ကုိယ့္အေပၚကုိယ္ထိလက္ေရာက္ထိပါးေနွာင့္ယွက္လာသူကို ဘယ္လိုျပန္ျပီးတု႔ံျပန္မလဲ?

လူေကာင္းေတြရွားပါးလာတဲ႔ေခတ္ၾကီးထဲမွာ မိန္းကေလးေတြအတြက္လည္းေနထုိင္ရတာ မလြတ္လပ္ မလံုျခံဳေတာ့ပါဘူး။ဘယ္ကုိပဲသြားသြားခါးပုိက္ႏႈိက္ရန္ကုိေၾကာက္ရတာ တစ္မ်ိဳး၊ဘတ္စ္ကားစီးရင္လည္း မသမာသူေတြကုိေရွာင္ရတာကတစ္မ်ိဳးနဲ႔ သြားရလာရတာ အဆင္မေျပပါဘူး။အထူးသျဖင့္ဘတ္စ္ကားေပၚမွာတို႔၊လူအရမ္းမ်ားေနတဲ႔ေနရာမ်ိဳးမွာ ကုိယ္ထိလက္ေရာက္ေႏွာင့္ယွက္ခံရရင္ မိန္းကေလးဘက္က ရွက္တာေရာ၊ေၾကာက္တာေရာ
ေရာျပီး ျငိမ္ေနတတ္ပါတယ္။တစ္ခ်ိဳ႔ေျပာရဲဆုိရဲရွိသူေတြကေတာ့ လူအမ်ားသိေအာင္ ေျပာတတ္ၾကပါတယ္။ အရင္ကေတ့ာ အဲ႔ဒီလုိေျပာရဲဆုိရဲရွိၾကေပမဲ့ကုိယ့္ကုိေႏွာင့္ယွက္သူက လက္နက္တစ္စံုတစ္ရာပါလာတဲ႔အခါမွာေတာ့လူကုိအႏၱရာယ္ေပးသြားတတ္ပါတယ္။တစ္ခ်ိဳ႔ကလည္း အဲ႔ဒီလုိေႏွာင့္ယွက္ေနတာသိရင္ တစ္ျခားေနရာတိုးထြက္သြားတာတို႔၊ေရွာင္ေနလိုက္တာတုိ႔၊ မသိလုိက္မသိဘာသာေနရာေျပာင္းလိုက္တာတုိ႔ လုပ္ေလ့ရွိၾကပါတယ္။

အဲ႔ဒီကိစၥနဲ႔ပတ္သက္ျပီးေဆြးေႏြးေျပာဆုိၾကတဲ႔အခါမွာလည္း ကုိယ့္အေပၚေႏွာင့္ယွက္တဲ႔သူကုိ ဘယ္လိုတံု႔ျပန္ရမလဲဆုိတဲ႔ေမးခြန္းကေတာ္ေတာ္မ်ားမ်ားေမးေလ့ရွိၾကတယ္လို႔ေလ့လာေတ႔ြရွိရပါတယ္။လူမ်ားတဲ႔ေနရာေတြ၊အလုပ္ခြင္လိုေနရာေတြ၊အေျခအေနအမ်ိဳးမ်ိဳးနဲ႔
ျဖစ္လာတဲ႔ထိပါးေႏွာင့္ယွက္မႈေတြအတြက္အေကာင္းဆံုးတုံ႔ျပန္ႏုိင္တဲ႔နည္းလမ္းဆုိတာေတာ့မရွိေသးပါဘူး။ဒါေပမဲ႔အသံုး၀င္မယ့္နည္းလမ္းအခ်ိဳ႔ေတာ့ရွိပါတယ္။ကုိယ့္ကိုထိပါးေနွာင့္ယွက္လာရင္ ဘယ္လိုျပန္ျပီးတံု႔ျပန္ရမလဲဆုိတာ တစ္ခ်ိဳ႔ေတြကသိၾကေပမဲ႔ တစ္ခ်ိဳ႔ မိန္းကေလးေတြက်
ေတာ့ မသိၾကပါဘူး။ေၾကာက္လန္႔ျပီးဘာလုပ္လို႔လုပ္ရမွန္းမသိတာေၾကာင့္လည္းပါပါတယ္။

အၾကံေပးခ်င္တာကေတာ့…

၁)စိတ္တည္ျငိမ္ေအာင္ထားျပီး ကုိယ့္ကုိယ္ကုိယ္ယံုၾကည္မႈအျပည့္ထားပါ။မိန္းကေလးေတြဟာ အဲ႔ဒီလုိအေျခအေနနဲ႔ၾကံဳတဲ႔အခါ စိတ္တုန္လႈပ္တတ္ပါတယ္။အဲ႔ဒီကေန ေၾကာက္လန္႔တဲ႔စိတ္ကုိ ေျပာင္းလဲသြားတတ္တာပါ။တကယ္လို႔ အဲ႔ဒီအေျခအေနနဲ႔ၾကံဳတဲ႔အခါစိတ္ကုိအရင္ဆံုး တည္ျငိမ္ေအာင္ ထားပါ။သင့္မ်က္ႏွာမွာ ေၾကာက္လန္႔တဲ႔စိတ္၊စုိးရိမ္ေနတဲ႔စိတ္ေတြမေပၚေစပဲ ယံုၾကည္မႈအျပည့္ရွိျပီး ကုိယ့္ကုိတစ္ခုခုလာလုပ္ရင္ျပန္ျပီးတံု႔ျပန္တတ္တယ္ ဆုိတဲ႔မ်က္ႏွာ ထားမ်ိဳးျဖစ္ေအာင္ ေနပါ။အဲ႔ဒါက တစ္ဖက္လူရဲ ႔စိတ္အေျခအေနကုိတုန္လႈပ္ေစပါတယ္။

၂)မေတာင္းပန္ပါနဲ႔။ဘာလုပ္တာလဲလုိ႔လည္းမေမးပါနဲ႔။သူတို႔ကိုေတာင္းပန္စရာအေၾကာင္းမရွိသလို ေၾကာက္စရာလည္းမလိုပါဘူး။တကယ္လို႔အနီးအနားမွာ တစ္ျခားသူေတြလည္းရွိရင္ သင့္ကိုေႏွာင့္ယွက္တဲ့သူ၀တ္ဆင္ထားတဲ႔အက်ီအေရာင္ျဖစ္ေစ ေနရာျဖစ္ေစ တိတိက်က်ထည့္ေျပာျပီး ငါ့ကုိလာမထိနဲ႔လို႔သာျပတ္ျပတ္သားသားေျပာလိုက္ပါ။ဥပမာ အက်ီအ၀ါေရာင္နဲ႔လူ ငါ့ကုိလာမထိနဲ႔လို႔ေပါ။ အနားမွာလူေတြရွိေနတဲ႔အခါ သင့္ကုိေႏွာ့င္ယွက္ေနတဲ႔သူ ဆက္ျပီးေႏွာင့္ယွက္ရဲမွာမဟုတ္ေတာ့ပါဘူး။

၃) Body language သံုးပါ။ဘာကုိဆိုလိုတာလဲဆုိရင္ ကုိယ့္ကုိမထိတထိေႏွာင့္ယွက္ေနတဲ႔သူကုိ စူးစုိက္ၾကည့္လိုက္ပါ။ရုတ္တရက္မုိ႔လို႔သူလည္းေၾကာင္ျပီး ေရွာင္ထြက္ခ်င္ထြက္ သြားပါလိမ့္မယ္။တစ္ခ်ဳိ႔ရဲတဲ႔သူေတြကေတာ့ ဂရုမစုိက္ပဲေနပါလိ့မ္မယ္။ဥပမာ ဘတ္စ္ကားလို
လူၾကပ္တဲ႔ေနရာမ်ိဳးမွာဆုိရင္ သင္သြားၾကည့္လည္း သူက လူၾကပ္ေနလို႔ တုိးလို႔မရေတာ့ဘူး ဆုိတဲ႔ဒီဇုိင္းနဲ႔ရပ္ေနပါလိမ့္မယ္။အဲ႔ဒီအခါ မ်က္ႏွာကုိအစြမ္းကုန္တင္းမာျပီးၾကည္လင္အားေကာင္းတဲ႔ အသံနဲ႔ ငါ့ကုိလာမထိနဲ႔တို႔၊ငါ့အနားမွာလာမရပ္နဲ႔ ေ၀းေ၀းမွာသြားရပ္တို႔၊ ဒီနားမွာမိန္းကေလးေတြ
ခ်ည္းပဲ တစ္ျခားေနရာမွာသြားရပ္တို႔ စသျဖင့္ျပတ္ျပတ္သားသားေျပာပါ။စကားမေျပာခ်င္ဘူး၊ သင့္ကုိေႏွာင့္ယွက္တဲ႔သူ ကုိလည္းသိတယ္ဆုိရင္ဖိနပ္ခြ်န္နဲ႔တက္နင္းလိုက္တာ၊ လက္နဲ႔တြန္းတိုက္ပစ္လိုက္တာစသျဖင့္လုပ္ပစ္လုိက္ပါ။ျဖစ္နုိင္ရင္တြယ္ခ်ိတ္ေလးေတြေဆာင္ထားဖုိ႔အၾကံေပးခ်င္ပါတယ္။

၄)ေရွာင္ထြက္ဖုိ႔ၾကိဳးစားပါ။သင္ရပ္ေနတဲ႔ေနရာကေနတစ္ျခားေနရာကုိေျပာင္းဖုိ႔အေျခအေနေပးတယ္ ဆိုရင္ ေနရာေျပာင္းလိုက္ပါ။ဒါကေတာ္ရံုျပန္မတံု႔ျပန္ခ်င္တဲ႔သူေတြ ၊ေအးေအးေဆးေဆး ေနတတ္ သူေတြအတြက္အဆင္ေျပဆံုးပါ။သင့္ကုိေႏွာင့္ယွက္တဲ႔သူနဲ႔ေ၀းရာကုိ
ေရွာင္လို႔မရရင္ေတာ့ အေပၚကအခ်က္ေတြအတိုင္းလုပ္ပါ။

၅)Socratic question တစ္ခ်ိဳ႔ေမးလိုက္ပါ။Socratic question ဆုိတာက စည္းကမ္းဥပေဒပုံစံနဲ႔ေမးတာမ်ိဳးပါ။ဥပမာ-သင့္ကုိေႏွာင့္ယွက္သူက သ့င္ရဲ ႔ခႏၶာကုိယ္အစိတ္ အပုိင္းတစ္ခုခုေပၚ လက္ေရာက္တာမ်ိဳး၊လက္တင္ထားတာမ်ိဳးလုပ္ခဲ႔ရင္ ” အိုး
စိတ္၀င္စားစရာပါပဲ။င့ါခႏၶာကုိယ္ေပၚ မင္းလက္တင္လုိ႔ရတယ္၊လက္ေရာက္လုိ႔ရတယ္လို႔ ဘာလုိ႔ထင္ရတာလဲ၊အဲ႔ဒါေလး တစ္ခ်က္ေလာက္ရွင္းျပပါလား ဆုိျပီး လူအမ်ားၾကားေလာက္တဲ႔အသံနဲ႔ေမးလုိက္ပါ။တစ္ျခားသူေတြၾကားတဲ႔အခါမွာ စူးစမ္းျပီးလွည့္ၾကည့္မွာမုိ႔လို႔သင့္အနားကေနထြက္သြားတာမ်ိဳး၊တစ္ဖက္ကုိလွည့္လိုက္တာမိ်ဳးလုပ္လိုက္ပါလိမ့္မယ္။ဒီစကားက အရမ္းလည္းမရုိင္းသလုိ သူေႏွာင့္ယွက္ေနတယ္ဆိုတာ ကုိလည္း တစ္ျခားသူေတြသိသြားေစမယ့္ေမးခြန္းပါပဲ။

သူတို႔လိုလူမ်ိဳးေတြက ျပန္ျပီးမတံု႔ျပန္ရင္ မတံု႔ျပန္သေလာက္ဆုိးရြားတဲ႔အျပဳအမူေတြ လုပ္တတ္ပါတယ္။ျငိမ္ခံေနရင္ ပုိဆုိးလာဖုိ႔ပဲရွိမွာပါ။ျပန္ျပီးတ႔ုံျပန္ၾကည့္လိုက္ပါ။ သူတို႔ ဒါမ်ိဳးထပ္လုပ္ဖုိ႔ လက္တြန္႔သြားပါလိမ့္မယ္။သူတို႔ရဲ ႔အျပဳအမူကုိျငိမ္ခံေနတဲ႔မိန္းကေလးမရွိဘူး
ဆိုတာသိသြားရင္ အလိုလုိလက္ရွက္သြားပါလိ့မ္မယ္။နည္းလမ္းေတြကုိေသခ်ာမွတ္ထားျပီး အေရးၾကံဳတဲ႔အခါ သံုးဖုိ႔မေမ့ပါနဲ႔။

Unicode

လူကောင်းတွေရှားပါးလာတဲ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေအတွက်လည်းနေထိုင်ရတာ မလွတ်လပ် မလုံခြုံတော့ပါဘူး။ဘယ်ကိုပဲသွားသွားခါးပိုက်နှိုက်ရန်ကိုကြောက်ရတာ တစ်မျိုး၊ဘတ်စ်ကားစီးရင်လည်း မသမာသူတွေကိုရှောင်ရတာကတစ်မျိုးနဲ့ သွားရလာရတာ အဆင်မပြေပါဘူး။အထူးသဖြင့်ဘတ်စ်ကားပေါ်မှာတို့၊လူအရမ်းများနေတဲ့နေရာမျိုးမှာ ကိုယ်ထိလက်ရောက်နှောင့်ယှက်ခံရရင် မိန်းကလေးဘက်က ရှက်တာရော၊ကြောက်တာရော
ရောပြီး ငြိမ်နေတတ်ပါတယ်။တစ်ချို့ပြောရဲဆိုရဲရှိသူတွေကတော့ လူအများသိအောင် ပြောတတ်ကြပါတယ်။ အရင်ကတေ့ာ အဲ့ဒီလိုပြောရဲဆိုရဲရှိကြပေမဲ့ကိုယ့်ကိုနှောင့်ယှက်သူက လက်နက်တစ်စုံတစ်ရာပါလာတဲ့အခါမှာတော့လူကိုအန္တရာယ်ပေးသွားတတ်ပါတယ်။တစ်ချို့ကလည်း အဲ့ဒီလိုနှောင့်ယှက်နေတာသိရင် တစ်ခြားနေရာတိုးထွက်သွားတာတို့၊ရှောင်နေလိုက်တာတို့၊ မသိလိုက်မသိဘာသာနေရာပြောင်းလိုက်တာတို့ လုပ်လေ့ရှိကြပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုကြတဲ့အခါမှာလည်း ကိုယ့်အပေါ်နှောင့်ယှက်တဲ့သူကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့မေးခွန်းကတော်တော်များများမေးလေ့ရှိကြတယ်လို့လေ့လာတွေ့ရှိရပါတယ်။လူများတဲ့နေရာတွေ၊အလုပ်ခွင်လိုနေရာတွေ၊အခြေအနေအမျိုးမျိုးနဲ့
ဖြစ်လာတဲ့ထိပါးနှောင့်ယှက်မှုတွေအတွက်အကောင်းဆုံးတုံ့ပြန်နိုင်တဲ့နည်းလမ်းဆိုတာတော့မရှိသေးပါဘူး။ဒါပေမဲ့အသုံးဝင်မယ့်နည်းလမ်းအချို့တော့ရှိပါတယ်။ကိုယ့်ကိုထိပါးနှောင့်ယှက်လာရင် ဘယ်လိုပြန်ပြီးတုံ့ပြန်ရမလဲဆိုတာ တစ်ချို့တွေကသိကြပေမဲ့ တစ်ချို့ မိန်းကလေးတွေကျ
တော့ မသိကြပါဘူး။ကြောက်လန့်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့်လည်းပါပါတယ်။

အကြံပေးချင်တာကတော့…

၁)စိတ်တည်ငြိမ်အောင်ထားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားပါ။မိန်းကလေးတွေဟာ အဲ့ဒီလိုအခြေအနေနဲ့ကြုံတဲ့အခါ စိတ်တုန်လှုပ်တတ်ပါတယ်။အဲ့ဒီကနေ ကြောက်လန့်တဲ့စိတ်ကို ပြောင်းလဲသွားတတ်တာပါ။တကယ်လို့ အဲ့ဒီအခြေအနေနဲ့ကြုံတဲ့အခါစိတ်ကိုအရင်ဆုံး တည်ငြိမ်အောင် ထားပါ။သင့်မျက်နှာမှာ ကြောက်လန့်တဲ့စိတ်၊စိုးရိမ်နေတဲ့စိတ်တွေမပေါ်စေပဲ ယုံကြည်မှုအပြည့်ရှိပြီး ကိုယ့်ကိုတစ်ခုခုလာလုပ်ရင်ပြန်ပြီးတုံ့ပြန်တတ်တယ် ဆိုတဲ့မျက်နှာ ထားမျိုးဖြစ်အောင် နေပါ။အဲ့ဒါက တစ်ဖက်လူရဲ ့စိတ်အခြေအနေကိုတုန်လှုပ်စေပါတယ်။

၂)မတောင်းပန်ပါနဲ့။ဘာလုပ်တာလဲလို့လည်းမမေးပါနဲ့။သူတို့ကိုတောင်းပန်စရာအကြောင်းမရှိသလို ကြောက်စရာလည်းမလိုပါဘူး။တကယ်လို့အနီးအနားမှာ တစ်ခြားသူတွေလည်းရှိရင် သင့်ကိုနှောင့်ယှက်တဲ့သူဝတ်ဆင်ထားတဲ့အကျီအရောင်ဖြစ်စေ နေရာဖြစ်စေ တိတိကျကျထည့်ပြောပြီး ငါ့ကိုလာမထိနဲ့လို့သာပြတ်ပြတ်သားသားပြောလိုက်ပါ။ဥပမာ အကျီအဝါရောင်နဲ့လူ ငါ့ကိုလာမထိနဲ့လို့ပေါ။ အနားမှာလူတွေရှိနေတဲ့အခါ သင့်ကိုနှော့င်ယှက်နေတဲ့သူ ဆက်ပြီးနှောင့်ယှက်ရဲမှာမဟုတ်တော့ပါဘူး။

၃) Body language သုံးပါ။ဘာကိုဆိုလိုတာလဲဆိုရင် ကိုယ့်ကိုမထိတထိနှောင့်ယှက်နေတဲ့သူကို စူးစိုက်ကြည့်လိုက်ပါ။ရုတ်တရက်မို့လို့သူလည်းကြောင်ပြီး ရှောင်ထွက်ချင်ထွက် သွားပါလိမ့်မယ်။တစ်ချို့ရဲတဲ့သူတွေကတော့ ဂရုမစိုက်ပဲနေပါလိ့မ်မယ်။ဥပမာ ဘတ်စ်ကားလို
လူကြပ်တဲ့နေရာမျိုးမှာဆိုရင် သင်သွားကြည့်လည်း သူက လူကြပ်နေလို့ တိုးလို့မရတော့ဘူး ဆိုတဲ့ဒီဇိုင်းနဲ့ရပ်နေပါလိမ့်မယ်။အဲ့ဒီအခါ မျက်နှာကိုအစွမ်းကုန်တင်းမာပြီးကြည်လင်အားကောင်းတဲ့ အသံနဲ့ ငါ့ကိုလာမထိနဲ့တို့၊ငါ့အနားမှာလာမရပ်နဲ့ ဝေးဝေးမှာသွားရပ်တို့၊ ဒီနားမှာမိန်းကလေးတွေ
ချည်းပဲ တစ်ခြားနေရာမှာသွားရပ်တို့ စသဖြင့်ပြတ်ပြတ်သားသားပြောပါ။စကားမပြောချင်ဘူး၊ သင့်ကိုနှောင့်ယှက်တဲ့သူ ကိုလည်းသိတယ်ဆိုရင်ဖိနပ်ချွန်နဲ့တက်နင်းလိုက်တာ၊ လက်နဲ့တွန်းတိုက်ပစ်လိုက်တာစသဖြင့်လုပ်ပစ်လိုက်ပါ။ဖြစ်နိုင်ရင်တွယ်ချိတ်လေးတွေဆောင်ထားဖို့အကြံပေးချင်ပါတယ်။

၄)ရှောင်ထွက်ဖို့ကြိုးစားပါ။သင်ရပ်နေတဲ့နေရာကနေတစ်ခြားနေရာကိုပြောင်းဖို့အခြေအနေပေးတယ် ဆိုရင် နေရာပြောင်းလိုက်ပါ။ဒါကတော်ရုံပြန်မတုံ့ပြန်ချင်တဲ့သူတွေ ၊အေးအေးဆေးဆေး နေတတ် သူတွေအတွက်အဆင်ပြေဆုံးပါ။သင့်ကိုနှောင့်ယှက်တဲ့သူနဲ့ဝေးရာကို
ရှောင်လို့မရရင်တော့ အပေါ်ကအချက်တွေအတိုင်းလုပ်ပါ။

၅)Socratic question တစ်ချို့မေးလိုက်ပါ။Socratic question ဆိုတာက စည်းကမ်းဥပဒေပုံစံနဲ့မေးတာမျိုးပါ။ဥပမာ-သင့်ကိုနှောင့်ယှက်သူက သ့င်ရဲ ့ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုခုပေါ် လက်ရောက်တာမျိုး၊လက်တင်ထားတာမျိုးလုပ်ခဲ့ရင် ” အိုး
စိတ်ဝင်စားစရာပါပဲ။င့ါခန္ဓာကိုယ်ပေါ် မင်းလက်တင်လို့ရတယ်၊လက်ရောက်လို့ရတယ်လို့ ဘာလို့ထင်ရတာလဲ၊အဲ့ဒါလေး တစ်ချက်လောက်ရှင်းပြပါလား ဆိုပြီး လူအများကြားလောက်တဲ့အသံနဲ့မေးလိုက်ပါ။တစ်ခြားသူတွေကြားတဲ့အခါမှာ စူးစမ်းပြီးလှည့်ကြည့်မှာမို့လို့သင့်အနားကနေထွက်သွားတာမျိုး၊တစ်ဖက်ကိုလှည့်လိုက်တာမျိုးလုပ်လိုက်ပါလိမ့်မယ်။ဒီစကားက အရမ်းလည်းမရိုင်းသလို သူနှောင့်ယှက်နေတယ်ဆိုတာ ကိုလည်း တစ်ခြားသူတွေသိသွားစေမယ့်မေးခွန်းပါပဲ။

သူတို့လိုလူမျိုးတွေက ပြန်ပြီးမတုံ့ပြန်ရင် မတုံ့ပြန်သလောက်ဆိုးရွားတဲ့အပြုအမူတွေ လုပ်တတ်ပါတယ်။ငြိမ်ခံနေရင် ပိုဆိုးလာဖို့ပဲရှိမှာပါ။ပြန်ပြီးတု့ံပြန်ကြည့်လိုက်ပါ။ သူတို့ ဒါမျိုးထပ်လုပ်ဖို့ လက်တွန့်သွားပါလိမ့်မယ်။သူတို့ရဲ ့အပြုအမူကိုငြိမ်ခံနေတဲ့မိန်းကလေးမရှိဘူး
ဆိုတာသိသွားရင် အလိုလိုလက်ရှက်သွားပါလိ့မ်မယ်။နည်းလမ်းတွေကိုသေချာမှတ်ထားပြီး အရေးကြုံတဲ့အခါ သုံးဖို့မမေ့ပါနဲ့။

273 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.