Jessica Alba သေဘာက်တဲ႔ကုိရီးယားအမ်ိဳးသားပံုစံစာရင္းက လြင့္ခဲ႔ရတဲ႔ 2PM အဖြဲ႔၀င္ Taecyeon

မင္းသမီးေခ်ာ Jessica Alba ဟာ ကုိရီးယားႏုိင္ငံရဲ ႔ယဥ္ေက်းမႈေတြ၊အေလ့အထေတြနဲ႔ မစိမ္းတဲ႔သူတစ္ေယာက္ပါ။သူမရဲ ႔မိသားစုနဲ႔အတူ ကုိရီးယားကုိမၾကာခဏ လာေရာက္ လည္ပတ္ေလ့ရွိျပီးကုိရီးယားက သူမအၾကိဳက္ဆံုးနုိင္ငံေတြထဲကတစ္ခုျဖစ္တယ္လို႔သိရပါတယ္။
ဒါ့အျပင္ ကုိရီးယားကင္မ္ခ်ီကုိလည္း အသက္ေလးနွစ္အရြယ္ကတည္းက ၾကိဳက္ႏွစ္သက္ခဲ႔တာ ျဖစ္တယ္လို႔ေျပာျပခဲ႔ဖူးပါတယ္။

သူမရဲ ႔စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္တဲ႔ The Honest Company က ေတာင္ကုိရီးယားႏိုင္ငံမွာ ဖြင့္ထားတာျဖစ္လု႔ိ ကုိရီးယားက သူမေနထုိင္တဲ႔အေမရိကန္နုိင္ငံလုိပဲ မစိမ္းပါဘူး။တစ္ခါမွာေတာ့ Jessica Alba ကို သူမၾကိဳက္ႏွစ္သက္တဲ႔ကုိရီးယားအမ်ိဳးသားပံုစံကုိေမးျမန္းခဲ႔ပါတယ္။ျပီးေတာ့
ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္အႏုပညာရွင္ ၆ေယာက္ရဲ႔ ဓာတ္ပံုကိုျပျပီးေရြးခ်ယ္ခိုင္းခဲ႔ပါတယ္။

ဘယ္သူေတြလဲဆုိရင္ Bigbang အဖြဲ႔၀င္ Daesung ၊2PM အဖြဲ႔၀င္ Taecyeon ၊ အဆိုေတာ္ Roy Kim ၊ Entertainment Weekly ရဲ ႔ Chung Hyeon ၊Olympic အျမန္စီးစကိတ္ အားကစားသမား Lee Kyou Hyukတုိ႔ျဖစ္ပါတယ္။အဲ႔ဒီထဲကတစ္ေယာက္ကုိေရြးခုိင္း တဲ႔အခါမွာေတာ့ Jessica သူမထက္ငယ္တဲ႔သူေတြကုိသေဘာက်ပံုမရပါဘူး။
“သူမထက္အသက္အရြယ္ၾကီးတဲ႔သူေတြကိုသာေရြးခ်ယ္ခ်င္တယ္”လို႔ရယ္ျပီးေျပာခဲ႔ပါတယ္။Jessica ေရြးခ်ယ္လိုက္တဲ႔ကံေကာင္းတဲ႔အမ်ိဳးသားကဘယ္သူမ်ားပါလိမ့္?

သူမ ပထမဆံုးမ်က္စိထဲတန္းျမင္တာကေတာ့ 2PM အဖြဲ႔၀င္ Taecyeon ပါ။Jessica က အဲ႔ဒါဘယ္သူလဲလို႔ေမးခဲ႔ပါတယ္။အဲ႔ဒါကုိ ေမးျမန္းတင္ဆက္သူက သူ႔ကုိသေဘာက်တာလား လို႔ေမးလုိက္တဲ႔အခါမွာေတာ့ Jessica က ပ်ိဳတိုင္းၾကိဳက္တဲ႔ႏွင္းဆီခိုင္ေလးကုိ မၾကိဳက္ပါဘူးလုိ႔
တန္းျငင္းခဲ႔ပါတယ္။ေမးတဲ႔သူကထပ္ျပီးပံုထဲကတစ္ခ်ိဳ႔က အဆိုေတာ္ေတြျဖစ္ေၾကာင္း ေျပာခဲ႔ပါတယ္။

အဲ႔ဒီမွာ Jessica က Chung Hyeonရဲ ႔ပံုကုိေထာက္ျပီး ဘယ္သူလဲေမးခဲ႔ပါတယ္။ Chung Hyeon က သူမကုိအခုေမးျမန္းေနတဲ႔ Entertainment Weekly ရဲ ႔အစီအစဥ္တင္ဆက္သူပါ။Chung Hyeon က “အဲ႔ဒါ ကြ်န္ေတာ္ေလ။ခင္ဗ်ားသိတဲ႔အတိုင္း ကြ်န္ေတာ္ကေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တယ္။ကြ်န္ေတာ္တို႔အတူတူဆိုစိတ္ကသက္ေတာင့္သက္သာပါပဲ။ကြ်န္ေတာ့္ၾကြက္သားေတြ မုိက္တယ္မွတ္လား?”ဆုိျပီးေမးေတာ့ Jessica ကလည္း ဘာလို႔မဟုတ္ရမွာလဲ?ဆိုျပီး ျပန္ေျပာခဲ႔ပါတယ္။ဒါေပမဲ႔ Chung Hyeon ကုိသေဘာက်တာလား ေမးျပန္ေတာ့လည္း သူမက သေဘာမက်ဘူးလုိ႔ျငင္းခဲ႔ပါတယ္။

ခႏၶာကုိယ္က်စ္လစ္ျပီးေခ်ာေမာတဲ႔သူေတြကုိမေရြးခ်ယ္ပဲ သူမေနာက္ဆံုးေရြးခ်ယ္လိုက္တဲ႔ အမ်ိဳးသားကေတာ့ အိုလံပစ္စကိတ္အားကစားသမားLee Kyou Hyuk ပဲျဖစ္ပါတယ္။သူမသေဘာက်တဲ႔အမ်ိဳးသားပံုစံက ရုပ္အရမ္းေခ်ာျပီးၾကည့္ေကာင္းေနတာ မ်ိဳးမဟုတ္ပဲ ေယာက်္ားေလးတစ္ေယာက္အေနနဲ႔အေနေတာ္ၾကည့္ေကာင္းေခ်ာေမာ တဲ႔ပံုစံမ်ိဳးပဲျဖစ္ပါတယ္။ကံထူးသြားသူကေတာ့ အိုလံပစ္အားကစားသမား Lee Kyou Hyuk ပဲ
ျဖစ္ပါတယ္။

သူမရဲ ႔အင္တာဗ်ဴးဗီဒီယုိေလးကုိ ျပည္ပမီဒီယာတစ္ခုကေန ျပန္ျပီးေဖာျ္ပထားခဲ႔တာျဖစ္ပါတယ္။ အခုလက္ရွိ မင္းသမီးတစ္ေယာက္အေနနဲ႔ေရာ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အျဖစ္ပါ ေအာင္ျမင္ေနတဲ႔ Jessica Alba ဟာ ျပီးခဲ႔တဲ႔ တနဂၤေႏြ”အေမမ်ားေန႔”တုန္းက အေမေတြကုိကူညီတဲ႔အေနနဲ႔ ၁.၅သန္းဖုိး ကေလး Diaper ေတြလွဴဒါန္းခဲ႔ပါတယ္။ ကေလးသံုးေယာက္နဲ႔ ေပ်ာ္ရႊင္ေနတဲ႔ Jessica ရဲ ႔ပံုေလးေတြလည္းေဖာ္ျပေပးလိုက္ပါတယ္။

Unicode

မင်းသမီးချော Jessica Alba ဟာ ကိုရီးယားနိုင်ငံရဲ ့ယဉ်ကျေးမှုတွေ၊အလေ့အထတွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ပါ။သူမရဲ ့မိသားစုနဲ့အတူ ကိုရီးယားကိုမကြာခဏ လာရောက် လည်ပတ်လေ့ရှိပြီးကိုရီးယားက သူမအကြိုက်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ကိုရီးယားကင်မ်ချီကိုလည်း အသက်လေးနှစ်အရွယ်ကတည်းက ကြိုက်နှစ်သက်ခဲ့တာ ဖြစ်တယ်လို့ပြောပြခဲ့ဖူးပါတယ်။

သူမရဲ ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ The Honest Company က တောင်ကိုရီးယားနိုင်ငံမှာ ဖွင့်ထားတာဖြစ်လို့ ကိုရီးယားက သူမနေထိုင်တဲ့အမေရိကန်နိုင်ငံလိုပဲ မစိမ်းပါဘူး။တစ်ခါမှာတော့ Jessica Alba ကို သူမကြိုက်နှစ်သက်တဲ့ကိုရီးယားအမျိုးသားပုံစံကိုမေးမြန်းခဲ့ပါတယ်။ပြီးတော့
ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင် ၆ယောက်ရဲ့ ဓာတ်ပုံကိုပြပြီးရွေးချယ်ခိုင်းခဲ့ပါတယ်။

ဘယ်သူတွေလဲဆိုရင် Bigbang အဖွဲ့ဝင် Daesung ၊2PM အဖွဲ့ဝင် Taecyeon ၊ အဆိုတော် Roy Kim ၊ Entertainment Weekly ရဲ ့ Chung Hyeon ၊Olympic အမြန်စီးစကိတ် အားကစားသမား Lee Kyou Hyukတို့ဖြစ်ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကိုရွေးခိုင်း တဲ့အခါမှာတော့ Jessica သူမထက်ငယ်တဲ့သူတွေကိုသဘောကျပုံမရပါဘူး။
“သူမထက်အသက်အရွယ်ကြီးတဲ့သူတွေကိုသာရွေးချယ်ချင်တယ်”လို့ရယ်ပြီးပြောခဲ့ပါတယ်။Jessica ရွေးချယ်လိုက်တဲ့ကံကောင်းတဲ့အမျိုးသားကဘယ်သူများပါလိမ့်?

သူမ ပထမဆုံးမျက်စိထဲတန်းမြင်တာကတော့ 2PM အဖွဲ့ဝင် Taecyeon ပါ။Jessica က အဲ့ဒါဘယ်သူလဲလို့မေးခဲ့ပါတယ်။အဲ့ဒါကို မေးမြန်းတင်ဆက်သူက သူ့ကိုသဘောကျတာလား လို့မေးလိုက်တဲ့အခါမှာတော့ Jessica က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးကို မကြိုက်ပါဘူးလို့
တန်းငြင်းခဲ့ပါတယ်။မေးတဲ့သူကထပ်ပြီးပုံထဲကတစ်ချို့က အဆိုတော်တွေဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အဲ့ဒီမှာ Jessica က Chung Hyeonရဲ ့ပုံကိုထောက်ပြီး ဘယ်သူလဲမေးခဲ့ပါတယ်။ Chung Hyeon က သူမကိုအခုမေးမြန်းနေတဲ့ Entertainment Weekly ရဲ ့အစီအစဉ်တင်ဆက်သူပါ။Chung Hyeon က “အဲ့ဒါ ကျွန်တော်လေ။ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်ကပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ကျွန်တော်တို့အတူတူဆိုစိတ်ကသက်တောင့်သက်သာပါပဲ။ကျွန်တော့်ကြွက်သားတွေ မိုက်တယ်မှတ်လား?”ဆိုပြီးမေးတော့ Jessica ကလည်း ဘာလို့မဟုတ်ရမှာလဲ?ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ Chung Hyeon ကိုသဘောကျတာလား မေးပြန်တော့လည်း သူမက သဘောမကျဘူးလို့ငြင်းခဲ့ပါတယ်။

ခန္ဓာကိုယ်ကျစ်လစ်ပြီးချောမောတဲ့သူတွေကိုမရွေးချယ်ပဲ သူမနောက်ဆုံးရွေးချယ်လိုက်တဲ့ အမျိုးသားကတော့ အိုလံပစ်စကိတ်အားကစားသမားLee Kyou Hyuk ပဲဖြစ်ပါတယ်။သူမသဘောကျတဲ့အမျိုးသားပုံစံက ရုပ်အရမ်းချောပြီးကြည့်ကောင်းနေတာ မျိုးမဟုတ်ပဲ ယောကျ်ားလေးတစ်ယောက်အနေနဲ့အနေတော်ကြည့်ကောင်းချောမော တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ကံထူးသွားသူကတော့ အိုလံပစ်အားကစားသမား Lee Kyou Hyuk ပဲ
ဖြစ်ပါတယ်။

သူမရဲ ့အင်တာဗျူးဗီဒီယိုလေးကို ပြည်ပမီဒီယာတစ်ခုကနေ ပြန်ပြီးဖောြ်ပထားခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ မင်းသမီးတစ်ယောက်အနေနဲ့ရော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်ပါ အောင်မြင်နေတဲ့ Jessica Alba ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ”အမေများနေ့”တုန်းက အမေတွေကိုကူညီတဲ့အနေနဲ့ ၁.၅သန်းဖိုး ကလေး Diaper တွေလှူဒါန်းခဲ့ပါတယ်။ ကလေးသုံးယောက်နဲ့ ပျော်ရွှင်နေတဲ့ Jessica ရဲ ့ပုံလေးတွေလည်းဖော်ပြပေးလိုက်ပါတယ်။

245 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.