Maldives မှာ ဒီနှစ်အတွင်း ရေအောက်ဟော်တယ်တစ်ခုဖွင့်မယ်ဆိုတော့ အိပ်မက်များလားလို့ ခရီးသွားနှစ်သက်သူတွေကတေ့ ထင်မိမှာပဲ။ အိန္ဒိယ သမုဒ္ဒရာအောက်မှာ ၁၆.၄ ပေရှိတဲ့ အမိုက်စား ရေအောက်ဟော်တယ်ကြီးကို Conrad Maldives Rangaliမှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
ထိုရေအောက်ဟော်တယ်အသစ်ကြီးကို Muraka လို့ ခေါ်ပြီး Maldives ဘာသာစကား
မှာတော့ Dhivehi ရဲ့သန္တာကျောက်လို့ အဓိပ္ပာယ်ရပါတယ်။ ဟော်တယ်ကို နိုဝင်ဘာလထဲမှာ ဖွင့်မှာဖြစ်ပြီး တစ်ညတည်းခိုခ ပေါင် ၃၅ဝဝရှိပါတယ်။ ဈေးကြီးတာတော့ အမှန်ပဲ..ဒါပေမယ့် Maldives ရဲ့ရေအောက်တည်းခိုခန်းဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ။ ကမ္ဘာ့ပထမဦးဆုံး ရေအောက် ဟော်တယ်လို့လည်းပြောလို့ရပါတယ်။
အိပ်ခန်း ၊ ဧည့်ခန်း ၊ ရေချိုးခန်း နဲ့ ဖန်ပြင်မျက်နှာကြက်တွေက လာရောက်အပန်းဖြေသူတွေ အတွက် စိတ်ကျေနပ်စရာအကောင်းဆုံးတွေပဲဖြစ်ပါလိမ့်မယ်။ ရေချိုးခန်းဆိုရင် ပင်လယ်ပြင်အထက်မှာရှိပြီး ညနေဆည်းဆာအလှကို ခံစားရင်း ဇိမ်နဲ့ရေစိမ်လို့လည်းရပါတယ်။
ဟော်တယ်ကို Crown ကုမ္ပဏီမှ ဗိသုကာပညာရှင်တွေ နဲ့ နယူးဇီလန် ငါးပြတိုက် နည်းပညာ ကျွမ်းကျင်သူ M J Murphy တို့အတူပူးပေါင်းပြီး ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်။