သင့်ရာသီသွေးကပြောပြနေတဲ့သင့်ကျန်းမာရေးအကြောင်း





(၃) နီညိုရောင်







Unicode

မိန်းကလေးတိုင်းတစ်လတစ်ကြိမ်ခံစားနေရတဲ့ သွေးဆင်းခြင်းကနေမိန်းကလေးတွေရဲ့ကျန်းမာရေးအခြေနေတစ်ချို့ကိုပြောပြပေးနေတတ်တယ်ဆိုတာသင်သိပါသလား။ ရာသီသွေးဆင်းတဲ့ သွေးအရောင်ပေါ်မူတည်ပြီး ဒီမိန်းကလေးရဲ့ကျန်းမာရေးအခြေအနေတစ်ချို့ကိုသိရှိစေတာမလို့ ဘယ်လို သွေးအရောင်ဆိုရင် ဘယ်လိုအခြေနေဆိုတာလေ့လာကြည့်ရအောင်…
(၁) ပန်းရောင်သန်းတဲ့သွေး


ပန်းနုရောင်သွေးနေတဲ့ ဒီလိုရာသီသွေးမျိုးကိုသင်ရဲ့နောက်ဆုံးလာတဲ့ဓမ္မတာမှာမြင်တွေ့ရပြီဆိုရင်တော့ သင်ဟာအမဟိုမုန်းနည်းပါးတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ။ ဒါတင်မကပဲ ဒီလိုသွေးအရောင်ဆင်းတဲ့ အမျိုးသမီးတွေဟာ အရိုးပွရောဂါဖြစ်နိုင်ချေများတာကြောင့် တစ်ခါတစ်လေမဟုတ်ပဲအမြဲလိုလို ဒီလိုပန်းရောင်သန်းနေတဲ့သွေးမျိုးဆင်းရင်တော့သတိထားပေးသင့်ပါတယ်။
(၂) သွေးအကြည်ဖျော့တော့တော့


ဒါကတော့တော်တော်လေးကိုသတိထားရမဲ့သွေးအရောင်မျိုးပါ။ ဒီလိုသွေးမျိုးမများဆုံးဆင်းပြီးဆိုရင်တော့ ဒီအမျိုးသမီးဟာသားအိမ်နဲ့ပတ်သတ်ပြီးကြီးမားတဲ့ရောဂါဖြစ်နိုင်သလို၊ သားဥပြွန်ကင်ဆာလိုအရာမျိုးပါဖြစ်လာနိုင်စေတာမလို့သားဖွားမီးရပ်ဆရာဝန်တွေ ကျွမ်းကျင်တတ်မြောက်သူတွေနဲ့
စစ်ဆေးတာမျိုးတွေလုပ်ပြီး သေချာပြသသင့်ပါတယ်။
(၃) နီညိုရောင်


နီညိုရောင်ကတော့ တစ်ခါတစ်လေ ဘာရယ်မဟုတ်ပဲထွက်တတ်တဲ့သွေးမျိုးပါ။ သိပ်တော့ထွေထွေထူးထူးစိုးရိမ်စရာမလိုပဲ ခန္ဓာကိုယ်ထဲအောင်းနေတဲ့သွေးပုပ်တွေထွက်လာတယ်၊သွေးအဟောင်းတွေဆင်းတယ်လို့ပဲပြောကြပါတယ်။ ဒီလိုလက္ခဏာမျိုးဖြစ်တိုင်းသိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။
(၄) ခဲပစ်ပစ်အနီရောင်အစိုင်အခဲ


ရိုးရိုးသွေးအရည်ဆင်းတာမျိုးမဟုတ်ပဲ သွေးခဲလေးတွေအမျှင်အစလေးတွေပါနေပြီဆိုရင်တော့ဒါဟာ ဟော်မုန်းဓာတ်လျော့နည်းနေတာမျိုးပါ။ နောက်တစ်ခုရှိတာကသားဥြ့ပွန်မှာ အသားလုံးတည်တာ အကျိတ်ပေါက်တာနဲ့သားအိမ်သာထူတာမျိုးတွေဖြစ်နိုင်တာမလို့အသက်အန္တရာယ်ထိခိုက်လောက်အောင်စိုးရိမ်ရတာမျိုးမဟုတ်ပင်မဲ့ ဂရုစိုက်ဖို့တော့လိုပါတယ်။
(၅) ဘယ်ရီသီးအချဉ်လိုအရောင်


ဘယ်ရီသီးလိုအရောင်၊ အချဉ်လိုအရောင်နီကြန့်ကြန့်ပေါ့ဒီလိုအရောင်သွေးမျိုးကိုဆင်းတတ်တဲ့သူတွေအတွက်ကတော့ကျန်းမာရေးသိပ်ကောင်းတဲ့သူတွေပဲလို့ဆိုရပါမယ်။ ထွေထွေထူးထူးရောဂါဘာမှမရှိပဲကျန်းမာရေးကောင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ သူမျိုးသာဆင်းတဲ့သွေးအရောင်
မလို့ ဒီလိုအရောင်လေးကတော့ပုံမှန်အရောင်ပါပဲ။

932 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.