လူ႔ေဘာင္အသိုင္းအဝိုင္းနဲ႔ စည္းခ်က္ညီစြာ ေနထုိင္ႏုိင္ဖုိ႔

နားေထာင္ပါ


ကိုယ့္ဘက္က စကားမစခင္ တစ္ဖက္က ဘာေျပာမလဲဆိုတာ အရင္ဆံုးေအာင္နားေထာင္ပါ။ဘယ္လိုကိစၥပဲျဖစ္ျဖစ္ ကိုယ္သိတယ္၊ တတ္တယ္ဆိုျပီး ထိပ္ဆံုးကေန ဦးေဆာင္ျပီး မေျပာလုိက္ပါနဲ႔။ သူမ်ားေတြေျပာတာကို အရင္ဆံုးျပီးေအာင္ နားေထာင္လိုက္ပါ။ ဘာကြာသြားလဲဆိုေတာ့ သူတို႔ကအရင္ေျပာလိုက္ရင္ ကုိုယ္မသိႏုိင္တဲ့အရာေတြကို သူတို႔က အေရွ႔ကေနေထာက္ေပးလုိက္သလို ျဖစ္သြားသလို ၊ ကိုယ္ကအရင္ဆံုးေျပာလုိက္ျပီပဲ ထား၊ ေျပာလုိက္တာက အမွားၾကီးျဖစ္ေနရင္ ႐ွက္ဖုိ႔ေကာင္းပါတယ္။ဒါေၾကာင့္ သူမ်ားေျပာတာေတြကို အရင္ဆံုးေအာင္နားေထာင္ျပီးမွ ကိုယ္ေျပာမယ့္ စကားမွာ မွားတာ ၊ မွန္တာကို ခ်င့္ခ်ိန္စဥ္းစားလို႔လည္း ရသြားတာေပါ့။

၀င္ေငြ႐ွာ


ဝယ္ခ်င္တာေတြ ၊ စားခ်င္တာေတြ ၊ သံုးခ်င္တာေတြ ႐ွိတယ္မလား ။ ဝင္ေငြ႐ွာမွ ဒီအလိုဆႏၵေတြကို ျဖည့္ဆည္းႏုိင္မွာေပါ့ ။အခုေခတ္မွာေတာ့ လူငယ္ေတြအားလံုးက ေက်ာင္းတစ္ဖက္နဲ႔ ကိုယ့္ဝင္ေငြ ကိုယ္႐ွာေနတဲ့လူခ်ည္းပါပဲ။ ဒါေပမယ့္ ႐ွာသလို စုတတ္ဖို႔လည္းလိုပါတယ္။ ႐ွာျပီး အကုန္သံုးပစ္ေနရင္လည္း ပုိက္ဆံက ဘာမွအဖက္မတင္ပဲ လုပ္ရတာ ပင္ပန္းတာပဲ႐ွိမယ္။ ကိုယ့္ရဲ႕တစ္လ ဝင္ေငြနဲ႔ ထြက္ေငြကို မွ်တေအာင္ သံုးျပီး ရသေလာက္စုပါ။ စုျပီး ေငြကိုအ႐ွင္ထားပါ။

ေတြးေတာပါ


တစ္ခုခုမေရးခင္ အရင္စဥ္းစားေတြးေတာပါ။ ဘာပဲလုပ္လုပ္ ၊ ဘာပဲေျပာေျပာ အရင္ဦးေႏွာက္ေလးကို အလုပ္ခိုင္းပါ။ ေျပာသင့္ ၊ မေျပာသင့္ ။ လုပ္သင့္ ၊ မလုပ္သင့္ ဆိုတာဦးေႏွာက္ကပဲ ဆံုးျဖတ္ေပးမွာပါ။ လူေတြ တစ္ေယာက္စကားေၾကာင့္ တစ္ေယာက္ နာတယ္ ၊ ေဒါသျဖစ္ရတယ္ဆိုတာ မစဥ္းစား၊ မဆင္ျခင္ပဲ တဇြတ္ထိုး ကိုယ္စိတ္ထင္ရာေျပာလို႔ ဒီလိုေတြ ကေမာက္ကမ ျဖစ္ရတာပါ။ စိတ္ခ်င္း ၊ သေဘာထားခ်င္း မတူတာေတြလည္း႐ွိေပမယ့္ တစ္ခ်ဳိ ႔ကိစၥေတြဟာ မစဥ္းစားလုိ႔ ျဖစ္ၾကတာမ်ားပါတယ္။

ၾကိဳးစားပါ


အနားမယူခင္ ၾကိဳးစားပါ။ ၾကိဳးစားျပီးမွ အနားယူတာက ပိုျပီးအဓိပၸာယ္ျပည့္စံုတာမို႔ ။ ငယ္တုန္းရြယ္တုန္း ပညာ႐ွာ၊ ပိုက္ဆံ႐ွာလို႔ လူၾကီးေတြေျပာၾကမွာေပါ့ ။ ဒါေတြနဲ႔လည္း အျမဲတမ္း လံုးပန္းေနရမယ္လို႔လည္း ဘယ္ဟုတ္မလဲ။ တစ္ပတ္မွာ တစ္ရက္ ၊ ႏွစ္ရက္ေလာက္အနားယူပါ။ ခရီးသြားရာသီေတြ ၊ ပိတ္ရက္ရွည္ေတြရရင္ ခရီးထြက္ပါ။ လူဆိုတာလည္း အရာတစ္ခုတည္းကုိ ပံုေသလုပ္ေနရင္ ျငီးေငြ႔လာတဲ့အခ်ိန္႐ွိမွာပဲ ။ စိတ္ေတြ relax လုပ္ဖို႔လည္း အခ်ိန္ေတြ ေသခ်ာစီမံတတ္ဖုိ႔လိုပါတယ္။

႐ွင္သန္ေနထုိင္ပါ


မေသခင္ ဘဝမွာျပည့္ျပည့္ ဝဝေနထိုင္ျပီး အဓိပၸာယ္႐ွိ႐ွိ ႐ွင္သန္ေနထိုင္ပါ။ အဆိုးျမင္စိတ္ေလးေတြ ေလ်ာ့ ၊ အေကာင္းျမင္ႏုိင္ေအာင္ ၾကည့္ပါ။ ကိုယ္ျဖစ္ခ်င္တာ ၊ ဆႏၵရွိတာကိုပဲ လုပ္ပါ။ သူမ်ားအတင္းေျပာလုိ႔ ၊ သူမ်ား ဆႏၵေၾကာင့္ မလုပ္ခ်င္ပဲ လုိက္ေလ်ာလိုက္ရတာမ်ဳိးမျဖစ္ပါေစနဲ႔ ။ အားနာတယ္ဆိုတာ ကိုယ့္လုပ္ရပ္ေၾကာင့္ သူမ်ားထိခိုက္နစ္နာသြားရင္ အားနာရမယ္။ ကိုယ့္လုပ္ရပ္ေၾကာင့္ ဘယ္သူမွ ထိခုိက္နစ္နာမႈမ႐ွိရင္ အားနာစရာမလိုပါဘူး။ ျပတ္ျပတ္သားသားပဲေျပာဆို ၊ လုပ္ကိုင္ပါ။ ပတ္ဝန္းက်င္မွာ ကိုယ္က ခ်စ္တဲ့သူ ၊ ကိုယ့္ကိုခ်စ္တဲ့ လူေတြနဲ႔ပဲ ဝန္းရံေနပါေစ။ စိတ္အေႏွာင့္ယွက္ျဖစ္စရာလူေတြ ႐ွင္းထုတ္ပါ။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဘဝကို ႐ွင္သန္ပါ။ ရခဲလွတဲ့ လူ႕ဘဝမွာ စိတ္ညစ္စရာ အ႐ႈပ္ထုပ္ေတြၾကားမွာပဲ ေနသြားခ်င္လား … ေအးေဆး ျငိမ္းခ်မ္းစြာပဲျဖတ္သန္းခ်င္လား .. ကိုယ့္လမ္းကိုယ္ ေရြးခ်ယ္ပါ… 🙂

(Unicode)

နားထောင်ပါ

ကိုယ့်ဘက်က စကားမစခင် တစ်ဖက်က ဘာပြောမလဲဆိုတာ အရင်ဆုံးအောင်နားထောင်ပါ။ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကိုယ်သိတယ်၊ တတ်တယ်ဆိုပြီး ထိပ်ဆုံးကနေ ဦးဆောင်ပြီး မပြောလိုက်ပါနဲ့။ သူများတွေပြောတာကို အရင်ဆုံးပြီးအောင် နားထောင်လိုက်ပါ။ ဘာကွာသွားလဲဆိုတော့ သူတို့ကအရင်ပြောလိုက်ရင် ကိုုယ်မသိနိုင်တဲ့အရာတွေကို သူတို့က အရှေ့ကနေထောက်ပေးလိုက်သလို ဖြစ်သွားသလို ၊ ကိုယ်ကအရင်ဆုံးပြောလိုက်ပြီပဲ ထား၊ ပြောလိုက်တာက အမှားကြီးဖြစ်နေရင် ရှက်ဖို့ကောင်းပါတယ်။ဒါကြောင့် သူများပြောတာတွေကို အရင်ဆုံးအောင်နားထောင်ပြီးမှ ကိုယ်ပြောမယ့် စကားမှာ မှားတာ ၊ မှန်တာကို ချင့်ချိန်စဉ်းစားလို့လည်း ရသွားတာပေါ့။

ဝင်ငွေရှာ

ဝယ်ချင်တာတွေ ၊ စားချင်တာတွေ ၊ သုံးချင်တာတွေ ရှိတယ်မလား ။ ဝင်ငွေရှာမှ ဒီအလိုဆန္ဒတွေကို ဖြည့်ဆည်းနိုင်မှာပေါ့ ။အခုခေတ်မှာတော့ လူငယ်တွေအားလုံးက ကျောင်းတစ်ဖက်နဲ့ ကိုယ့်ဝင်ငွေ ကိုယ်ရှာနေတဲ့လူချည်းပါပဲ။ ဒါပေမယ့် ရှာသလို စုတတ်ဖို့လည်းလိုပါတယ်။ ရှာပြီး အကုန်သုံးပစ်နေရင်လည်း ပိုက်ဆံက ဘာမှအဖက်မတင်ပဲ လုပ်ရတာ ပင်ပန်းတာပဲရှိမယ်။ ကိုယ့်ရဲ့တစ်လ ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် သုံးပြီး ရသလောက်စုပါ။ စုပြီး ငွေကိုအရှင်ထားပါ။

တွေးတောပါ

တစ်ခုခုမရေးခင် အရင်စဉ်းစားတွေးတောပါ။ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော အရင်ဦးနှောက်လေးကို အလုပ်ခိုင်းပါ။ ပြောသင့် ၊ မပြောသင့် ။ လုပ်သင့် ၊ မလုပ်သင့် ဆိုတာဦးနှောက်ကပဲ ဆုံးဖြတ်ပေးမှာပါ။ လူတွေ တစ်ယောက်စကားကြောင့် တစ်ယောက် နာတယ် ၊ ဒေါသဖြစ်ရတယ်ဆိုတာ မစဉ်းစား၊ မဆင်ခြင်ပဲ တဇွတ်ထိုး ကိုယ်စိတ်ထင်ရာပြောလို့ ဒီလိုတွေ ကမောက်ကမ ဖြစ်ရတာပါ။ စိတ်ချင်း ၊ သဘောထားချင်း မတူတာတွေလည်းရှိပေမယ့် တစ်ချို ့ကိစ္စတွေဟာ မစဉ်းစားလို့ ဖြစ်ကြတာများပါတယ်။

ကြိုးစားပါ

အနားမယူခင် ကြိုးစားပါ။ ကြိုးစားပြီးမှ အနားယူတာက ပိုပြီးအဓိပ္ပာယ်ပြည့်စုံတာမို့ ။ ငယ်တုန်းရွယ်တုန်း ပညာရှာ၊ ပိုက်ဆံရှာလို့ လူကြီးတွေပြောကြမှာပေါ့ ။ ဒါတွေနဲ့လည်း အမြဲတမ်း လုံးပန်းနေရမယ်လို့လည်း ဘယ်ဟုတ်မလဲ။ တစ်ပတ်မှာ တစ်ရက် ၊ နှစ်ရက်လောက်အနားယူပါ။ ခရီးသွားရာသီတွေ ၊ ပိတ်ရက်ရှည်တွေရရင် ခရီးထွက်ပါ။ လူဆိုတာလည်း အရာတစ်ခုတည်းကို ပုံသေလုပ်နေရင် ငြီးငွေ့လာတဲ့အချိန်ရှိမှာပဲ ။ စိတ်တွေ relax လုပ်ဖို့လည်း အချိန်တွေ သေချာစီမံတတ်ဖို့လိုပါတယ်။

ရှင်သန်နေထိုင်ပါ

မသေခင် ဘဝမှာပြည့်ပြည့် ဝဝနေထိုင်ပြီး အဓိပ္ပာယ်ရှိရှိ ရှင်သန်နေထိုင်ပါ။ အဆိုးမြင်စိတ်လေးတွေ လျော့ ၊ အကောင်းမြင်နိုင်အောင် ကြည့်ပါ။ ကိုယ်ဖြစ်ချင်တာ ၊ ဆန္ဒရှိတာကိုပဲ လုပ်ပါ။ သူများအတင်းပြောလို့ ၊ သူများ ဆန္ဒကြောင့် မလုပ်ချင်ပဲ လိုက်လျောလိုက်ရတာမျိုးမဖြစ်ပါစေနဲ့ ။ အားနာတယ်ဆိုတာ ကိုယ့်လုပ်ရပ်ကြောင့် သူများထိခိုက်နစ်နာသွားရင် အားနာရမယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိရင် အားနာစရာမလိုပါဘူး။ ပြတ်ပြတ်သားသားပဲပြောဆို ၊ လုပ်ကိုင်ပါ။ ပတ်ဝန်းကျင်မှာ ကိုယ်က ချစ်တဲ့သူ ၊ ကိုယ့်ကိုချစ်တဲ့ လူတွေနဲ့ပဲ ဝန်းရံနေပါစေ။ စိတ်အနှောင့်ယှက်စြ်
စရာလူတွေ ရှင်းထုတ်ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ရှင်သန်ပါ။ ရခဲလှတဲ့ လူ့ဘဝမှာ စိတ်ညစ်စရာ အရှုပ်ထုပ်တွေကြားမှာပဲ နေသွားချင်လား … အေးဆေး ငြိမ်းချမ်းစွာပဲဖြတ်သန်းချင်လား .. ကိုယ့်လမ်းကိုယ် ရွေးချယ်ပါ… 🙂

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.