ဘယ္ဘက္ေစာင္းအိပ္ေပးတာက သင့္ခႏၶာကုိယ္အတြက္ ဒီလုိအက်ိဳး်ေက်းဇူးေတြရရွိေစ

တစ္ေန႔တာရဲ႔အနားယူတဲ႔အခိ်န္၊ညအိပ္စက္ခ်ိန္ဟာ အရမ္းအေရးၾကီးပါတယ္။ညအိပ္ခ်ိန္ဟာ ခႏၶာကုိယ္ရဲ ႔ကုန္ဆံုးသြားတဲ႔အားအင္ေတြကုိျပန္လည္ျဖည့္တင္းေပးျပီးခႏၶာကုိယ္ အစိတ္အပုိင္းေတြကုိယ္စီအလုပ္လုပ္ၾကတဲ႔အခ်ိန္ပါ။အိပ္စက္တယ္ဆိုတဲ႔ေနရာမွာလည္း အိပ္စက္ပံုအေနအထားက အေရးပါေနပါေသးတယ္။သိပၸံပညာသီအုိရီအရ ညအိပ္တဲ႔အခါ ဘယ္ဘက္ေစာင္းအိပ္တဲ႔အေနအထားကုိယူမယ္ဆုိရင္ ရရွိႏုိင္မယ့္အက်ိဳးေက်းဇူး
၆ခုရွိပါတယ္တဲ႔။ဘယ္လိုအက်ိဳးေက်းဇူးေတြရမလဲဆုိရင္…

၁) lymphatic system ကုိတိုးတက္ေကာင္းမြန္ေစတယ္
lymphatic system ဆိုတာ ခႏၶာကုိုယ္ရဲ ႔အေရးၾကီးအခန္းကဏၰာကေန ပါ၀င္ေနပါတယ္။ ခႏၶာကုိယ္ထဲက စြန္႔ပစ္ဖုိ႔လိုတာေတြ၊အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးတဲ႔အလုပ္ကုိ တာ၀န္ယူထားတာပါ။ကြ်မ္းက်င္သူေတြရဲ ႔အဆိုအရ lymphatic system ရဲ ႔အၾကီးဆံုး lymphatic ၾကြက္သားthoracic duct ဟာ ခႏၶာကုိယ္ရဲ႔ဘယ္ဘက္ျခမ္းမွာရွိပါတယ္။ အဲ႔ဒါေၾကာင့္ညအိပ္စက္တဲ႔အခ်ိန္ ဘယ္ဘက္ေစာင္းအိပ္ေပးမယ္ဆိုရင္ တစ္ျခားအခ်ိန္ေတြထက္
ပုိျပီးအက်ိဳးရွိေစပါတယ္။အဆီေတြ၊ပရုိတင္းေတြ၊တစ္ျခားအေရးၾကီးအရာေတြကုိ သင့္ခႏၶာကုိယ္တစ္ရွဴးေတြထဲပုိ႔ေဆာင္တဲ႔အခါမွာလည္း lymphatic system က ကူညီေပးတဲ႔အတြက္ ဘယ္ဘက္ေစာင္းအိပ္တဲ႔အခါမွာ အဲ႔ဒီအာဟာရဓာတ္ေတြကုိ ဆဲလ္ေတြကလ်င္ျမန္စြာစုပ္ယူႏုိင္ပါတယ္။

၂)သရက္ရြက္ရဲ ႔လုပ္ေဆာင္ခ်က္ကုိပုိေကာင္းလာေစတယ္
lymphatic system ရဲ ႔အၾကိးမားဆံုးအစိတ္အပုိင္းက သရက္ရြက္ပါ။သရက္ရြက္ကလည္း ခႏၶာကုိယ္ဘယ္ဘက္ျခမ္းမွာရွိပါတယ္။အဲ႔ဒါေၾကာင့္သင္ဘယ္ဘက္ေစာင္းအိပ္တဲ့ အခါမွာ သရက္ရြက္က အလုပ္ကုိ ပုိျပီးေကာင္းမြန္စြာလုပ္ေဆာင္ႏုိင္တယ္လို႔ေလ့လာေတြ႔ရွိရပါတယ္။
ဘာလုိ႔လဲဆုိရင္ ဆြဲအားေၾကာင့္ပါတဲ႔။ဘယ္ဘက္ေစာင္းအိပ္တဲ႔အခ်ိန္မွာ ေသြးစီးဆင္းမႈက သရက္ရြက္ဆီေရာက္လာတာျဖစ္လို႔ မသန္႔စင္တဲ႔အညစ္အေၾကးေတြကုိ လ်င္ျမန္စြာစစ္ထုတ္ႏုိင္ပါတယ္။

၃)စြန္႔ပစ္ပစၥည္းေတြကုိ သင့္တင့္မ်ွတစြာဖယ္ရွားေပးႏုိင္တယ္

ေသးငယ္တဲ႔အူလမ္းေၾကာင္းနဲ႔ၾကီးမားတဲ႔အူလမ္းေၾကာင္း ႏွစ္ခုၾကားက ဆက္စပ္မႈလမ္းေၾကာင္း ဟာ ခႏၶာကိုယ္ရဲ ႔ဘယ္ဘက္ျခမ္းမွာရွိပါတယ္။ဘယ္ဘက္ေစာင္းအိပ္တဲ႔အခါမွာ ဆြဲအားေၾကာင့္ စြန္႔ပစ္ပစၥည္းေတြကုိ အူလမ္းေၾကာင္းေသးကေန အူလမ္းေၾကာင္းအၾကီးဆီကုိ လြယ္လြယ္ကူကူ
ေရြ႔ေျပာင္းလာႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္ ခႏၶာကုိယ္ထဲကစြန္႔႔ပစ္ပစၥည္းေတြကုိ ျမန္ျမန္ဆန္ဆန္နဲ႔သီးျခားစီခြဲထုတ္ကာဖယ္ရွားေပးႏုိင္လာျခင္းျဖစ္ပါတယ္။

၄)ညအခ်ိန္ရင္ပူရင္ဆာျဖစ္ျခင္းကုိ ေလ်ွာ့ခ်ေပးတယ္
မၾကာခဏဆုိသလို ရင္ပူရင္ဆာျဖစ္တာမ်ိဳးခံစားေနရရင္ ညဘက္အိပ္တဲ႔အခါ ဘယ္ဘက္ကို ေစာင္းအိပ္ၾကည့္ပါ။ဘယ္ဘယ္ေစာင္းအိပ္တဲ႔အခါမွာသင့္အစာအိမ္က cardiac sphincter ဆုိတဲ့ေနရာေအာက္ကုိေရာက္သြားပါလိမ့္မယ္။ပံုမွန္အတုိင္းဆုိရင္ cardiac sphincter က အစာအိမ္ရဲ ႔အေပၚဘက္ျခမ္းမွာရွိတာပါ။ဘယ္ဘက္ေစာင္းအိပ္လိုက္တဲ႔အတြက္ သင့္ရဲ ႔အစာျပြန္နဲ႔အစာအိမ္ကုိခ်ိတ္ဆက္ေပးထားတဲ႔ေနရာ cardiac sphincter ဆိုိတဲ႔ေနရာရဲ ႔ေအာက္နားကို အစာအိမ္ေရာက္သြားပါလိမ့္မယ္။အဲ႔ဒါက မၾကာခဏဆုိသလို ရင္ပူရင္ဆာျဖစ္တာ၊ညအခိ်န္ရင္ပူရင္ဆာျဖစ္တာကုိေလ်ွာ့ခ်ေပးႏုိင္ပါတယ္။

၅)သင့္အသည္းကုိ၀န္ပုိထမ္းေဆာင္ျခင္းမွ ကာကြယ္ေပးႏုိင္တယ္
ခႏၶာကုိယ္ရဲ ႔ညာဘက္ျခမ္းမွာရွိတဲ႔အသည္းက ညာဘက္ေစာင္းအိပ္တဲ႔အခါ ပုိျပီးအားစုိက္ရပါတယ္တဲ႔။ဘယ္ဘက္ေစာင္းအိပ္တဲ႔အခါမွာေတာ့ သင့္ရဲ ႔အသည္း ဆီကုိ အဆိပ္အေတာက္ေတြ၊တစ္ျခားနာက်င္ေစမယ့္အရာေတြမေရာက္ေတာ့ပဲ အသည္းရဲ ႔လုပ္ေဆာင္ခ်က္ကုိ၀န္ပိေစတာကေန ကာကြယ္ေပးပါတယ္။

၆)နွလံုးအတြက္ေကာင္းမြန္ေစတယ္
ဘယ္ဘက္ျခမ္းမွာရွိတဲ႔ႏွလံုးဟာ အဆုတ္ကေန ေသြးလက္ခံရရွိျပီး အလုပ္လုပ္ပါတယ္။ အဲ႔ဒါေၾကာင့္ ဘယ္ဘက္ကုိေစာင္းအိပ္တဲ႔အခါမွာနွလံုးရဲ ႔အလုပ္ကုိပုိုျပီးလြယ္ကူေအာင္ ကူညီေပးနုိင္ျပီးပုိျပီးအက်ိဳးရွိေစပါတယ္။ဘယ္ဘက္ေစာင္းအိပ္တဲ႔အခါ ဆြဲအားေၾကာင့္ ေသြးတြင္းစနစ္ရဲ ႔လုပ္ေဆာင္ခ်က္ကုိလြယ္ကူေအာင္နဲ႔သက္သက္သာသာျဖစ္ေအာင္ ကူညီေပးႏုိင္တာျဖစ္ပါတယ္။ခႏၶာကုိယ္အစိတ္အပိုင္းေတြအလုပ္လုပ္ရတာ လြယ္ကူသက္သာေအာင္ ကူညီေပးတာက သင့္က်န္းမာေရးအတြက္ေကာင္းမြန္ေစပါတယ္။

ဒါေတြက သင့္ရဲ ႔က်န္းမာေရးကုိကူညီေပးႏုိင္တဲ႔ ဘယ္ဘက္ေစာင္းအိပ္ေပးျခင္းရဲ ႔အက်ိဳးေက်းဇူး ေတြ ပဲျဖစ္ပါတယ္။

Unicode

တစ်နေ့တာရဲ့အနားယူတဲ့အချိန်၊ညအိပ်စက်ချိန်ဟာ အရမ်းအရေးကြီးပါတယ်။ညအိပ်ချိန်ဟာ ခန္ဓာကိုယ်ရဲ ့ကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးပြီးခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုယ်စီအလုပ်လုပ်ကြတဲ့အချိန်ပါ။အိပ်စက်တယ်ဆိုတဲ့နေရာမှာလည်း အိပ်စက်ပုံအနေအထားက အရေးပါနေပါသေးတယ်။သိပ္ပံပညာသီအိုရီအရ ညအိပ်တဲ့အခါ ဘယ်ဘက်စောင်းအိပ်တဲ့အနေအထားကိုယူမယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးကျေးဇူး
၆ခုရှိပါတယ်တဲ့။ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုရင်…

၁) lymphatic system ကိုတိုးတက်ကောင်းမွန်စေတယ်
lymphatic system ဆိုတာ ခန္ဓာကိုုယ်ရဲ ့အရေးကြီးအခန်းကဏ္ဏာကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲက စွန့်ပစ်ဖို့လိုတာတွေ၊အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အလုပ်ကို တာဝန်ယူထားတာပါ။ကျွမ်းကျင်သူတွေရဲ ့အဆိုအရ lymphatic system ရဲ ့အကြီးဆုံး lymphatic ကြွက်သားthoracic duct ဟာ ခန္ဓာကိုယ်ရဲ့ဘယ်ဘက်ခြမ်းမှာရှိပါတယ်။ အဲ့ဒါကြောင့်ညအိပ်စက်တဲ့အချိန် ဘယ်ဘက်စောင်းအိပ်ပေးမယ်ဆိုရင် တစ်ခြားအချိန်တွေထက်
ပိုပြီးအကျိုးရှိစေပါတယ်။အဆီတွေ၊ပရိုတင်းတွေ၊တစ်ခြားအရေးကြီးအရာတွေကို သင့်ခန္ဓာကိုယ်တစ်ရှူးတွေထဲပို့ဆောင်တဲ့အခါမှာလည်း lymphatic system က ကူညီပေးတဲ့အတွက် ဘယ်ဘက်စောင်းအိပ်တဲ့အခါမှာ အဲ့ဒီအာဟာရဓာတ်တွေကို ဆဲလ်တွေကလျင်မြန်စွာစုပ်ယူနိုင်ပါတယ်။

၂)သရက်ရွက်ရဲ ့လုပ်ဆောင်ချက်ကိုပိုကောင်းလာစေတယ်
lymphatic system ရဲ ့အကြိးမားဆုံးအစိတ်အပိုင်းက သရက်ရွက်ပါ။သရက်ရွက်ကလည်း ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာရှိပါတယ်။အဲ့ဒါကြောင့်သင်ဘယ်ဘက်စောင်းအိပ်တဲ့ အခါမှာ သရက်ရွက်က အလုပ်ကို ပိုပြီးကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်လို့လေ့လာတွေ့ရှိရပါတယ်။
ဘာလို့လဲဆိုရင် ဆွဲအားကြောင့်ပါတဲ့။ဘယ်ဘက်စောင်းအိပ်တဲ့အချိန်မှာ သွေးစီးဆင်းမှုက သရက်ရွက်ဆီရောက်လာတာဖြစ်လို့ မသန့်စင်တဲ့အညစ်အကြေးတွေကို လျင်မြန်စွာစစ်ထုတ်နိုင်ပါတယ်။

၃)စွန့်ပစ်ပစ္စည်းတွေကို သင့်တင့်မျှတစွာဖယ်ရှားပေးနိုင်တယ်

သေးငယ်တဲ့အူလမ်းကြောင်းနဲ့ကြီးမားတဲ့အူလမ်းကြောင်း နှစ်ခုကြားက ဆက်စပ်မှုလမ်းကြောင်း ဟာ ခန္ဓာကိုယ်ရဲ ့ဘယ်ဘက်ခြမ်းမှာရှိပါတယ်။ဘယ်ဘက်စောင်းအိပ်တဲ့အခါမှာ ဆွဲအားကြောင့် စွန့်ပစ်ပစ္စည်းတွေကို အူလမ်းကြောင်းသေးကနေ အူလမ်းကြောင်းအကြီးဆီကို လွယ်လွယ်ကူကူ
ရွေ့ပြောင်းလာနိုင်ပါတယ်။အဲ့ဒါကြောင့် ခန္ဓာကိုယ်ထဲကစွန့့်ပစ်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့သီးခြားစီခွဲထုတ်ကာဖယ်ရှားပေးနိုင်လာခြင်းဖြစ်ပါတယ်။

၄)ညအချိန်ရင်ပူရင်ဆာဖြစ်ခြင်းကို လျှော့ချပေးတယ်
မကြာခဏဆိုသလို ရင်ပူရင်ဆာဖြစ်တာမျိုးခံစားနေရရင် ညဘက်အိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်ကြည့်ပါ။ဘယ်ဘယ်စောင်းအိပ်တဲ့အခါမှာသင့်အစာအိမ်က cardiac sphincter ဆိုတဲ့နေရာအောက်ကိုရောက်သွားပါလိမ့်မယ်။ပုံမှန်အတိုင်းဆိုရင် cardiac sphincter က အစာအိမ်ရဲ ့အပေါ်ဘက်ခြမ်းမှာရှိတာပါ။ဘယ်ဘက်စောင်းအိပ်လိုက်တဲ့အတွက် သင့်ရဲ ့အစာပြွန်နဲ့အစာအိမ်ကိုချိတ်ဆက်ပေးထားတဲ့နေရာ cardiac sphincter ဆိိုတဲ့နေရာရဲ ့အောက်နားကို အစာအိမ်ရောက်သွားပါလိမ့်မယ်။အဲ့ဒါက မကြာခဏဆိုသလို ရင်ပူရင်ဆာဖြစ်တာ၊ညအချိန်ရင်ပူရင်ဆာဖြစ်တာကိုလျှော့ချပေးနိုင်ပါတယ်။

၅)သင့်အသည်းကိုဝန်ပိုထမ်းဆောင်ခြင်းမှ ကာကွယ်ပေးနိုင်တယ်
ခန္ဓာကိုယ်ရဲ ့ညာဘက်ခြမ်းမှာရှိတဲ့အသည်းက ညာဘက်စောင်းအိပ်တဲ့အခါ ပိုပြီးအားစိုက်ရပါတယ်တဲ့။ဘယ်ဘက်စောင်းအိပ်တဲ့အခါမှာတော့ သင့်ရဲ ့အသည်း ဆီကို အဆိပ်အတောက်တွေ၊တစ်ခြားနာကျင်စေမယ့်အရာတွေမရောက်တော့ပဲ အသည်းရဲ ့လုပ်ဆောင်ချက်ကိုဝန်ပိစေတာကနေ ကာကွယ်ပေးပါတယ်။

၆)နှလုံးအတွက်ကောင်းမွန်စေတယ်
ဘယ်ဘက်ခြမ်းမှာရှိတဲ့နှလုံးဟာ အဆုတ်ကနေ သွေးလက်ခံရရှိပြီး အလုပ်လုပ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါမှာနှလုံးရဲ ့အလုပ်ကိုပိုုပြီးလွယ်ကူအောင် ကူညီပေးနိုင်ပြီးပိုပြီးအကျိုးရှိစေပါတယ်။ဘယ်ဘက်စောင်းအိပ်တဲ့အခါ ဆွဲအားကြောင့် သွေးတွင်းစနစ်ရဲ ့လုပ်ဆောင်ချက်ကိုလွယ်ကူအောင်နဲ့သက်သက်သာသာဖြစ်အောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။

ဒါတွေက သင့်ရဲ ့ကျန်းမာရေးကိုကူညီပေးနိုင်တဲ့ ဘယ်ဘက်စောင်းအိပ်ပေးခြင်းရဲ ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

200 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.