ဘယ်တော့မှ အကြံညဏ်မတောင်းသင့်တဲ့ လူ(၅)မျိုး

ဘယ်တော့မှအကြံညဏ်မတောင်းသင့်တဲ့လူတန်းစားတွေက ဘဝမှာရှိကိုရှိပါတယ်။ ကံဆိုးရင်အဲ့ဒီ့လူတွေက သင်နဲ့အနီးအနားမှာကိုရှိနေပါဦးမယ်။လူဆိုတာက ဘဝမှာရောက်ရှိလာသမျှ လမ်းဆုံလမ်းခွတွေ၊တွေ့ကြုံရသမျှပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး။တစ်ချိန်ချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ စာနာအားပေးမှု၊ဖေးမကူညီိမှုတွေနဲ့ လျော်ကန်ဖြောင့်မတ်တဲ့အကြံညဏ်တွေကိုလိုအပ်ကြတာချည်းပါပဲ။ ဒီလိုအချိန်တွေရောက်တဲ့အခါ ကိုယ့်အနားမှာတွေ့တဲ့သူတွေဟာ ကိုယ်အကြံညဏ်တောင်းသင့်တဲ့သူတွေဟုတ်မဟုတ်ဆုံးဖြတ်နိုင်ဖို့ကအရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အကြံညဏ်မတောင်းသင့်တဲ့သူတွေက ….

 

သင့်ချစ်သူ

ဟုတ်ပါတယ်။ထိပ်ဆုံးကပါပဲ။ဒါကတော့ သင့်ချစ်သူဟာဘယ်လိုလူမျိုးဖြစ်သလဲဆိုတာနဲ့သက်ဆိုင်ပါတယ်။ အချို့သူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို  အမှန်ကိုမြင်တတ်ပါတယ်။ အမှန်ကိုမြင်တတ်ပြောတတ်လွန်းလို့သင်ကတောင်အမြင်ကပ်ရတဲ့အထိပါပဲ။ သင့်ချစ်သူက အရာရာကိုဝေဖန်ပိုင်းခြား ချိန်ထိုးစဉ်းစားနိုင်တဲ့ညဏ်ရှိမယ်၊သင့်ကိုအတော်အသင့်ချစ်မယ်ဆိုရင်တော့ သူ့ကိုအကြံညဏ်တောင်းလို့ရပါတယ်။အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့လုံးဝအကြံတောင်းဖို့မစဉ်းစာားပါနဲ့။ မလိုလားအပ်တဲ့ပြဿနာတွေနဲု့ပိုမိုရှုပ်ထွေးလာနိုင်လို့ပါ။

 

သင့်ရည်းစားဟောင်း

ဒါကတော့ ရှင်းပါတယ်။စုံတွဲတွေဟာ ချစ်နေတုန်းမှာ အချစ်အတွက်ဖြင့်အသက်ပင်သေသေဖြစ်နေကြသလောက် လမ်းခွဲသွားပြီဆိုရင်တော့ သာသာယာယာလမ်းခွဲတဲ့အတွဲရှားပါတယ်။အေးအေးဆေးဆေးအမုန်းတရားတွေမရှိပဲလမ်းခွဲနိုင်တယ်ဆိုရင်လည်းတစ်ယောက်ယောက်ကတကယ်မချစ်ခဲ့လို့သာဖြစ်ဖို့များပါတယ်။ပြောချင်တာက သင့်ရည်းစားဟောင်းဟာ သင့်ကိုကောင်းစေချင်ဖို့ရာခိုင်နှုန်းနည်းပါတယ်။ ဒါကြောင့်သင့်ရည်းစားဟောင်းဟာလည်း အကြံညဏ်မတောင်းသင့်တဲ့သူတွေထဲမှာတစ်ယောက်အပါအဝင်ပါပဲ။

 

သင်ကချစ်ရတဲ့သူ

တစ်ဖက်သတ်ဆိုတာတစ်ဖက်ကိုသတ်ရင်းကိုယ်ပါသေတာဆိုလား… အဲ့ဒီိလိုသင်ကတစ်ဖက်သတ်ချစ်နေတာတောင်သင့်ကိုပြန်ပြီးအဖက်မလုပ်တဲ့သူဆီကတော့ စကားပြောခွင့်လေးရချင်ရုံနဲ့ အကြံညဏ်သွားတောင်းဖို့စိတ်များတောင်မကူးလိုက်ဖို့ပြောပါရစေ။သင်ဖြစ်နေတဲ့ပြဿနာအတွက်အဖြေရဖို့ရာခိုင်နှုန်းနည်းပြီး နာကျင်မှုတွေသာထပ်ဆောင်းလက်ခံရရှိလိုက်ဖို့က ရာခိုင်နှုန်းများလို့ပါပဲ။

 

လူချင်းမတွေ့ဖူးတဲ့သူငယ်ချင်းတွေ

ခုခေတ်ကြီိှးမှာ Social Media တွေအသုံးပြုသူများလာတာနဲ့အမျှ ကမ္ဘာတစ်ဖက်ခြမ်းကသူတွေနဲ့မိတ်ဆွေသူငယ်ချင်းဖြစ်ဖို့ဆိုတာလည်းလက်ဖျားတစ်ထောက်စာသာကွာဝေးတော့တာပါ။ လူမမြင်ရပဲ သိပ်ကိုခင်မင်ပါတယ်ဆိုတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပေမယ့် တကယ်တော့ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို အပြင်မှာခင်တဲ့သူတွေတောင်အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားလုပ်နေကြတာ လူချင်းမတွေ့ဖူးပဲခင်ပါတယ်ဆိုသူတွေဆီကတော့ဘယ်နည်းနဲ့မှအကြံညဏ်ရောအကူအညီပါမယူသင့်တာအမှန်ပါပဲ။

 

သင့်ကိုတစ်ဖက်သတ်ကြိုက်နေသူ

ဒီလိုလူတွေကလည်း မရခင်ကဖျာလိုလိပ်ထိပ်ပေါ်တင်ဆိုသလို ဘာမဆိုဘာကူညီရမလဲ အဆင်သင့်ဖြစ်နေတတ်တာပါ။ ပြောချင်တာက ကိုယ်သူ့ကိုပြန်ကြိုက်ဖို့စိတ်ကူးမရှိပဲနဲ့တော့ သူ့ဆီကအကြံညဏ်တွေအကူအညီတွေဘာဆိုဘာမှမယူသင့်ပါဘူး။ပြန်ကြိုက်ဖို့စိတ်ကူးမရှိရင်တော့ လိုက်လိုက်လျောလျောကိုမဆက်ဆံသင့်တာပါ။မဟုတ်ရင်နောက်ပိုင်းမှာ ငါကတော့ဘယ်လိုတွေဖေးမကူညီထားရတာဆိုတဲ့စကားသံတွေထွက်မလာဘူးလို့မပြောနိုင်ပါဘူး။လူဆိုတာ ကိုယ်ကိုယ်တိုင်ထက်ပိုပြီးဘယ်သူ့အကြောင်းမှမသိနိုင်ဘူးမဟုတ်လား။

 

အခုပြောပြသွားတာတွေကတော့ဘဝမှာ ဘယ်လိုအခြေအနေမျိုးပဲရောက်နေပါစေ ဘယ်တော့မှအကြံညဏ်မတောင်းသင့်တဲ့လူတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါဖြင့်ဘယ်သူ့ကိုအကြံတောင်းဖို့အသင့်တော်ဆုံးလဲလို့မေးရင်မဆိုင်းမတွပဲ အမေ လို့ ဖြေရမှာပါပဲ။

Unicode Format













344 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.