင္ႏုိင္ေအာင္ ၾကိဳးစားတယ္။ ရလဒ္ေတြထက္လုပ္ေဆာင္ခ်က္ေတြကို ပိုခ်စ္တယ္။ သင္ကေရာ ဘယ္လိုလူစားမ်ဳိးလဲ ?

အရည္ခ်င္းေတြဟာ ေအာင္ျမင္မႈနဲ႔ ဘယ္ေတာ့မွမတူညီဘူးဆုိတာ နားလည္ထားရမယ္

” ေအာင္ျမင္မႈဆိုတာ အရည္ခ်င္းနဲ႔မတူညီဘူး ” လို႔ နာမည္ေက်ာ္ စာေရးဆရာၾကီး Tim Grover က ဆိုပါတယ္။ သင္က အထက္ကေျပာသြားတဲ့ လူ႐ွင္းလိုျဖစ္ခ်င္တယ္ဆိုရင္ သင့္ရဲ႕အရည္ခ်င္းေတြကို ကုိယ္က်င့္တရားနဲ႔ကုိက္ညီေအာင္ အလုပ္လုပ္မွျဖစ္္ပါမယ္။ အရည္ခ်င္းဆိုတာ တစ္စံုတစ္ခုကို သင္စတင္ဖို႔အတြက္ အကူညီေပးတဲ့အရာပါ။စီးပြားေရးေလာကမွာပဲျဖစ္ျဖစ္ ေအာင္ျမင္ေနတဲ့လူေတြဟာ သူတို႔ရဲ႕အရည္ခ်င္းေတြဘယ္ေတာ့မွ ျပည့္စံုတယ္လုိ႔မထင္ၾကပါဘူး။

ကိုယ့္အရည္ခ်င္း ကိုယ္သိေအာင္လုပ္ျပီး ေနာက္ထပ္တစ္ဆင့္ထပ္လွမ္းႏုိင္ေအာင္ သူတုိ႔က ဓားေသြးသလုိ အရည္ခ်င္းေတြကိုလည္း ထက္ေနေအာင္ၾကိဳးစားေနသူေတြပါ။

က်႐ံႈးရမွာကိုလည္း မေၾကာက္ဘူး

ေအာင္ျမင္တဲ့လူတိုင္း က်႐ႈံးဖူးၾကပါတယ္။ အဆက္မျပတ္ ၾကိဳးစားေနမွသာ သင့္အတြက္အထိပ္ထြဋ္ဆိုတာလည္း ႐ွိလာမယ္။ ဆိုးဝါးတဲ့ေန႔ရက္ေတြမွာ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုအားေပးရမလဲလုိ႔ သင္ယူခ်င္ရင္ ေအာင္ျမင္သူမ်ားရဲ႕နည္းနာ လမ္းစဥ္ေတြကို ေလ့လာပါ။ သူတုိ႔ဟာ က်ဆံုးရမွာမေၾကာက္ဘူး။ က်ဆံုးမႈေတြကေန အေတြ႔အၾကံဳမ်ားစြာကို သူတို႔ရ႐ွိတယ္။ အဲ့ဒီအေတြ႔အၾကံဳေတြကပဲ သူတို႔ကို ထိပ္ဆံုးေရာက္ေအာင္ တြန္းပုိ႔ေပးခဲ့တာျဖစ္ပါတယ္။

(Unicode)

လူတိုင်းမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီရှိကြပါတယ်။ တစ်ခါတစ်လေ ပန်းတိုင်ကို ရောက်အောင်လျှောက်ရင်း လမ်းပျောက်သွားတတ်ကြတယ်။ အနှောင့်ယှက်တွေဝင်လာတတ်တယ်။ တကယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ဝေဝါးသွားအောင် လမ်းတစ်ဝက်မှာတင် ချွတ်ချော်သွားတတ်ပါတယ်။ ဒါမျိုးကို လူတိုင်းလိုလိုမှာဖြစ်တတ်ပါတယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ ? ရှေ့ဆက်လျှောက်ဖို့အားအင်တွေကို ဘယ်လိုပြန်ယူမလဲ ?

ကိုယ် ဘာဖြစ်ချင်တာလဲ သေချာသိအောင်လုပ်ပါ

လူတွေဟာ ဘဝမှာကောင်းကောင်းမွန်မွန်နေချင်ကြတာပါပဲ။ လိုချင်တဲ့ ရလဒ်တစ်ခုကို
ပိုင်ဆိုင်ခွင့်ရပြီဆို အဲ့ဒီိနေရာမှာပဲ ရပ်တန့်သွားကြတာများတယ်။ သင်သိထားရမှာက
ဒီမှာ လမ်းမဆုံးသေးဘူး။ အဆက်မပြတ် ကြိုးစားနေမှဖြစ်မယ် ၊ တစ်ချိန်လုံး ဒီအရာက
မြဲမနေဘူးဆိုတာ မှတ်ထားဖို့လိုပါတယ်။ အပေါ်ဆုံးကို တက်သွားတဲ့အခါ ပြန်ပြုတ်မကျ
အောင် သေချာကုတ်ထားသင့်သလို ဒီထက်အမြင့်ဆုံးကိုလည်း ထပ်ပြီး တက်လှမ်းနိုင်
အောင် သင်ယူပါ။

အပေါ်ဆုံးရောက်တာနဲ့ သင်ရပ်ပစ်လိုက်ဖို့ တွေးနေပြီဆိုရင် သင့်အနောက်မှာ
အမှီလိုက်နေတဲ့ လူရှိသေးတယ်ဆိုတာကို သတိရလိုက်ပါ။ ဘဝမှာ လူသုံးမျိုးရှိသတဲ့။ လူအေး ၊ လူရင်း နဲ့ လူရှင်း ဖြစ်ပါတယ်။
လူအေး – ဂရုစိုက်တယ် ။ အခြေအနေနဲ့ အချိန်အခါကြည့်ပြီးမှ စကားပြောတယ်။ သူများတွေ ဘာလုပ်နေလဲ သူကြည့်တယ်။ ဒါပေမယ့် သူများခေါင်းဆောင်မှုအနောက်မှာပဲ နေနေတတ်တယ်။

လူရင်း – သူက ဖိအားတွေကို ကိုင်တွယ်နိုင်တယ်။ အလုပ်တစ်ခုကို ကောင်းကောင်းပြီးအောင် အဆုံးသတ်နိုင်တယ်။ ဒါပေမယ့် သူတို့ဟာ ချီးမွမ်းခံချင်တယ်။ လေးစားဂုဏ်ပြုခံချင်တယ်။ ကောင်းတာတစ်ခုခုကိုလုပ်ပြီး အာရုံစိုက်မှုလိုချင်နေတာဖြစ်တယ်။

လူရှင်း – ဒီလိုလူမျိုးကတော့ ရှားပါတယ်။ ကြောက်လန့်တာမျိုး မရှိ ။ ဖိအားတွေများလာလည်း ပေါ့ပေါ့ပါးပါးနဲ့ ဖြေရှင်းပြီး အောင်မြင်နိုင်အောင် ကြိုးစားတယ်။ ရလဒ်တွေထက်လုပ်ဆောင်ချက်တွေကို ပိုချစ်တယ်။ သင်ကရော ဘယ်လိုလူစားမျိုးလဲ ?

အရည်ချင်းတွေဟာ အောင်မြင်မှုနဲ့ ဘယ်တော့မှမတူညီဘူးဆိုတာ နားလည်ထားရမယ်

” အောင်မြင်မှုဆိုတာ အရည်ချင်းနဲ့မတူညီဘူး ” လို့ နာမည်ကျော် စာရေးဆရာကြီး Tim Grover က ဆိုပါတယ်။ သင်က အထက်ကပြောသွားတဲ့ လူရှင်းလိုဖြစ်ချင်တယ်ဆိုရင် သင့်ရဲ့အရည်ချင်းတွေကို ကိုယ်ကျင့်တရားနဲ့ကိုက်ညီအောင် အလုပ်လုပ်မှဖြစ််ပါမယ်။ အရည်ချင်းဆိုတာ တစ်စုံတစ်ခုကို သင်စတင်ဖို့အတွက် အကူညီပေးတဲ့အရာပါ။စီးပွားရေးလောကမှာပဲဖြစ်ဖြစ် အောင်မြင်နေတဲ့လူတွေဟာ သူတို့ရဲ့အရည်ချင်းတွေဘယ်တော့မှ ပြည့်စုံတယ်လို့မထင်ကြပါဘူး။

ကိုယ့်အရည်ချင်း ကိုယ်သိအောင်လုပ်ပြီး နောက်ထပ်တစ်ဆင့်ထပ်လှမ်းနိုင်အောင် သူတို့က ဓားသွေးသလို အရည်ချင်းတွေကိုလည်း ထက်နေအောင်ကြိုးစားနေသူတွေပါ။

ကျရှုံးရမှာကိုလည်း မကြောက်ဘူး

အောင်မြင်တဲ့လူတိုင်း ကျရှုံးဖူးကြပါတယ်။ အဆက်မပြတ် ကြိုးစားနေမှသာ သင့်အတွက်အထိပ်ထွဋ်ဆိုတာလည်း ရှိလာမယ်။ ဆိုးဝါးတဲ့နေ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအားပေးရမလဲလို့ သင်ယူချင်ရင် အောင်မြင်သူများရဲ့နည်းနာ လမ်းစဉ်တွေကို လေ့လာပါ။ သူတို့ဟာ ကျဆုံးရမှာမကြောက်ဘူး။ ကျဆုံးမှုတွေကနေ အတွေ့အကြုံများစွာကို သူတို့ရရှိတယ်။ အဲ့ဒီအတွေ့အကြုံတွေကပဲ သူတို့ကို ထိပ်ဆုံးရောက်အောင် တွန်းပို့ပေးခဲ့တာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.