ေဘဘီေလးေတြရွိတဲ႔ေမေမတို႔အတြက္ အိမ္မွာကေလးထိန္းရင္း ၀င္ေငြရေစမယ့္အလုပ္အကုိင္မ်ား

အိမ္ေထာင္ရက္သားက်ျပီး ကေလးေလးလည္းရလာျပီဆုိရင္ ကေလးမူၾကိဳမပုိ႔ခင္အထိ ေမေမေတြကပဲ မ်က္စိတစ္ဆံုးလိုက္ၾကည့္လုိက္ေစာင့္ေရွာက္ေနရတာပါ။တစ္ခ်ိဳ႔ကေတာ့ ကေလးထိန္းငွားျပီး ရံုးအလုပ္ရွိရင္ရံုးအလုပ္သြားၾကပါတယ္။တစ္ခ်ိဳ႔ေမေမ
ေတြက်ေတာ့လည္းကေလးကုိကုိယ္တုိင္ထိန္းခ်င္လို႔အလုပ္နားထားရပါတယ္။အလုပ္နားထားရျပီဆုိကတည္းက ၀င္ေငြတစ္စိတ္တစ္ပုိင္းကေလ်ာ့သြားပါျပီ။ကေလးလည္းရွိေနျပီျဖစ္လို႔ ပုိစုရမယ့္အစား ၀င္ေငြကေလ်ာ့လာပါတယ္။ကေလးအတြက္ကုန္က်မယ့္စရိတ္ကလည္း
ျပန္ၾကည့္ရဦးမွာပါ။ေငြေၾကးအဆင္ေျပတဲ႔ေမေမေတြအတြက္ေတာ့ ကေလးပဲထိန္းရံုဆုိေပမဲ႔ ၀င္ေငြအတြက္စိတ္ပူေနရတဲ႔ေမေမတို႔အတြက္ကေတာ့ ၀င္ေငြရဖုိ႔လိုအပ္ပါတယ္။ အဲ႔ဒါေၾကာင့္အိမ္မွာပဲ ကေလးထိန္းရင္း ၀င္ေငြရေစမယ့္အလုပ္ေလးေတြ မ်ွေ၀ေပးခ်င္ပါတယ္။

၁)ေန႔ကေလးထိန္းေက်ာင္း
ဒီအစီအစဥ္ကေတာ့ ကေလးေလးမေမြးခင္တည္းကၾကိဳျပီးစီစဥ္ထားရင္ပိုေကာင္းပါတယ္။ ကေလးေလးေတြကုိခ်စ္ျပီး ကုိယ္ကလည္းယံုၾကည္ရမယ့္မိတ္ေဆြအခ်ိဳ႔နဲ႔လုပ္ငန္းတူပူးေပါင္းျပီး ေန႔ကေလးထိန္းေက်ာင္းေလးဖြင့္ရင္ ကုိယ့္ကေလးကုိလည္းထိန္းရင္း တစ္ျခား
ကေလးေတြကုိလည္းထိန္းေပးႏုိင္ပါတယ္။ရံုးအလုပ္ထြက္လုိ႔မျဖစ္တဲ႔ေမေမေတြအတြက္လည္း သင့္ရဲ ႔ေန႔ကေလးထိန္းေက်ာင္းကအကူညီေပးနုိင္မွာပါ။တစ္ျခားသူေတြအတြက္ လည္းအကူအညီရသလို သင့္အတြက္လည္း၀င္ေငြရေစမွာအမွန္ပါပဲ။

၂)အြန္လိုင္းဆုိင္
အရင္းအႏွီးတစ္ခ်ိဳ႔ရွိတယ္ဆိုရင္ သင့္ကေလးအတြက္သာမက တစ္ျခားကေလးေလးေတြ အတြက္ပါအသံုး၀င္မယ့္ ကေလးပစၥည္းေလးေတြေရာင္းခ်သင့္ပါတယ္။ ကေလးတစ္ဖက္နဲ႔ဆုိေပမဲ႔ ကေလးအိပ္ေနတဲ႔အခ်ိန္၊ကေလးေဆာ့ေနတဲ႔အခ်ိန္ေလးေတြမွာ ဖုန္းေလးေကာက္ကုိင္ျပီး
ေစ်းေရာင္းရံုပဲမုိ႔လို႔အဆင္ေျပပါတယ္။အျပင္ထြက္ဖုိ႔အဆင္မေျပတဲ႔ေမေမေတြအတြက္လည္းဖုန္းကေနတစ္ဆင့္မွာလို႔ရလို႔ သင့္ဘက္က Deli နဲ႔ပုိ႔ေပးလုိက္ရံုပါပဲ။ဒါ့အျပင္ ေစ်းရံုၾကီးေတြမွာ မ်ားမ်ား၀ယ္မယ္ဆိုရင္ ေစ်းသက္သာလုိ႔ သင့္အတြက္တြက္ေခ်ကိုက္ေစမယ့္အလုပ္ေလးပါ။

၃)ကုိယ္တိုင္လုပ္လက္ေဆာင္ပစၥည္းေလးေတြ…
တစ္ခ်ိဳ႔ေမေမေတြကလက္မႈပစၥည္းေလးေတြလုပ္ရတာ၀ါသနာပါၾကပါတယ္။အဲ႔ဒီလုိ တတ္သည့္ပညာမေနသာဆုိသလို ကိုယ္ကြ်မ္းက်င္တဲ႔ပညာေလးနဲ႔ လက္ေဆာင္ပစၥည္းလွလွ ေလးေတြကုိယ္တိုင္လုပ္ေရာင္းခ်မယ္ဆုိရင္ အားလံုးကလည္းသေဘာက်မွာေသခ်ာပါတယ္။
ဆိုင္ေတြမွာ၀ယ္လို႔ရတဲ႔ပစၥည္းေတြထက္စာရင္စိတ္ကူးေကာင္းေကာင္းေလးနဲ႔လုပ္ထားတဲ႔ကုိယ္တိုင္လုပ္လက္ေဆာင္ပစၥည္းေလးေတြကုိပုိျပီးသေဘာက်တတ္ၾကပါတယ္။ကေလးေလးေတြအတြက္သုိးေမြးအရုပ္ေလးေတြ၊ဖန္စီပစၥည္းလွလွေလးေတြ၊အိမ္အလွဆင္ပစၥည္းေလး
ေတြ၊လက္ကုိင္ပု၀ါေလးေတြ၊သိုးေမႊးပု၀ါေလးေတြစသျဖင့္အမ်ားၾကီးပါပဲ။

၄)နည္းပညာအလုပ္
စာေရးရတာ၀ါသနာပါတယ္၊အုိင္ဒီယာေကာင္းေကာင္းေလးေတြလည္းရွိတယ္ဆိုရင္ ကြန္ပ်ဴတာတစ္လံုးရွိရံုနဲ႔ အိမ္မွာထုိင္ေရးလို႔ရတဲ႔ Freelance content Writer အလုပ္ဆိုတာရွိပါတယ္။ကေလးလည္းထိန္းလို႔ရသလို ကေလးအိပ္ေနတဲ႔အခ်ိန္ ၊ေဆာ့ေနတဲ႔အခ်ိန္ေတြမွာစာေရးေနလို႔ရပါတယ္။ဒီအလုပ္က နည္းနည္းအာရံုစုိက္ရလို႔ ကေလးကုိစိတ္မခ်ဘူးဆုိတဲ႔သူေတြအတြက္ အဆင္မေျပပါဘူးေနာ္။နည္းပညာနဲ႔ပတ္သက္ျပီး အလုပ္လုပ္ရင္းကေန အလုပ္နားထားတဲ႔ေမေမေတြဆိုရင္ေတာ့ ဂရပ္ဖစ္ဒီဇုိင္နာတို႔၊ ၀ဘ္ဆုိက္ဒီဇုိင္နာတို႔ဆုိတာက အိမ္မွာလည္းလုပ္လုိ႔ရတဲ႔ အလုပ္ေလးေတြျဖစ္ပါတယ္။

၅)စာသင္မယ္
ဒါကေတာ့ ပညာေရးနဲ႔ပတ္သက္ျပီးကြ်မး္က်င္တဲ႔ေမေမတု႔ိအတြက္ပါ။ကေလးေလးရွိလာလို႔ ေက်ာင္းမွာစာမသင္ျဖစ္ေတာ့ဘူး၊နားထားတယ္ဆိုရင္ေတာင္ အိမ္မွာ စာသင္လို႔ရပါတယ္။ အိမ္မွာ စာသင္မယ္ဆိုရင္ သြားေရးလာေရးအတြက္ေငြကုန္စရာမလိုတဲ႔အျပင္ အပုိ၀င္ေငြလည္း
ရႏုိင္ပါတယ္။ကေလးကုိလည္း အဆင္ေျပေျပထိန္းလို႔ရလု႔ိ ဒီအလုပ္ကလည္း ဆရာမေမေမေတြအတြက္အဆင္ေျပႏုိင္ပါတယ္။

၆)ဓာတ္ပံုေကာင္းေကာင္းရုိက္တတ္ရင္…
ဒါက သင့္မွာကင္မရာေကာင္းေကာင္းေလးရွိျပီး ဓာတ္ပံုရိုက္တာလည္းကြ်မ္းက်င္မယ္ဆုိရင္ အပုိ၀င္ေငြရနုိင္မယ့္နည္းလမ္းတစ္ခုကေတာ့ဓာတ္ပံုလွလွေလးေတြရိုက္ျပီး အြန္လိုင္းမွာေၾကာ္ျငာပါ။ျပီးရင္သူငယ္ခ်င္းေတြကိုလည္းေျပာပါ။မဂၤလာေဆာင္အၾကိဳဓာတ္ပံုလွလွေလးေတြ၊ဘြဲ႔ဓာတ္ပံု၊မိသားစုဓာတ္ပံု၊အလွဓာတ္ပံုစသျဖင့္ သင့္ရဲ ႔ဓာတ္ပံုရိုက္ကြ်မ္းက်င္မႈ အေပၚအေျခခံျပီး ကမ္းလွမ္းငွားရမ္းတဲ႔သူေတြရွိလာ ပါလိမ့္မယ္။အဲ႔ဒီအခ်ိန္မွာေတာ့ ကေလးကုိအိမ္မွာလူၾကီးေတြနဲ႔ထားဖုိ႔လုိပါတယ္။အခ်ိန္လည္းသိပ္မေပးရတာေၾကာင့္ ကေလးနဲ႔လည္းေန႔တိုင္း၊အခိ်န္တိုင္းေ၀းကြာေနဖုိ႔မရွိပါဘူး။ကေလးလည္း တျဖည္းျဖည္း အရြယ္ေရာက္လာတဲ႔အခိ်န္ သင့္၀င္ေငြေတြလည္း တျဖည္းျဖည္းတုိးပြားလာမွာအမွန္ပါပဲ။

Unicode

အိမ်ထောင်ရက်သားကျပြီး ကလေးလေးလည်းရလာပြီဆိုရင် ကလေးမူကြိုမပို့ခင်အထိ မေမေတွေကပဲ မျက်စိတစ်ဆုံးလိုက်ကြည့်လိုက်စောင့်ရှောက်နေရတာပါ။တစ်ချို့ကတော့ ကလေးထိန်းငှားပြီး ရုံးအလုပ်ရှိရင်ရုံးအလုပ်သွားကြပါတယ်။တစ်ချို့မေမေ
တွေကျတော့လည်းကလေးကိုကိုယ်တိုင်ထိန်းချင်လို့အလုပ်နားထားရပါတယ်။အလုပ်နားထားရပြီဆိုကတည်းက ဝင်ငွေတစ်စိတ်တစ်ပိုင်းကလျော့သွားပါပြီ။ကလေးလည်းရှိနေပြီဖြစ်လို့ ပိုစုရမယ့်အစား ဝင်ငွေကလျော့လာပါတယ်။ကလေးအတွက်ကုန်ကျမယ့်စရိတ်ကလည်း
ပြန်ကြည့်ရဦးမှာပါ။ငွေကြေးအဆင်ပြေတဲ့မေမေတွေအတွက်တော့ ကလေးပဲထိန်းရုံဆိုပေမဲ့ ဝင်ငွေအတွက်စိတ်ပူနေရတဲ့မေမေတို့အတွက်ကတော့ ဝင်ငွေရဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့်အိမ်မှာပဲ ကလေးထိန်းရင်း ဝင်ငွေရစေမယ့်အလုပ်လေးတွေ မျှဝေပေးချင်ပါတယ်။

၁)နေ့ကလေးထိန်းကျောင်း
ဒီအစီအစဉ်ကတော့ ကလေးလေးမမွေးခင်တည်းကကြိုပြီးစီစဉ်ထားရင်ပိုကောင်းပါတယ်။ ကလေးလေးတွေကိုချစ်ပြီး ကိုယ်ကလည်းယုံကြည်ရမယ့်မိတ်ဆွေအချို့နဲ့လုပ်ငန်းတူပူးပေါင်းပြီး နေ့ကလေးထိန်းကျောင်းလေးဖွင့်ရင် ကိုယ့်ကလေးကိုလည်းထိန်းရင်း တစ်ခြား
ကလေးတွေကိုလည်းထိန်းပေးနိုင်ပါတယ်။ရုံးအလုပ်ထွက်လို့မဖြစ်တဲ့မေမေတွေအတွက်လည်း သင့်ရဲ ့နေ့ကလေးထိန်းကျောင်းကအကူညီပေးနိုင်မှာပါ။တစ်ခြားသူတွေအတွက် လည်းအကူအညီရသလို သင့်အတွက်လည်းဝင်ငွေရစေမှာအမှန်ပါပဲ။

၂)အွန်လိုင်းဆိုင်
အရင်းအနှီးတစ်ချို့ရှိတယ်ဆိုရင် သင့်ကလေးအတွက်သာမက တစ်ခြားကလေးလေးတွေ အတွက်ပါအသုံးဝင်မယ့် ကလေးပစ္စည်းလေးတွေရောင်းချသင့်ပါတယ်။ ကလေးတစ်ဖက်နဲ့ဆိုပေမဲ့ ကလေးအိပ်နေတဲ့အချိန်၊ကလေးဆော့နေတဲ့အချိန်လေးတွေမှာ ဖုန်းလေးကောက်ကိုင်ပြီး
စျေးရောင်းရုံပဲမို့လို့အဆင်ပြေပါတယ်။အပြင်ထွက်ဖို့အဆင်မပြေတဲ့မေမေတွေအတွက်လည်းဖုန်းကနေတစ်ဆင့်မှာလို့ရလို့ သင့်ဘက်က Deli နဲ့ပို့ပေးလိုက်ရုံပါပဲ။ဒါ့အပြင် စျေးရုံကြီးတွေမှာ များများဝယ်မယ်ဆိုရင် စျေးသက်သာလို့ သင့်အတွက်တွက်ချေကိုက်စေမယ့်အလုပ်လေးပါ။

၃)ကိုယ်တိုင်လုပ်လက်ဆောင်ပစ္စည်းလေးတွေ…
တစ်ချို့မေမေတွေကလက်မှုပစ္စည်းလေးတွေလုပ်ရတာဝါသနာပါကြပါတယ်။အဲ့ဒီလို တတ်သည့်ပညာမနေသာဆိုသလို ကိုယ်ကျွမ်းကျင်တဲ့ပညာလေးနဲ့ လက်ဆောင်ပစ္စည်းလှလှ လေးတွေကိုယ်တိုင်လုပ်ရောင်းချမယ်ဆိုရင် အားလုံးကလည်းသဘောကျမှာသေချာပါတယ်။
ဆိုင်တွေမှာဝယ်လို့ရတဲ့ပစ္စည်းတွေထက်စာရင်စိတ်ကူးကောင်းကောင်းလေးနဲ့လုပ်ထားတဲ့ကိုယ်တိုင်လုပ်လက်ဆောင်ပစ္စည်းလေးတွေကိုပိုပြီးသဘောကျတတ်ကြပါတယ်။ကလေးလေးတွေအတွက်သိုးမွေးအရုပ်လေးတွေ၊ဖန်စီပစ္စည်းလှလှလေးတွေ၊အိမ်အလှဆင်ပစ္စည်းလေး
တွေ၊လက်ကိုင်ပုဝါလေးတွေ၊သိုးမွှေးပုဝါလေးတွေစသဖြင့်အများကြီးပါပဲ။

၄)နည်းပညာအလုပ်
စာရေးရတာဝါသနာပါတယ်၊အိုင်ဒီယာကောင်းကောင်းလေးတွေလည်းရှိတယ်ဆိုရင် ကွန်ပျူတာတစ်လုံးရှိရုံနဲ့ အိမ်မှာထိုင်ရေးလို့ရတဲ့ Freelance content Writer အလုပ်ဆိုတာရှိပါတယ်။ကလေးလည်းထိန်းလို့ရသလို ကလေးအိပ်နေတဲ့အချိန် ၊ဆော့နေတဲ့အချိန်တွေမှာစာရေးနေလို့ရပါတယ်။ဒီအလုပ်က နည်းနည်းအာရုံစိုက်ရလို့ ကလေးကိုစိတ်မချဘူးဆိုတဲ့သူတွေအတွက် အဆင်မပြေပါဘူးနော်။နည်းပညာနဲ့ပတ်သက်ပြီး အလုပ်လုပ်ရင်းကနေ အလုပ်နားထားတဲ့မေမေတွေဆိုရင်တော့ ဂရပ်ဖစ်ဒီဇိုင်နာတို့၊ ဝဘ်ဆိုက်ဒီဇိုင်နာတို့ဆိုတာက အိမ်မှာလည်းလုပ်လို့ရတဲ့ အလုပ်လေးတွေဖြစ်ပါတယ်။

၅)စာသင်မယ်
ဒါကတော့ ပညာရေးနဲ့ပတ်သက်ပြီးကျွမး်ကျင်တဲ့မေမေတို့အတွက်ပါ။ကလေးလေးရှိလာလို့ ကျောင်းမှာစာမသင်ဖြစ်တော့ဘူး၊နားထားတယ်ဆိုရင်တောင် အိမ်မှာ စာသင်လို့ရပါတယ်။ အိမ်မှာ စာသင်မယ်ဆိုရင် သွားရေးလာရေးအတွက်ငွေကုန်စရာမလိုတဲ့အပြင် အပိုဝင်ငွေလည်း
ရနိုင်ပါတယ်။ကလေးကိုလည်း အဆင်ပြေပြေထိန်းလို့ရလို့ ဒီအလုပ်ကလည်း ဆရာမမေမေတွေအတွက်အဆင်ပြေနိုင်ပါတယ်။

၆)ဓာတ်ပုံကောင်းကောင်းရိုက်တတ်ရင်…
ဒါက သင့်မှာကင်မရာကောင်းကောင်းလေးရှိပြီး ဓာတ်ပုံရိုက်တာလည်းကျွမ်းကျင်မယ်ဆိုရင် အပိုဝင်ငွေရနိုင်မယ့်နည်းလမ်းတစ်ခုကတော့ဓာတ်ပုံလှလှလေးတွေရိုက်ပြီး အွန်လိုင်းမှာကြော်ငြာပါ။ပြီးရင်သူငယ်ချင်းတွေကိုလည်းပြောပါ။မင်္ဂလာဆောင်အကြိုဓာတ်ပုံလှလှလေးတွေ၊ဘွဲ့ဓာတ်ပုံ၊မိသားစုဓာတ်ပုံ၊အလှဓာတ်ပုံစသဖြင့် သင့်ရဲ ့ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အပေါ်အခြေခံပြီး ကမ်းလှမ်းငှားရမ်းတဲ့သူတွေရှိလာ ပါလိမ့်မယ်။အဲ့ဒီအချိန်မှာတော့ ကလေးကိုအိမ်မှာလူကြီးတွေနဲ့ထားဖို့လိုပါတယ်။အချိန်လည်းသိပ်မပေးရတာကြောင့် ကလေးနဲ့လည်းနေ့တိုင်း၊အချိန်တိုင်းဝေးကွာနေဖို့မရှိပါဘူး။ကလေးလည်း တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အချိန် သင့်ဝင်ငွေတွေလည်း တဖြည်းဖြည်းတိုးပွားလာမှာအမှန်ပါပဲ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.