ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပြီးရိုးရှင်းစွာပဲနေထိုင်တတ်ကြတဲ့မိန်းကလေးတွေရဲ့သူတို့ကိုကိုတွေအပေါ်စိုးရိမ်စိတ်တွေက

(၂) စိတ်ယိုင်သွားမှာ
တကယ်တော့ ကိုယ့်ရဲ့ဘာကိုမှမကြည့်ပဲကိုယ်ဆိုတဲ့စိတ်လေးနဲ့ပဲရိုးရှင်းစွာအချစ်တွေပေးတတ်တဲ့ ခပ်ရိုးရိုး ကောင်မလေးတွေတစ်ယောက်သင့်နားမှာရှိနေပြီဆိုရင်ဒါဟာ သင်တို့ယောင်္ကျားလေးတွေအတွက်ဘယ်တော့မှမရိုးနိုင်တဲ့ မိန်းကလေးဖြစ်ကြောင်းသူတို့ခံစားသိရှိအောင်ပြောပြ၊လုပ်ပြပေးဖို့လိုနေပါပြီ…

Unicode

တစ်ချို့သောမိန်းကလေးတွေကကိုယ့်ချစ်သူကိုချစ်တာတစ်ခုပဲသိပြီး ဘယ်လိုချစ်ပြရမလဲဆိုတာမသိတတ်ကြပါဘူး။ အေးအေးချမ်းချမ်းနဲ့ရိုးရှင်းစွာပဲနေထိုင်တတ်တဲ့အနေအေးတဲ့မိန်းကလေးတွေဟာသူတို့ရဲ့စရိုက်အရ သာအနေအေးကျပေမဲ့တစ်ခါတလေမှာတော့ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီးဘယ်လိုစိုးရိမ်စိတ်ကလေးတွေနဲ့နေထိုင်နေတတ်ကြသလဲဆိုတာ…
(၁) ကိုယ့်အပေါ်ရိုးသွားမှာ
မိန်းကလေးတော်တော်များများဟာတကယ်ချစ်မိရင် ကိုယ့်ချစ်သူကောင်လေးကို မတရားသဝန်တိုစိတ်တွေပူတတ်ကြပါတယ်။ ဒီလိုစိတ်ပူတာတွေဟာ ကိုယ့်ရဲ့ရိုးရှင်းတဲ့နေထိုင်မှုပုံစံကြောင့် ကိုယ့်ချစ်သူကြာရင်ရိုးသွားမှာကိုကြောက်နေကြတာဖြစ်ပြီ တစ်ခါတစ်လေကိုယ့်ချစ်သူကမင်းသမီးတစ်ယောက်ကိုချစ်စရာကောင်းတယ်ပြောရင်တောင်စိတ်မကောင်းဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့်ဒီလိုကိုယ့်ချစ်သူအကြောင်းကိုသိတဲ့ကောင်လေးတွေဟာဘယ်ကောင်မလေးကိုချစ်စရာကောင်းတယ်ပြောပြီးပြောပြီးကိုယ့်ချစ်သူလေးကအလှဆုံးချစ်စရာအကောင်းဆုံးဆိုတာလေးထည့်ပြောပေးသင့်ပါတယ်။
(၂) စိတ်ယိုင်သွားမှာ
တစ်ခြားမိန်းကလေးတစ်ယောက်၊ ကိုယ့်ထက်လှတယ်ပြည့်စုံတယ်လို့ထင်ရတဲ့မိန်းကလေးတွေကိုယ့်ကောင်လေးနားမှာရှိနေပြီဆိုရင် အလိုလို ကိုယ့်ချစ်သူစိတ်ယိုင်သွားမှာကိုကြောက်နေတ်ကြပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့ပုံစံထက်ပိုပြည့်စုံတဲ့အဆန်းအသစ်ကိုစွဲလမ်းသွားမလားဆိုတဲ့စိတ်နဲ့ပူပန်တတ်ကြပါသေးတယ်။
(၃) ကိုယ့်ကိုယ်ကိုယ်အားမရတာ
သူတို့ကိုယ်သူတို့လည်းအားမလိုအားမရဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ချစ်သူကကိုယ့်ကိုအချစ်ဆုံးပါ ဘယ်လိုနေနေချစ်ပါတယ်လို့ပြောရင်တောင် မှပဲတစ်ခြားဆွဲဆောင်မှုပြင်းတဲ့မိန်းမပုံစံမျိုးကိုလိုချင်တတ်ကြသေးတာမျိုးပါ။
(၄) မချစ်ဘူးလို့ခံစားရတာ
တစ်ခါတစ်ရံမှာသူတို့ကိုဘယ်လောက်ချစ်တယ်ပြောပြော သူတို့ကောင်လေးတွေကသူတို့ကိုမချစ်ဘူးပဲခံစားနေတတ်ကြတာပါ။ အလုပ်များလို့ဂရုမစိုက်မိတာမျိုး၊ မေ့လျော့သွားတာမျိုးတစ်ခုခုရှိတဲ့အခါ သူတို့ပေါ်စိတ်ကုန်နေတာလားဘာလားညာလားနဲ့တွေးမိတတ်ကြပါတယ်။
(၅) နည်းလမ်းတွေကိုအချိန်မရွေးကြိုးစားလေ့လာနေတတ်ကြတာ
သိပ်ချစ်စရာကောင်းတဲ့ကောင်မလေးတွေပါပဲ။ တစ်ခါတစ်ရံမှာ သူတို့နဲ့မတူညီတဲ့တစ်ခြား ဆွဲဆောင်မှုရှိတဲ့မိန်းကလေးပုံစံမျိုး၊ ချစ်စရာကောင်းတဲ့မိန်းကလေးပုံစံမျိုးကို အတုခိုးပြီး ကျိတ်ပြီးကြိုးစားတတ်ကြပါသေးတယ်။ မလိုဘူးဒီပုံလေးတိုင်းပဲချစ်တယ်ပြောလည်း ကိုယ့်ချစ်သူကိုဆုံးရှုံးရမှာ
ကြောက်တတ်စိတ်နဲ့ကြိုးစားနေတတ်ကြတဲ့ကောင်မလေးတွေပါ။
တကယ်တော့ ကိုယ့်ရဲ့ဘာကိုမှမကြည့်ပဲကိုယ်ဆိုတဲ့စိတ်လေးနဲ့ပဲရိုးရှင်းစွာအချစ်တွေပေးတတ်တဲ့ ခပ်ရိုးရိုး ကောင်မလေးတွေတစ်ယောက်သင့်နားမှာရှိနေပြီဆိုရင်ဒါဟာ သင်တို့ယောကျင်္ားလေးတွေအတွက်ဘယ်တော့မှမရိုးနိုင်တဲ့ မိန်းကလေးဖြစ်ကြောင်းသူတို့ခံစားသိရှိအောင်ပြောပြ၊လုပ်ပြပေးဖို့လိုနေပါပြီ…

33 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.