(Unicode)
နှစ်ဦးနှစ်ဖက်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက အသေးစိတ်ပြောပြခဲ့ပါတယ်…
Park Yoochun နဲ့ Hwang Hana တို့ ဆက်လက်ပြီး လက်တွဲဖို့မရှိတော့တာကြောင့်မင်္ဂလာပွဲကိုလည်းဖျက်သိမ်းလိုက်ပါပြီလို့ ပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။နှစ်ယောက်လုံးရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကတော့ သူတို့အမုန်းနဲ့ လမ်းခွဲလိုက်တာမဟုတ်လို့ တစ်ယောက်နဲ့တစ်ယောက် အခင်မင်မပျက် ၊ သူမကလည်း ပရိတ်သတ်
တစ်ယောက်အနေနဲ့ ဆက်လက်ရှိနေဦးမှာပါလို့ ဆိုပါတယ်။
” သူတို့မကြာသေးခင်ကမှ ပြတ်သွားတာပါ။ မင်္ဂလာပွဲကိုလည်း ဖျက်သီးလိုက်ပြီ။ လမ်းခွဲရတဲ့အကြောင်းရင်းကိုတော့ သေချာမသိရပေမယ့် သူတို့နှစ်ယောက်လုံး ကြည်ကြည်ဖြူဖြူနဲ့ပဲလမ်းခွဲလိုက်ကြတာပါ .. Hwang Hana ကလည်း Park Yoochun ရဲ့ ပရိတ်သတ်အဖြစ် ဆက်လက်ရှိနေမှာပါ” လို့ ပြောပါတယ်။
Park Yoochun နဲ့ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးဟာ အပြင်က ရိုးရိုးမိန်းကလေးတစ်ယောက်ပဲဖြစ်ပြီး သူတို့စဒိတ်ခဲ့တာ ၂ဝ၁ရခုနှစ် ဧပြီလောက်ကဖြစ်ပါတယ်။ စက်တင်ဘာလမှာ သူတို့လက်ထပ်တော့မယ်လို့ ပရိတ်သတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။ အခုတော့ မင်္ဂလာပွဲကို Hwang Hana ဘက်က မင်္ဂလာပွဲကိုစဖျက်တာလို့ကောလဟလတွေထွက်လာတာကိုလည်း သူမငြင်းဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ကိုလိုက်ဖက်တယ်လို့ ပရိတ်သတ်တိုင်းကလည်း သဘောတူထားကာမှ ခုလိုသတင်းထွက်လာတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။