မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့ဝေဖန်ခံနေရတဲ့ IU အစား ပရိသတ်တစ်ယောက်ကပြန်တုံ့ပြန်ပေးခဲ့
Unicode
တောင်ကိုရီးယားနိုင်ငံဟာ မျက်နှာခွဲစိတ်ပြုပြင်တာနဲ့ပတ်သက်ပြီးနာမည်ကြီးပါတယ်။ အဆိုတော်၊ သရုပ်ဆောင်အတော်များများဟာလည်း မလှတဲ့မျက်နှာအစိတ်အပိုင်းတွေကိုသွားပြီး ပြုပြင်လေ့ ရှိကြပါတယ်။အဲ့ဒါကြောင့် တောင်ကိုရီးယားနိုင်ငံက မင်းသား၊မင်းသမီးတွေဆိုရင် အကုန်ချောမော လှပပြီးချစ်စရာကောင်းနေကြလို့ သဘာဝအလှလား ခွဲစိတ်ပြုပြင်ထားလို့လှနေတာလားဆိုပြီး တွေးရခက်ခက်ပါပဲ။မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့သတင်းထွက်နေတဲ့အထဲမှာ အဆိုတော် မင်းသမီးချောလေး IU လေး အပါအဝင်ပါပဲ။သူမရဲ ့ပွဲဦးထွက်ဖျော်ဖြေပွဲကဓာတ်ပုံတွေနဲ့
အခုနောက်ပိုင်းဓာတ်ပုံတွေကိုယှဉ်ပြပြီးခွဲစိတ်ပြုပြင်ထားတယ်လို့ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒါတင်မကဘူး။IU က အသားဖြူဆေးပါထိုးထားတယ်ဆိုပြီးကောလဟာလတွေထွက်ရှိခဲ့တာပါ။
အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီး IU က ဘာမှတုံ့ပြန်ပြောဆိုခြင်းမရှိပေမဲ့ သူမရဲ ့့ပရိသတ်တစ်ယောက်ကတော့ မခံနိုင်ပဲပြန်တုံ့ပြန်ခဲ့ပါတယ်။IU ရဲ ့ပွဲဦးထွက်ဖျော်ဖြေပွဲက ဓာတ်ပုံနဲ့အခုနောက်ပိုင်းဓာတ်ပုံတွေကိုနှိုင်းယှဉ်ပြီး ပလတ်စတစ်ဆာဂျရီ လုပ်ထားတယ်၊ အသားဖြူဆေး သုံးထားတယ်လို့ဝေဖန်ထားတဲ့အပေါ် ထိုပရိသတ်က တကယ်တော့ အဲ့ဒီတုန်းကဖျော်ဖြေပွဲဟာ သီချင်းနဲ့လိုက်ဖက်အောင် တမင်တကာအမှောင်ခန်းသုံးထားတာဖြစ်ပြီး
ရှိုးပွဲစီစဉ်သူတွေက သူမရဲ ့မျက်နှာကိုပိုပြီးရင့်သယောင်ထင်ရစေဖို့ dark makeup ကိုသုံးခိုင်းခဲ့တာဖြစ်တယ်လို့ပြန်ရှင်းပြထားပါတယ်။
ရှိုးပွဲမတိုင်ခင် သူမရဲ ့ဓာတ်ပုံတွေကိုကြည့်လိုက်ရင် ဖြူဖျော့နေတဲ့အသားအရည် ကိုမြင်တွေ့နိုင်ပါတယ်။ဆရာဝန်တွေကလည်း အသားဖြူဆေးထိုးတာဟာ
ခဏတာပဲခံပါတယ်။လူတစ်ယောက်ရဲ ့အသားအရောင်ကိုဖြူဖွေးတောက်ပအောင် အမြဲတမ်းလုပ်လို့မရပါဘူးလို့ပြောပြခဲ့ပါတယ်။ရှိုးပွဲမတိုင်ခင်က ပုံတွေကို
ပြန်ကြည့်လိုက်ရင် သူမရဲ ့အသားအရည်က မည်းမနေပဲ တစ်ခြားကိုရီးယားသူတွေ ထက်အနည်းငယ်ပိုဖြူပြီးတောက်ပနေတာကိုမြင်တွေ့နိုင်ပါတယ်။
IU ရဲ ့မျက်လုံးကိုလည်းခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့သတင်းအပေါ် သူမရဲ ့၂၀၀၂ ကနေ ၂၀၀၈ ၊၂၀၁၃ အထိ ပုံတွေယှဉ်ပြီး ဘာမှမခွဲစိတ်ထားကြောင်းထိုပရိသတ်ကသက်သေပြခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့ဓာတ်ပုံအတူရိုက်ထားတဲ့ပုံကိုလည်းထောက်ပြပြီးဝေဖန်ခဲ့ကြပေမဲ့
မူရင်းပုံကိုကြည့်လိုက်ရင် ‘ID Esthetics and is a dermatology clinic.”ဆိုပြီးရေးထားတာမြင်တွေ့ရပါတယ်။သူမရဲ ့အသားအရည်ကိုဂရုစိုက်တဲ့အနေနဲ့
သွားခဲ့ရုံပါပဲလို့သူမရဲ့အေဂျင်စီကလည်းရှင်းပြခဲ့ပါတယ်။မေးရိုးပြုပြင်ဖို့သွားတယ်လို့ပြောနေကြပေမဲ့ တကယ်လို့မေးရိုးခွဲစိတ်ပြုပြင်ရင် ပြန်ကောင်းဖို့အတွက်အချိန်အတော်ကြာယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ IU က သူမရဲ့ဖျော်ဖြေပွဲတွေ၊လှုပ်ရှားမှုတွေတောက်လျှောက်လုပ်နေပြီးဘယ်တုန်းက မှအနားမယူခဲ့ပါဘူး။အဲ့ဒါကြောင့်မေးရိုးပြုပြင်ထားတယ်ဆိုတဲ့သတင်းကလည်း ကောလဟာလပါပဲလို့ သက်သေပြထားပါတယ်။
ဟိုးအရင်တုန်းကပုံတွေနဲ့လက်ရှိပုံတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် IU က ကိုယ်အလေးချိန် စစ်သွားပြီး မိတ်ကပ်အပြင်အဆင်ကျွမ်းကျင်လာတာကြောင့်ပိုလှလာတာကိုတွေ့မြင်ရမှာဖြစ်ပြီး သေချာကြည့်မယ်ဆိုရင် ဘာတစ်ခုမှပြုပြင်ထားတာမဟုတ်တဲ့ IU ရဲ ့သဘာဝအလှကို မြင်တွေ့နိုင်ပါတယ်။လတ်တလောအနုပညာလှုပ်ရှားမှုကိုပြောရမယ်ဆိုရင် IU က ဒီ ၂၀၁၈ အတွင်းမှာ “My Mister”(My Ahjussi) ဇာတ်လမ်းတွဲကို Lee Sun-kyun ၊Lee Ji-ah တို့နဲ့
တွဲဖက်ပြီးရိုက်ကူးထားပါတယ်။သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ Moon Lovers: Scarlet Heart Ryeo ဇာတ်လမ်းတွဲဟာလညး် အရမ်းအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ခုပါ။အခု Hyori’s Homestay တီဗီအစီအစဉ်မှာလည်း ပါဝင်ရိုက်ကူးနေပါတယ်။ပရိသတ်တွေအတွက် IU ရဲ ့ချစ်စဖွယ်ပုံရိပ်လေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။
527 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.